![]() |
Image: Sony Computer Interactive Entertainment |
နာမည်ကျော်ကားမောင်းဂိမ်းတစ်ခုဖြစ်တဲ့ Grand Turismo 7 ဟာ မတ်လမှာ PlayStation 5 နဲ့ PlayStation 4 တို့အတွက်ထွက်ရှိလာခဲ့ပြီး ဂိမ်းကိုရေးဆွဲတဲ့ Polyphony Digital ဟာ PC ဘက်အတွက်ပါထုတ်ပေးဖို့စဉ်းစားနေလို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဆိုနီဟာ သူတို့ရဲ့ PlayStation exclusive ဂိမ်းတွေကို PC အတွက်ထုတ်ပေးလာခဲ့ပြီး PlayStation ပြင်ပမှာလည်းဂိမ်း တွေကိုရောင်းချပြီးအမြတ်ငွေတွေတိုးပွားလာဖို့ရည်မှန်းနေပါတယ်။ မကြာသေးခင်ကဆို God of War၊ Uncharted: Legacy of Thieves Collection နဲ့ Spider-Man: Miles Morales တို့ကို PC အတွက်ဖြန့်ချီပေးခဲ့ပါတယ်။Polyphony Digital ရဲ့ CEO ဖြစ်သူ Kazunori Yamauchi ဟာ ၎င်းတို့စတူဒီယိုအနေနဲ့ Grand Turismo 7 ရဲ့ PC version ကိုစဉ်းစားနေကြောင်းဆိုခဲ့ပါတယ် သို့ပေသော်ငြား PC version ဖန်တီးဖို့ဆိုတာလွယ်ကူတဲ့လုပ်ငန်းစဉ်တစ်ခုတော့မဟုတ်ပါဘူး။
![]() |
Image: Sony Computer Interactive Entertainment |
First Party ဂိမ်းအများစုလိုပဲ Grand Turismo 7 ဟာ အတော်လေးကောင်းမွန်တာကြောင့် ပလက်ဖောင်းအသစ်အတွက်ထုတ်ပေးဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ အရမ်းသေသပ်တဲ့ PlayStation ဂိမ်းကို PC ဂိမ်းတစ်ခုပြောင်းလဲဖို့ဆိုတာ အားထုတ်မှုအများကြီးလိုအပ်ပါတယ်။ ဒီအတွက် ဆိုနီဟာ PlayStation ကနေ PC ပြောင်းလဲခြင်းတွေကိုပိုမိုလွယ်ကူစေဖို့ အရည်အသွေးမြင့် PC ဂိမ်းတွေဖန်တီးနေတဲ့ Nixxes Software ကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဆိုနီအနေနဲ့ သူတို့ရဲ့ PlayStation IP ကို ပိုမိုကျယ်ပြန့်တဲ့လူထုနဲ့ထိတွေ့ပေးနိုင်ဖို့မျှော်လင့်နေတဲ့အတွက် Grand Turismo လိုဂိမ်းမျိုးကို PC အတွက်ထွက်ရှိလာဖို့ဆိုတာအတော်လေးဖြစ်နိုင်ချေရှိပါတယ်။ သို့ပင်သသော်ငြား မေးစရာဖြစ်လာတာက Grand Turismo 7 ကို PC အတွက်ထုတ်ပေးမလား ဒါမှမဟုတ် Grand Turismo 8 ကျမှ PlayStation 5 နဲ့ PC ၂မျိုးလုံးအတွက်စဉ်းစားမလားဆိုတာပါပဲ။
Source: OC3D
https://t.me/EnThueTech
#EnThueTech
#News
#Gaming
0 Comments