Subscribe Us

header ads

လေယာဉ်ပေါ်မှာ 5G ကွန်ယက်သုံးနိုင်ဖို့ မီးစိမ်းပြလိုက်တဲ့ ဥရောပသမဂ္ဂ

Image: Getty Images/Joel Guay/Shodanphotos

ဥရောပ‌ကော်မရှင်ဟာ စည်းမျဉ်းတွေကိုဖြေလျော့ပေးဖို့ဆုံးဖြတ်ပြီးနောက် ယခုအခါဥရောပသမဂ္ငနိုင်ငံတွေရဲ့ လေယာဉ်တွေမှာ 5G ဝန်ဆောင်မှုကိုအပြည့်အဝပေးဖို့ ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။

မွန်းမံထားတဲ့ဆုံးဖြုတ်ချက်တစ်ခုမှာ ဥရောပကော်မရှင် လေယာဉ်ပျံသန်းချိန်မှာအသုံးပြုနိုင်တဲ့ 5G နည်းပညာအတွက် သီးခြားလှိုင်းနှုန်းကိုသတ်မှတ်ပေးခဲ့ပါတယ်။

"5G ဟာ လူတွေအတွက်ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေနဲ့ ဥရောပကုမ္ပဏီတွေအတွက် ကြီးမားတဲ့အခွင့်အလမ်းတွေရရှိစေနိုင်ပါတယ်"။ "မိုးကောင်းကင်ဟာ အလွန်မြန်ဆန်၊ စွမ်းရည်မြင့်ချိတ်ဆက်မှုအတွက် အတားအဆီးတစ်ခုမဟုတ်တော့ပါဘူး" လို့ လို့ ဒေသတွင်းဈေးကွက်အတွက် အီးယူကော်မရှင်နာဖြစ်သူ Thierry Breton ကထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။

5G ကိုဝန်ဆောင်မှုပေးနိုင်ဖို့ လေယာဉ်တစ်စီးခြင်းစီမှာ pico-cell ဆိုတဲ့ စက်ကိုအဆင့်မြှင်တင်တပ်ဆင်အသုံးပြုဖို့လိုပါတယ် သို့ပေသော်ငြား အချို့ လေကြောင်းလိုင်းတွေအနေနဲ့ လိုအပ်တဲ့ပစ္စည်းအချို့ကိုတပ်ဆင်ထားပြီးဖြစ်နိုင်ပါတယ်။ လုပ်ငန်းလည်ပတ်ပြီဆိုတာနဲ့ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနဲ့ ဒေတာအသုံးပြုတာတွေအားလုံးဟာ 5G ကွန်ယက်ကနေလုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။

ဥရောပကော်မရှင်ဟာ ၁၄နှစ်တာကာလလောက် လေယာဉ်တွေအတွက် မိုဘိုင်းလ်ဆက်သွယ်မှုလုပ်ဆောင်ဖို့ အချို့ကွန်ယက်ကြိမ်နှုန်းတွေကို သီးခြားခွဲထုတ်ထားခဲ့ပြီး အီးယူဒေသမှာပျံသန်းစီးနင်းတဲ့ခရီးသည်တွေအတွက် စာတိုပို့၊ ဖုန်းခေါ်ဆိုမှုနဲ့ ဒေတာအသုံးပြုဖို့အတွက်လေကြောင်းလိုင်း‌တွေကို ခွင့်ပြုထားခဲ့ပါတယ်။ ဒီအချိန်နဲ့မရှေးမနှောင်းမှာပဲ Starlink ဟာလည်း လေယာဉ်မှာ WiFi အင်တာနက်ဝန်ဆောင်မှုပေးဖို့ လေကြောင်းလိုင်းတွေနဲ့ ကြိုးပ‌မ်းနေချိန်ဖြစ်ပါတယ်။

Source: PCMag

#EnThueTech
#News
#Aviation
#Internet

Post a Comment

0 Comments