Subscribe Us

header ads

Kanye West မှ Parler ကိုဝယ်ယူတော့မည်မဟုတ်


Paler ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Parlement Technologies ဟာ အောက်တိုဘာလတုန်းက အဆိုတော် Kanye West အနေနဲ့ လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့ ပလက်ဖောင်းဖြစ်တဲ့ Paler ကိုဝယ်ယူမယ့်အကြောင်းကြေညာခဲ့ပါတယ်။ ဝယ်ယူမှုဟာ ၂၀၂၂ခုနှစ်ကုန်မှာ အပြီးသတ်သဘောတူညီမှုရဖို့ မျှော်လင့်ခဲ့ပေမယ့် အခုအခါဝယ်ယူမယ့်ကိစ္စပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။

Parlement Technologies အနေနဲ့ ဝယ်ယူမယ့်ကိစ္စပျက်ပြယ်တဲ့အကြောင်း အတည်ပြုပေးခဲ့ပြီး ၂ဘက်စလုံးက ဒီလိုဆုံးဖြတ်ဖို့သဘောတူညီခဲ့တာလို့ဆိုပါတယ်။

Elon Musk အနေနဲ့ Twitter မှာကန့်သတ်မှုတွေဖြေလျော့ပေးလာခဲ့ရာမှာ Parler ရဲ့သုံးစွဲသူတွေထပ်မံလျော့ကျသွားခဲ့ပြန်ပါတယ်။ ဥရောပသမဂ္ဂက Elon Musk အနေနဲ့ အားလုံးအတွက်လွတ်လပ်စွာပြောဆိုခွင့်ပြုလိုက်မယ်ဆိုရင် ရုရှားရဲ့ဝါဒဖြန့်မှုတွေအားကောင်းလာပြီး သမ္မတဗလာဒီမာပူတင်အတွက် အကူအညီဖြစ်လာဖို့ရှိနေကြောင်းသတိပေးထားပါတယ်။

Source: TechSpot

#EnThueTech
#News

Post a Comment

0 Comments