![]() |
Image: HKEPC |
အချို့သောမှောင်ခိုသမားတွေဟာ မူးယစ်ဆေးဝါးများနှင့် အခြားရှားပါးတိရိစ္ဆာန်များကို ခိုးထုတ်လေ့ရှိပေမယ့် တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ပရိုဆက်ဆာတွေခိုးသယ်ဖို့ သဘောတူခဲ့ပါတယ်။ Mydrivers ရဲ့အစီရင်ခံချက်အရ တရုတ်အကောက်ခွန်အာဏာပိုင်တွေဟာ Intel ပရိုဆက်ဆာ ၂၀၂ခုနဲ့ iPhone ၉လုံးကို သူမရဲ့ ဝမ်းဗိုက်အတုမှာထည့်သွင်းလာတဲ့ အမျိုးသမီးတစ်ဦးကို ထိန်းသိမ်းခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ Zhuhai ရှိ Gongbei ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအသွင်နဲ့ မကာအိုကနေ တရုတ်ပြည်မကြီးကို ပြန်လာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ အဆိုပါအမျိုးသမီးဟာ သူမမှာကိုယ်ဝန်ငါးလရှိပြီလို့ အခိုင်အမာဆိုပါတယ်။ ဒါပေမယ့် သူမရဲ့ကိုယ်ဝန်ဆောင်လထက် သူမရဲ့ဗိုက်ကပိုကြီးနေသလို ပေါ့ပေါ့ပါးပါးလမ်းလျှောက်နေခဲ့တဲ့အတွက် အကောက်ခွန်အရာရှိတွေက အသေချာစစ်ဆေးပြီးနောက်မှာ သူမဟာ ဆီလီကွန်ဝမ်းဗိုက်အတုနဲ့တိပ်ကိုသုံးကာ မှောင်ခိုပစ္စည်းတွေကို ဖုံးကွယ်ဖို့အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမအနေနဲ့ X-ray စက် သို့မဟုတ် သတ္တုရှာဖွေရေးစက်ကို ကျော်ဖြတ်နိုင်ဖို့မရှိတာကြောင့် လွတ်စရာမရှိပါဘူး။![]() |
Image: HKEPC |
အာဏာပိုင်တွေအနေနဲ့ Intel CPU ၂၀၂ခုကိုရရှိခဲ့ပြီး ပုံအရ Alder CPU ဖြစ်ကြောင်းမြင်နိုင်သလို iPhone ၉လုံးလည်းပါဝင်ပါသေးတယ်။ ဒီလိုမှောင်ခိုသွင်းဖို့ကြိုးပမ်းတာကိုမြင်ရတာပထမဆုံးအကြိမ်မဟုတ်ပဲ မတ်လတုန်းကလည်း Intel CPU ၁၆၀လောက်ကို ကိုယ်မှာတိပ်နဲ့ပတ်ထားသူတစ်ယောက်ကိုဖမ်းမိခဲ့သလို မနှစ်ကလည်း graphics card ၃၀၀ကျော်လောက်ကို ငါးဖမ်းလှေနဲ့တရုတ်ပြည်မကြီးကိုခိုးသွင်းဖို့ကြိုးပမ်းသူတွေကိုလည်း တရုတ်အကောက်ခွန်ကဖမ်းဆီးခဲ့ပါတယ်။
ရယ်စရာကောင်းတာက ဖမ်းမိတဲ့သတင်းတိုင်းမှာ Intel processor တွေသာဖြစ်နေတာကိုတွေ့ရှိရပြီး AMD ချစ်ပ်တွေကိုမတွေ့ရသလောက်ပါပဲ။ ဒါပေမယ့် Intel ရဲ့ ဈေးကွက်ဝေစုနဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေ ကြောင့် မှောင်ခိုသယ်မယ့်သူတွေကိုဆွဲဆောင်နေတာတော့အမှန်ပဲဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#Regional
0 Comments