Subscribe Us

header ads

လကမ္ဘာတွင် နျူကလီးယားစွမ်းအင်သုံးစွဲသည့် အခြေစိုက်စခန်းများထားရှိရန်ရည်ရွယ်နေသည့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ


South China Morning Post ကတင်ဆက်ခဲ့တဲ့ သတင်းအရ တရုတ်နိုင်ငံရဲ့ လကမ္ဘာအခြေစိုက်စခန်း ဟာနျူကလီးယားစွမ်းအင်ကိုအသုံးပြုသွားဖွယ်ရှိတယ်လို့ဆိုပါတယ်။ အခြေခံပုံစံမှာ လဆင်းယာဉ်၊ တစ်နေရာမှတစ်နေရာကိုခုန်ကူးသွားလာမည့်ယာဉ်၊ လကိုလှည့်ပတ်မည့်ယာဉ်နဲ့ လပေါ်သွားလာမည့်ယာဉ်တို့ပါဝင်ကာ ရှန်ဂီ ၆၊ ၇ နဲ့ ၈ မစ်ရှင်တွေ‌စေလွှတ်ကာတည်ဆောက်သွားမှာဖြစ်ပါတယ်။


မိမိတို့အနေနဲ့ လကမ္ဘာအခြေစိုက်စခန်းရဲ့ ကြာ‌မြင့်စွာလည်ပတ်နေရမယ့်အချိန်နဲ့ များပြားလှတဲ့ စွမ်းအင်လိုအပ်ချက်ကြောင့် နျူကလီးယားစွမ်းအင်ကိုအသုံးပြုတဲ့စနစ်သစ်တစ်ခုကိုဖန်တီးဖို့ကြိုးပမ်းနေပါတယ်" လို့ တရုတ်နိုင်ငံရဲ့ လကမ္ဘာလေ့လာရေး‌အစီအစဉ်ရဲ့ ဒီဇိုင်းနာချုပ် Wu Weiran က နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ CCTV မှာဆိုပါတယ်။ မိမိတို့အာကာသယာဥ်မှုး‌တွေအနေနဲ့ လကမ္ဘာကို၁၀နှစ်အတွင်းသွားနိုင်မယ်လို့ ယုံကြည်ကြောင်းဆိုပါတယ်။

Image: CNSA


တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို အာကာသနယ်ပယ်မှာယှဉ်ပြိုင်ဖို့ကြိုးပမ်းနေတာ နှစ်ပေါင်းများစွာရှိခဲ့ပါပြီ။ ကိုယ်ပိုင်အာကာသစခန်းကိုတည်ဆောက်နေသလို စူးစမ်းလေ့လာရေးယာဉ်တွေစေလွတ်ခဲ့ကာ ၂၀၁၉ခုနှစ်လောက်မှာ လကမ္ဘာရဲ့ အမှောင်ဘက်အခြမ်းကို ပထမဆုံးစတင်ဆင်းသက်နိုင်ခဲ့ပါတယ်။

အဆိုပါအခြေစိုက်စခန်းကို လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းမှာ တည်ဆောက်နိုင်ဖွယ်ရှိပါတယ်။ နောက်ဆုံးမှာ ၎င်းကို နိုင်ငံတကာသိပ္ပံ‌ဆိုင်ရာသုတေသနစခန်းတစ်ခုအဖြစ်ပြောင်းလဲမှာဖြစ်ပြီး တရုတ်၊ ရုရှားနဲ့ အလားအလာကောင်းတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ အလုပ်လုပ်မှာဖြစ်ပေမယ့် အချိနိအများစုကတော့ လူနေထိုင်မှာမဟုတ်ပါဘူး။

တရုတ်နိုင်ငံရဲ့ကြေညာမှုဟာ အိမ်ဖြူတော်ရဲ့ အမျိုးသား သိပ္ပံနဲ့နည်းပညာကောင်စီဟာ အသစ်ထွက်‌ ပေါ်လာတဲ့ သူတို့ရဲ့ National Cislunar Science and Technology Strategy ထုတ်ပြန်ချက်အပြီးမှာပေါ်ထွက်လာတာဖြစ်ပါတယ်။ အစီအစဥ်အချို့က လကမ္ဘာနဲ့သက်ဆိုင်ပြီး လရဲ့တောင်ဝင်ရိုးစွန်းမှာ အမြဲတမ်းအခြေစိုက်စခန်းထားရှိမယ့် အဆိုပြုချက်တွေပါဝင်ပါတယ်။

ဇွန်လမှာ နာဆာနဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ပူးပေါင်းပြီး လော့ဟိမာတင်အပါအဝင် ကုမ္ပဏီ၃ခုကိုရွေးချယ်ခဲ့ကာ လကမ္ဘာမှာ နူကလီးယားစွမ်းအင်ထောက်ပံ့ပေးနိုင်ဖို့အတွက် ဓာတ်ပေါင်းဖိုအတွင်းမှာ ယရေနီယမ်အက်တမ်တွေကိုခွဲထုတ်ပြီး အပူစွမ်းအင်ရယူကာလျှပ်စစ်ရရှိနိုင်တဲ့ ဒီဇိုင်းတွေဖန်တီးဖို့ဖြစ်ပါတယ်။

၂၀၂၀ခုနှစ် အမေရိကန်ပြည်ထောင်စု‌ဦးဆောင်တဲ့ Artemis သဘောတူညီချက်ကို နိုင်ငံ၈ခုကလက်မှတ်ရေးထိုးခဲ့ပြီး အာကာသမှာပရိပက္ခမဖြစ်ပွားဖို့ရည်ရွယ်ပါတယ်။ လက်ရှိ‌မှာ နိုင်ငံပေါင်း ၂၀ကျော်က ဒီမူဝါဒကိုလက်ခံကြပြီး ရုရှားနဲ့ တရုတ်နိုင်ငံတွေတော့ပါဝင်ဖို့ပျက်ကွက်‌နေကြောင်းဆိုပါတယ်။

Source: TechSpot
https://t.me/EnThueTech

#EnThueTech
#News
#Space

Post a Comment

0 Comments