Subscribe Us

header ads

ချစ်ပ်ထုတ်လုပ်ရေးနယ်ပယ်သို့ ဝင်ရောက်လာမည့် Tata

Natarajan Chandrasekaran (Image: Nikkei montage/Getty Images/Mayumi Tsumita)

အိန္ဒိယနိုင်ငံက (Tata)တာတာကုမ္ပဏီဟာ နှစ်အနည်းငယ်အတွင်း ဆီမီးကွန်ဒတ်တာတွေထုတ်လုပ်တော့မယ်လို့ ကြေညာလိုက်ပြီး တောင်အာရှနိုင်ငံအနေနဲ့ကမ္ဘာ့ချစ်ပ်ထောက်ပံ့ရေးကွင်းဆက်ထဲပါဝင်လာဖို့ ဆောင်ရွက်မယ်လို့ဆိုပါတယ်။

ကြာသပတေးနေ့က Nikkei Asia နဲ့ အင်တာဗျူးမှာ Tata ရဲ့ Chairman ဖြစ်သူ Natarajan Chandrasekaran က EV လိုထွန်းသစ်စစီးပွားရေးနယ်ပယ်ထဲဝင်ရောက်မယ့်အကြောင်းပြောဆိုခဲ့ပါတယ်။

Chandrasekaran က သူတို့ကုမ္ပဏီအုပ်စုကို အနာဂတ်အတွက်အဆင်သင့်ဖြစ်စေမယ့် ဗျူဟာကိုမြှင့်တင်နေပြီး လက်ရှိ ကုမ္ပဏီအဖွဲ့အစည်းတွေကို သံမဏိမှ လက်နက်အထိ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနဲ့ ရာသီဥတုပြောင်းလဲမှုလိုစိန်ခေါ်မှုအသစ်တွေအတွက် လိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်နေကြောင်းဆိုပါတယ်။

မိမိတို့အနေနဲ့ Tata Electronic ကို ၂၀၂၀ခုနှစ်လောက်မှာ စတင်တည်ထောင်ထားပြီး ဆီမီးကွန်ဒတ်တာတွေထုတ်လုပ်ဖို့ စမ်းသပ်နေပြီဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ကုမ္ပဏီတွေအများကြီးနဲ့ ဆွေးနွေးနေတယ်လို့ Tata Chairman ကဆိုပြီး လက်ရှိ အမည်ရ‌နေတဲ့ဆီးမီးကွန်ဒတ်တာကုမ္ပဏီတွေဖြစ်နိုင်ချေများပါတယ် ဒါပေမယ့် ဆီမီးကွန်ဒတ်တာထုတ်လုပ်မှုဟာ Tata အတွက်နယ်ပယ်အသစ်မို့ အခက်အခဲတွေအများကြီးရှိနိုင်ပါတယ်။

ကုမ္ပဏီအုပ်စုကြီးတစ်ခုလုံးကိုကြည့်မယ်ဆိုရင် အုပ်စုကြီး၃မျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ပထမတစ်ခုက အဓိကလုပ်ငန်းတွေအားကောင်းဖို့၊ ဒုတိယတစ်ခုက တည်တံ့မှုရှိတဲ့အနာဂတ်ရဲ့စွမ်းအင်ကိုကူးပြောင်းဖို့နဲ့ တတိယတစ်ခုကတော့ ထောက်ပံ့ရေးကွင်းဆက်တွေမှာ ခံနိုင်ရည်ရှိဖို့ကူးပြောင်းတွေဖြစ်တယ်လို့ဆိုပါတယ်။

ဒီအတွက် တာတာဟာ နောင်၅နှစ်အတွင်း ဒေါ်လာ ဘီလီယံ၉၀လောက်ရင်းနှီးမြုပ်နှံသွားမယ်လို့ chairman ကဆိုပါတယ်။ Semiconductor အပြင် ကုမ္ပဏီဟာ လျှပ်စစ်ကားတွေနဲ့ ဘက်ထရီလုပ်ငန်းတွေ၊ ပြန်လည်ပြည်ဖြိုးမြဲစွမ်းထုတ်လုပ်မှုနဲ့ ဈေးဝယ်ခြင်းမှအစ ဘဏ္ဍာရေးကိုပါစီမံခန့်ခွဲနိုင်တဲ့ စူပါအက်ပ်တွေဖန်တီးမှုအထိ လုပ်ငန်းအသစ်တွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ချစ်ပ်ထုတ်လုပ်‌ရေးလုပ်ငန်းကိုဆောင်ရွက်ခြင်းဟာ ပြည်ပကကြီးကြီးမားမားမှာယူတင်သွင်း‌နေရတဲ့ ဆီမီးကွန်ဒတ်တာ‌တွေအပေါ်မှီခိုနေရတဲ့ တာတာရဲ့ အိုင်တီနဲ့မော်တော်ယာဉ်လုပ်ငန်းကို အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ တည်တံ့တဲ့ထောက်ပံ့ရေးကွင်းဆက်ရရှိဖို့ဆိုတာ အခုအခါစိန်ခေါ်မှုတစ်ရပ်ဖြစ်လာတာကြောင့်ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာချစ်ပ်ပြတ်လပ်မှုကြောင့် အိန္ဒိယရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုနဲ့‌ ရောင်းချမှုလုပ်ငန်း၂ခုလုံးဟာ မနှစ်ကကျဆင်းခဲ့ရပါတယ်။

တာတာအနေနဲ့ လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ ဦးတည်လာတာဟာ ပုံမှန်ရုပ်ကြွင်းလောင်စာသုံးယာဉ်တွေထက် ဆီမီးကွန်ဒတ်တာလိုအပ်မှုများပြားလာပါတယ်။ တာတာရဲ့
ရုပ်ကြွင်းလောင်စာသုံးမော်တော်ယာဉ်ဈေးကွက်ဟာ မနှစ်က ၂၀%အောက်သာရှိခဲ့ပေမယ့် လျှပ်စစ်ကားရောင်းချမှုကတော့ ၉၀%ရှိခဲ့ပါတယ်။

၂၀၂၇မှာ လျှပ်စစ်ကားတွေဟာ ပုံမှန်ကားတွေ ရောင်းအားထက်ကိုကျော်လွန်လာပြီး တာတာရဲ့၂၀၃၀ခုနှစ်ခန့်မှန်းထားတာထက် ပိုစောမယ်လို့ ယူဆကြောင်း Chandrasekaran ကဆိုပါတယ်။

ချစ်ပ်စက်ရုံတွေပိုင်ဆိုင်ထားတဲ့ အမေရိကန်၊ ထိုင်ဝမ်၊ တောင်ကိုးရီးယားတို့ဟာ တာတာရဲ့ တွဲဘက်ကုမ္ပဏီတွေဖြစ်လာဖွယ်ရှိပြီး တာတာအနေနဲ့ Renesas Electronics နဲ့ ချစ်ပ်တွေ ဒီဇိုင်းပြုကာပူးပေါင်းထုတ်လုပ်သွားဖို့ ဇွန်လက သဘောတူညီမှုရခဲ့ပါတယ်။

Source: Deutsche Welle and Nikkei Asia

#News
#Regional
#Semiconductors

Post a Comment

0 Comments