Subscribe Us

header ads

PC နှင့် တက်ဘလက်ဈေကွက်ဆက်လက်ကျဆင်းဖွယ်ရှိဟု IDC ခန့်မှန်း

Image: Microsoft

International Data Corporation (IDC) ရဲ့ ခန့်မှန်းချက်အသစ်အရ PC တွေနဲ့ တက်ဘလက်တွေရဲ့ရောင်းအားဟာထပ်မံကျဆင်းဖွယ်ရှိတယ်လို့ဆိုထားပါတယ်။ ကမ္ဘာတစ်ဝှမ်း PC တွေနဲ့ တက်ဘလက်တွေရဲ့ရောင်းအားဟာ ၂၀၂၂ခုနှစ်မှာ ၁၁%ကျဆင်းကာ အရေအတွက် ၄၅၆.၈သန်းလောက်လျော့နည်းသွားခဲ့ပါတယ်ပြီး ၂၀၂၃မှာလည်း ဆက်လက်ကျဆင်းမယ်လို့‌ခန့်မှန်းထားပါတယ်။ IDC ရဲ့ စောင့်ကြည့်မှုအရ ၂၀၂၃ခုနှစ်မှာ ပုံမှန်ကွန်ပျူတာတွေရဲ့တင်ပို့မှုဟာ ၅.၆% (၂၈၁သန်း)နဲ့ တက်ဘလက်တွေဟာဆိုရင် ၆.၇% (၁၄၈သန်း) အထိကျဆင်းမယ်လို့ခန့်မှန်းထားပါတယ်။

ရောင်းအားသိသိသာသာကျဆင်းနေပေမယ့် တင်ပို့မှုဟာ ယခင်ကပ်ရောဂါကာလမတိုင်ခင်ထက်များပြားတယ်လို့ဆိုနိုင်ပါတယ်။ PC ဈေးကွက်ဟာ တက်ဘလက်တွေထက် Compound Annual Growth Rate(CAGR) မှာ ၁% ပိုမိုသာလွန်မယ်လို့ခန့်မှန်းရပြီး တက်ဘလက်တွေကတော့ CAGR မှာ -၁.၇%လျော့နည်းမယ်လို့ခန့်မှန်းထားပါတယ်။

Image: IDC

Image: IDC

OEM တွေ အရောင်းသမားတွေလက်ထဲ ကုန်ပစ္စည်းတွေစုပုံနေခြင်းဟာ ဈေးချမှုအများအပြားလုပ်ဆောင်နေရသလို မက်ခရိုစီးပွားရေးကျဆင်းလာတာကလည်း ပရီမီယံပစ္စည်းတွေအစား အလယ်အလတ်တန်းစားပစ္စည်းတွေဘက်ကိုဦးလှည့်လာစေပါတယ်။

မက်လရိုစီးပွားရေးကျဆင်းနေတာကလက်ရှိမှာ ကဏ္ဍတိုင်းကိုထိခိုက်စေပါတယ် ဒါပေမယ့် စားသုံးသူတွေကတော့ အဆိုးဆုံးခံစားရပါတယ်။ IDC အနေနဲ့ စားသုံးသူ၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေဟာလည်း ကျဆင်းမှာဖြစ်ကြောင်းဟောကိန်းထုတ်ထားပေမယ့် ၂၀၂၄ခုနှစ်လောက်မှာဆိုရင်တော့ PC ဈေးကွက်ပြန်လည်ဦးမော့လာမယ်လို့မျှော်မှန်းထားပါတယ်။

Source: Techpowerup

#EnThueTech
#News


Related Post

Post a Comment

0 Comments