Subscribe Us

header ads

ပြီးခဲ့သည့်အောက်တိုဘာလတွင် ထိပ်တန်း notebook အမှတ်တံဆိပ် ၅ခုတို့ ရောင်းအားကျဆင်းခဲ့

Image: DIGITIMES Asia

ကမ္ဘာထိပ်တန်း notebook အမှတ်တံဆိပ် ၅ခု(Apple မပါဝင်) တို့ဟာ လွန်ခဲ့တဲ့ ၁လကထက်ရောင်းအား ၁၃% ကျဆင်းသွားပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ပညာရေးကဏ္ဍဘက်က အမှာစာတွေလျော့ကျခဲ့တာ‌ ကြောင့် အောက်တိုဘာလမှာ လွန်ခဲ့တဲ့နှစ်ကထက်ရောင်းအား ၄၀% ကျဆင်းသွားခဲ့ပါတယ်။

အောက်တိုဘာလမှာ Lenovo ဟာ HP ထက်နှာတဖျားအသာနဲ့ ကမ္ဘာ့အကြီးဆုံး notebook အမှတ်တံဆိပ်ဖြစ်လာခဲ့ပြီး ထိပ်တန်းကုမ္ပဏီ၅ခုမှာ Dell အနေနဲ့ စက်တင်ဘာလကဝယ်လိုအားလျော့နည်မှုကြောင့် ရောင်းအားတက်လာတဲ့တစ်ခုတည်းသောကုမ္ပဏီဖြစ်လာပါတယ်လို့ Notebook Tracker ရဲ့ အစီရင်ခံစာကနေသိရပါတယ်။

ထိုင်ဝမ်အခြေစိုက် Acer နဲ့ Asustek Computer တို့ဟာ ဝယ်လိုအားလျော့နည်းမှုကြောင့် အောက်တိုဘာလမှာရောင်းအား ၂၀% ကျဆင်းသွားခဲ့ရပါတယ်။

ထိပ်တန်း ကုမ္ပဏီ၃ခုပေါင်းရဲ့ တင်ပို့ရောင်းချမှုဟာ အောက်တိုဘာလမှာ ၁၃% ကျဆင်းသွားခဲ့ပါတယ်။ Quanta ရဲ့တင်ပို့ရောင်းချမှုဟာလည်း Apple ရဲ့‌ ရွေ့ဆိုင်းထားတဲ့အမှာစာတွေ စက်တင်ဘာလမှာပြီးမြောက်ခဲ့တာမို့ သိသိသာသာကျဆင်းခဲ့ပါတယ်။

Source: DigiTimes

#EnThueTech
#News
#Laptop

Post a Comment

0 Comments