Seagate ဟာ Exo Mach.2 HDD တွေကို actuator ၂ခုပါဝင်တဲ့ မော်ဒယ် ၄မျိုးနဲ့တိတ်တဆိတ်တိုးချဲ့ဖို့ပြင်ဆင်နေပါတယ်။ Exos 2x16 နဲ့ 2x18 HDD အသစ်တွေဟာ SATA SSD တွေကိုတောင် sequential read နဲ့ sequential write တို့မှာယှဉ်ပြိုင်နိုင်စွမ်းရှိမှာဖြစ်ပြီး သိုမှီးနိုင်တဲ့ပမဏကလည်း 16TB နဲ့ 18TB အသီးသီးရှိမှာဖြစ်ပါတယ်။
Seagate Exos 2x18 မှာ မော်ဒယ် ၆မျိုးရှိကာ 18TB HDD မော်ဒယ် ၂မျိုးမှာ SATA 6 Gbps နဲ့ SAS 12Gbps interface တွေရှိကာ 16TB မော်ဒယ်တွေကလဲ ဒီလို interface တွေနဲ့ပဲဖြစ်ပါတယ်။ SAS drive တွေမှာ encryption option အမြဲတမ်းပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် Exos 2x18/2x16 SATA version တွေမှာ အမြန်နှုန်း 554 MBps အမြင့်ဆုံးအထိရနိင်ကာ SAS မော်ဒယ်တွေက 545 MBps အထိရနိုင်လို့ ကမ္ဘာ့အမြန်ဆုံး HDD တွေလို့ဆိုနိုင်ပါတယ်။ Drive ၄ခုလုံးဟာ average latency 4.16ms နဲ့ random read/write IOPS (4K QD16) ရှိမှာဖြစ်ပါတယ်။
dual-actuator drive တွေမှာ သမားရိုးကျ သံလိုက်နဲ့ သိမ်းဆည်းတာဖြစ်ပြီး 7200rpm၊ 256MB multi-segmented cache နဲ့ Data Center တွေအတွက် Power Choice၊ Power Balance နဲ့ Hot Plug အစရှိတဲ့ Seagate ရဲ့နည်းပညာတွေကို အပြည့်အဝထောက်ပံ့ပေးပါတယ်။ actuator ၂ခုထည့်သွင်းထားတဲ့ ဒီ Seagate Mach.2 hard drive တွေမှာ logical HDD ၂ခုပါဝင်နေတယ်လို့ဆိုနိုင်ပြီး သီးခြား addressable လုပ်နိုင်သလို host ဘက်အခြမ်းမှာ software tweak တွေလုပ်နိုင်ပါသေးတယ်။
multi-actuator HDD ရဲ့ ပင်မအားသာချက်ကတော့ single-actuator တွေလို ပမာဏကြီးလာလေ sequential နဲ့ random read စွမ်းဆောင်ရည်လျော့ကျသွားတာမျိုးမရှိတာဖြစ်ပါတယ်။ actuator တွေကို ထပ်တိုးခြင်းက စွမ်းဆောင်ရည်၂ဆတက်လာစေသလို ပါဝါသုံးစွဲမှုကိုလည်းတိုးလာစေပါတယ်။ ဒီ Seagate ရဲ့ HDD အသစ်တွေဟာ idle မှာ 7.8W/8W(SATA/SAS) နဲ့ heavy load မှာ 13.5W/12.8W(SATA/SAS) အထိစွမ်းအင်သုံးစွဲမှုရှိမှာဖြစ်ကာ ပထမမျိုးဆက် Mach.2 HDD တွေလောက်ပဲဖြစ်ပါတယ်။
Seagate ဟာ Microsoft နဲ့ ပူးပေါင်းပြီး dual-actuator HDD တွေ စမ်းသပ်နေတာ ၂၀၁၇ခုနှစ်ကတည်းကဖြစ်ပါတယ် ဒါပေမယ့် ဝယ်ယူရရှိနိုင်မှုကိုတိုးချဲ့ဖို့အခြားပါတနာတွေကိုရွေးချယ်ခဲ့ပါတယ်။ Exos 2x16 နဲ့ Exos 2x18 မိသားစုတွေဟာ မူလကတည်းက အသုံးများတဲ့ SATA interface နဲ့ပါရနိုင်တာမို့ Mach.2 HDD တွေကိုထပ်မံတိုးချဲ့သွားဖွယ်ရှိနေပါတယ်။ လက်ကားဈေးကွက်ထဲမှာရနိုင်တာဖြစ်စေ မရနိုင်တာဖြစ်စေ အလွန်မြန်တဲ့ HDD တွေကိုတွေကိုမြင်လာရတော့မှာပါ ဒါပေမယ့် SATA drive တွေကိုယခင်မျိုးဆက်တွေထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန်သုံးလာနိုင်မှာပါ။
Seagate ရဲ့ Exos 2x16 နဲ့ 2x18 drive တွေဟာ data center တွေအတွက်သာအဓိကရည်ရွယ်တာမို့ အရေအတွက်နဲ့ အမှန်တကယ် configuration အပေါ်မူတည်နေလို့ ဈေးနှုန်းကိုထုတ်ဖော်ပြသခြင်းမရှိပါဘူး။
ဒီ Mach.2 drive အသစ်တွေဟာ အာမခံ၅နှစ်နဲ့ ၂၄နာရီ ၇ရက်ပတ်လုံးအသုံးပြုဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ per annum TB workload သတ်မှတ်ကိုလည်း မဖော်ပြထားပါဘူး။
Source: Tom's Hardware
#EnThueTech
#News
0 Comments