![]() |
Source: Techpowerup |
Samsung ဟာ သူတို့ရဲ့ မျိုးဆက်သစ် GDDR7 memory ဟာ လက်ရှိ GDDR6 တွေထက် ၂၅% စွမ်းအင်သုံးစွဲမှုပိုမိုထိရောက်ကြောင်း အသစ်ထွက်ရှိမယ့် memory နည်းပညာအကြောင်းပြသတဲ့ presentation တစ်ခုမှာ အတည်ပြုလိုက်ပါတယ်။ ဒီလိုပိုမိုထိရောက်လာရတဲ့ အကြောင်းရင်းက ဒီ memory အမျိုးအစားမှာ PAM-3(Pulse-Amplitude Modulation) အချက်ပြစနစ်ကိုသုံးထားတဲ့အတွက် လက်ရှိ NRZ(Non-Return to Zero) ထက် ပိုမိုကောင်းမွန်လာတာလို့ Samsung ကဆိုပါတယ်။
Samsung အနေနဲ့ GDDR7 ဟာ bandwidth ကိုအမြင့်ဆုံး 36Gbps အထိအထောက်အပံ့ပေးမှာဖြစ်ပြီး လက်ရှိ 18Gbps ချစ်ပ်တွေသုံးထားတဲ့ Radeon 6000 GPU တွေထက် ၂ဆလောက်ပိုမြန်ပါတယ်။ မကြာခင်ဖြန့်ချီတော့မည့် Radeon 7000 series တွေမှာတော့ 20Gbps GDDR6 ကိုသုံးထားတယ်ဆိုပေမယ့် RTX 30/40 GPU တွေအတွက် Micron နဲ့ NVIDIA တို့ဖန်တီးထားတဲ့ GDDR6X ထက်တော့ ပိုနှေးနေပါသေးတယ်။ ဒီနည်းပညာမှာ PAM4 signaling နည်းလမ်းကိုသုံးထားပြီး 23Gbps အထိမြန်နှုန်းရှိပါတယ်။GDDR7 ကိုသုံးထားတဲ့ graphics card ဟာ 256-bit memory bus မှာ 1152 GB/s အထိရနိုင်ပြီး 384-bit memory bus နဲ့ဆိုရင် 1728 GB/s အထိရနိုင်ပါတယ်။ GDDR7 memory နည်းပညာကို လောလောဆယ်တွေ့မြင်ရဦးမှာမဟုတ်သလို Samsung အနေနဲ့လည်း ဘယ်အချိန်မှာ စံနှုန်းသတ်မှတ်ချက်တွေထားလာမလဲဆိုတာ တိတိပပမပြောသေးပါဘူး။
Source: Videocardz and Techpowerup
#EnThueTech
#News
#Memory
0 Comments