Subscribe Us

header ads

DirectX 9 စွမ်းဆောင်ရည်တိုးတက်လာသည့် ARC Alchemist GPU များ


Intel ရဲ့ ARC Alchemist graphics architecture ဟာ မူလကတည်းက ခေတ်ရှေ့ပြေးတဲ့ architecture တစ်ခုဖြစ်ပြီး DirectX 12 Ultimate လို နောက်ဆုံးပေါ်နည်းပညာအထောက်အပံ့တွေပါဝင်ပါတယ် သို့ပေသော်ငြား လွန်ခဲ့တဲ့အနှစ် ၂၀လောက်ကထွက်ရှိခဲ့တဲ့ DirectX 9 လိုနည်းပညာအဟောင်းတွေအတွက် emulation layer ကိုအသုံးပြုကာ DirectX 12 အဖြစ် ကစားလို့ရအောင်ဖန်တီးပေးထားပါတယ်။ ဒါဟာ Intel အတွက်ပြဿနာတစ်ခုဖြစ်ပြီး လက်ရှိနာမည်ကျော် e-sport ဂိမ်းအများအပြားဟာ DirectX 9 ကိုအသုံးပြုနေကြတာမို့ Intel အနေနဲ့ driver အသစ်တွေထုတ်‌ပြီးတိုးတက်ကောင်းမွန်လာအောင်ကြိုးပမ်းနေရပါတယ်။
Image: Intel Blog

Image: Intel Blog

Image: Intel Blog

Image: Intel Blog

Intel ရဲ့ emulation layerက အလုပ်ဖြစ်တယ်ဆိုပေမယ့် ဂိမ်းတစ်ခုခြင်းစီအလိုက် optimization လုပ်ပေးဖို့လိုနေပြန်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ 101.3959 Beta driver မှာဆိုရင် နာမည်ကျော် DirectX 9 ဂိမ်းတွေဖြစ်တဲ့ League of Legends၊ CSGO၊ StarCraft 2၊ Payday 2၊ Guild Wars 2၊ Stellaris၊ Nizhanနဲ့ Moonlight Blade တို့ကို optimized လုပ်ပေးလာပါတယ်။ Intel ဟာ လူဆော့အများဆုံးနာမည်ကျော်ဂိမ်းတွေကို optimization လုပ်ပေးတာ အတော်လေးပါးနပ်တယ်လို့ဆိုနိုင်ပါတယ်။



Source: Techpowerup

#EnThueTech
#News
#GPU

Post a Comment

0 Comments