World Wide Web ကိုဖန်တီးသူဖြစ်တဲ့ Tim Berners ဟာ Web3 ဆိုတာအနာဂတ်ရဲ့ အင်တာနက်ဖြစ်လာမယ်လို့မယူဆဘူးလို့ဆိုပါတယ်။ သူ့အနေနဲ့ လက်ရှိအချိန်မှာ web အနေနဲ့ကြုံတွေနေရတဲ့အခက်အခဲကိုဖြေရှင်းမှုတစ်ခုအဖြစ် ပိုမိုခိုင်မာပြီး Blockchain အပေါ်အခြေမခံပဲ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ပုံစံတစ်မျိုးကိုဖန်တီးနေတယ်လို့ဆိုပါတယ်။
ဗြိတိသျှကွန်ပျူတာသိပ္ပံပညာဖြစ်သူ Tim Berners-Lee ဆိုတာ World Wide Web ကိုဖန်တီးသူအဖြစ်လူသိများပြီး သူ့ရဲ့ဖန်တီးမှုကိုလက်ရှိအခြေအနေကနေ ထပ်မံတိုးတက်လာဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ သို့ပေမယ့်လည်း "ဗဟိုချုပ်ကိုင်မှုကင်းမဲ့တဲ့ သုခဘုံ Web3" ဆိုပြီး လက်ရှိမားကတ်တင်းသမားတွေနဲ့ စတင်တည်ထောင်သူတွေပြောနေကြတာနဲ့တော့ တူမှာမဟုတ်ပါဘူး။Web 3.0 လို့ လူသိများတဲ့ Web3 ဟာ ဗဟိုချုပ်ကိုင်မှုမရှိခြင်း၊ Blockchain နှင့် တိုကင်အခြေခံ ဒစ်ဂျစ်တယ်ငွေပေးငွေယူပြုလုပ်နိုင်ကာ Google၊ Facebook နဲ့ Microsoft လိုနည်းပညာဘီလူးကြီးတွေရဲ့ အချက်အလက်တွေနဲ့ ဖန်တီးမှုအကြောင်းအရာတွေကိုချုပ်ကိုင်ထားမျိုးမရှိတဲ့အနာဂတ်ရဲ့ World Wide Web ဖြစ်တယ်လို့ဆိုကြပါတယ်။
Tim Burton-Lee အဆိုအရ ဘယ်လိုပဲဖြစ်ဖြစ် "Web3 ဆိုတာ web မဟုတ်ကြောင်း"ကို ပေါ်တူဂီနိုင်ငံ လစ်ဘွန်းမြို့မှာကျင်းပခဲ့တဲ့ Web Summit ညီလာခံမှာ ကွန်ပြူတာသိပ္ပံပညာရှင်နဲ့ World Wide Web Consortium (W3C) မှာပြောကြားခဲ့တာဖြစ်ပါတယ်။ သင့်အနေနဲ့ ကျယ်ပြောလှတဲ့စကားတွေကိုကျော်လွန်ပြီး ကျွန်တော်တို့ဆွေးနွေးနေတဲ့အကြောင်းအရာကို သေသေချာချာသိရှိဖို့လိုပါတယ် လို့ Berners-Lee ကဆိုပါတယ်။
"တကယ့် Web3 ရဲ့အမည်နာမကို Blockchainနဲ့ လုပ်နေကြတဲ့ Ethereum သမားတွေက ယူသုံးနေတာ ရှက်ဖွယ်လိလိပဲ" လို့ သူကဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူ့အမြင်အရ Blockchain ဆိုတာ လက်ရှိမော်ဒန် web မှာ ကြုံတွေ့နေရတဲ့ပြဿနာအတွက် အဖြေမဟုတ်ဘူးလို့ဆိုပါတယ်။
"Blockchain ပရိုတိုကောတွေဟာ အလွန်နှေးကွေး၊ အလွန်ဈေးကြီးပြီး အရမ်းပွင့်လင်းလွန်းတယ်၊ ကိုယ်ရေးအချက်အလက်ဆိုတာ မြန်ဆန်၊သက်သာပြီး သီးသန့်ဆန်နေဖို့လိုတယ်"လို့ Berners-Lee ကဆိုပါတယ်။ Web3 ဟာ အင်တာနက်အသုံးပြုမှုကို ပိုမိုလွတ်လပ်စေမှာမဟုတ်ပေမယ့် သူ့အနေနဲ့ Web 3.0 အတွက်အခြားရွေးချယ်စရာ ဒီဇိုင်းတစ်ခုကိုလုပ်ဆောင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ ဒါကို Solid လို့နာမည်ပေးထားပြီး Blockchain နည်းပညာကိုပါရှောင်ရှားထားတယ်လို့ဆိုပါတယ်။
Solid ဆိုတာ ဗဟိုချုပ်ကိုင်မှုမရှိတဲ့အင်တာနက် စီမံကိန်းတစ်ခုဖြစ်ပြီး ယနေ့ web application အသုံးပြုပုံကိုသိသိသာသာပြောင်းလဲပေးဖို့ရည်မှန်းထားကာ ပုဂ္ငလိကအချက်အလက်လုံခြုံမှုကိုဦးစားပေးထားတာမို့ မိမိအချက်အလက်ကိုမိမိပိုင်ဆိုင်လာမယ့်အတွက် နည်းပညာကုမ္ပဏီကြီးတွေရဲ့ အချက်အလက်တွေချုပ်ကိုင်ထားမှုကနေ ကင်းဝေးစေမယ်လို့ဆိုပါတယ်။
Solid ဟာ BitTorrent လိုလက်ရှိဗဟိုချုပ်ကိုင်မှုလျော့နည်းတဲ့ ပုံစံတစ်ခုကို အသုံးချထားပြီး မည်သူမဆို ဘယ်နေရာကနေဖြစ်ဖြစ် login ဝင်နိုင်တဲ့ feature ကိုအသုံးပြုထားပါတယ် ဒါမှမဟုတ် ကိုယ့်ရဲ့အချက်အလက်တွေကို အခြားသူတွေနဲ့မျှဝေဖို့ login ID တွေလည်းရှိပါတယ်။ နောက်ထပ် common universal API ဟာ app တွေအနေနဲ့ဘယ်နေရာကဖြစ်ဖြစ် Solid ပလက်ဖောင်းတစ်ခုလုံးမှာရှိတဲ့ ဘယ်အချက်အလက်ကိုမဆို ရယူနိုင်ပါတယ်။
Source: TechSpot
#EnThueTech
#News #Internet
0 Comments