Subscribe Us

header ads

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဖြင့် ဆန့်ကျင်ရန် တရုတ်ပြင်ဆင်


တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ချစ်ပ်တင်ပို့မှုကိုပိတ်ဆို့ထားမှုကို ဆန့်ကျင်ဖို့ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာ လုပ်ထုံးလုပ်နည်းအသစ်တစ်ခုကို အစပျိုးနေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီလိုပိတ်ဆို့အရေးယူတာဟာ ကမ္ဘာ့စက်မှုလုပ်ငန်းထောက်ပံ့ရေးကွင်းဆက်တွေရဲ့ တည်ငြိမ်မှုကိုချိန်းခြောက်လျက်ရှိကြောင်း အခိုင်အမာဆိုပါတယ်။ သို့ပေသော်ငြားအမေရိကန်ပြည်ထောင်စုကတော့ ဒီလိုဆုံးဖြတ်ချက်တွေဟာ အမျိုးသားလုံခြုံရေးအတွက်ဖြစ်တယ်လို့အကြောင်းပြထားပါတယ်။

"တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မူဘောင်အတွင်းကနေပြီး မိမိတို့ရဲ့စိုးရိမ်မှုနဲ့ မိမိတို့ရဲ့ တရားဝင်အကျိုးစီးပွားကိုကာကွယ်ဖို့ရာ လိုအပ်တဲ့နည်းလမ်းနဲ့ ‌အရေးယူဆောင်ရွက်မယ်" လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကြေညာချက်ကို ရိုက်တာကဖော်ပြထားပါတယ်။

တိုင်ပင်ဖို့တောင်းဆိုတာဟာ WTO မှာ ရှည်လျားလှတဲ့လုပ်ငန်းစဉ်ရဲ့ ပထမအဆင့်သာဖြစ်ပါတယ် ဒါကြောင့် ဘယ်လိုဆုံးဖြတ်ချက်မျိုးမှ ရုတ်တရက်ဖြစ်လာဖို့မျှော်လင့်ထားလို့မရပါဘူး။

အောက်တိုဘာလမှာ အမေရိကန်ဟာ တရုတ်ရဲ့ ချပ်စ်ထုတ်လုပ်ရေးနဲ့ စူပါကွန်ပြူတာပိုင်းဆိုင်ရာတွေကို ပိတ်ဆို့မှု‌‌တွေအများအပြားချမှတ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အနေနဲ့ ချစ်ပ်လုပ်ငန်းအားလုံးထိခိုက်နေရတာကြောင့် ချမှတ်ခံထားရတဲ့ ဘယ်အရေးယူပိတ်ဆို့မှုကို ဆန့်ကျင်လိုတယ်ဆိုတာကိုတော့ ရှင်းလင်းတာမျိုးမရှိပါဘူး။

တရုတ်နိုင်ငံအနေနဲ့ ချစ်ပ်ထုတ်လုပ်‌ရေးလုပ်ငန်းမှာ ဒေါ်လာ ၁၄၃ဘီလီယံလောက် ထည့်ဝင်ပြီး ကျော်လွှားဖို့ရာပြင်ဆင်နေပေမယ့် ဂျပန်၊ နယ်သာလန်နဲ့ အမေရိကန်တို့ရဲ့ ချစ်ပ်ထုတ်လုပ်ရေးစက်ကိရိယာတွေကိုလိုက်မှီဖို့ရာ နှစ်ပေါင်းများစွာအချိန်ယူရဦးမှာပါ။

ဒ့ါအပြင် အမေရိကန်နည်းပညာကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့ တရုတ်ချစ်ပ် အထူးသဖြင့် 41600 cubic feet (1178 cubic meters) အတွင်းမှာ စွမ်းဆောင်ရည် 100 FP64 PetaFLOPS သို့ 200 FP32 PetaFLOPS ရှိတဲ့ချစ်ပ်အသစ်တွေ ဖန်တီးနိုင်တဲ့စက်‌ တွေ မရောင်းချဖို့လည်းတားမြစ်ထားပါတယ်။

တရုတ်အနေနဲ့ ပိတ်ဆို့အရေးယူမှုအားလုံးကိုဖယ်ရှားပေးဖို့တောင်းဆိုဖွယ်ရှိနေပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေရုတ်သိမ်းဖို့ WTO ကတဆင့်က အောင်အောင်မြင်မြင်ဆွဲဆောင်သွားနိုင်မှာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Source: Tom's Hardware

#EnThueTech
#News
#Semiconductors

Post a Comment

0 Comments