![]() |
Image: Microsoft |
Microsoft ရဲ့ Windows 8 ထွက်ရှိပြီး တစ်နှစ်အကြာမှာ ၎င်းရဲ့ အစောပိုင်းပြဿနာအချို့ကိုပြင်ဆင်ဖို့ကြိုးပမ်းရင်း Windows 8.1 ဟာထွက်ပေါ်လာခဲ့ပါတယ်။ လူအများစုကတော့ မူလ Windows 8 ထက်သုံးစွဲလို့ပိုကောင်းတယ်လို့ဆိုပေမယ့် ၂၀၁၅ခုနှစ်မှာ Windows 10 ထွက်မလာခင်အထိ အချိန်ပေးခဲ့ရပါတယ်။
Microsoft အနေနဲ့ Windows 8.1 ပုံမှန်အထောက်အပံ့ကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့အထိပေးခဲ့ပြီး ထပ်တိုးအထောက်အပံ့ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့အထိသာ ပေးအပ်ဖို့ပြင်ဆင်နေပါတယ်။ ဒါတကယ်ဖြစ်လာခဲ့ရင် ဒီ OS အတွက် update တွေနဲ့ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုတွေရရှိမှာမဟုတ်တော့ပါဘူး။ security update တွေလည်းရတော့မှာမဟုတ်လို့ နောက်ပိုင်းရက်တွေမှာ အနာဂတ်မှာလုံခြုံရေးဆိုင်ရာပြဿနာနဲ့ကြုံလာရနိုင်ပါတယ်။StatCounter ရဲ့အဆိုအရ ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ ကမ္ဘာတစ်ဝှမ်းလုံးမှာ Windows 8.1 ရဲ့ ဈေးကွက်ဝေစုဟာ ၂.၄၅% သာရှိတယ်လို့ဆိုပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Windows 7 ဟာ ဝေစု ၉.၆၁% အထိရရှိထားသလို Windows 11 ဟာ ၁၅.၄ု၄% နဲ့ Windows 10ဆိုရင် ၇၁.၂၉%အထိရရှိထားတာပါ။
Microsoft အနေနဲ့ Windows 8.1 သုံးစွဲသူတွေကို လက်ရှိ Windows version တွေဖြစ်တဲ့ Windows 10 နဲ့ Windows 11 ကို အဆင့်မြှင့်တင်အသုံးပြုဖို့ အကြုံပြုထားပါတယ်။ Windows 10 Home နဲ့ Pro တို့ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၄ရက်အထိအထောက်အပံ့ရရှိမှာဖြစ်ပါတယ်။ ဒီအတွက်သင့်အနေနဲ့ Windows 11 ရဲ့ နည်းပညာဆိုင်ကန့်သတ်မှုတွေကိုမလိုလားဘူးဆိုရင် နှစ်အနည်းငယ်လောက်သုံးစွဲချိန်ကျန်ပါသေးတယ်။
Source: TechSpot
#EnThueTech
#News
#Software
0 Comments