Subscribe Us

header ads

6GHz frequency band ကိုပစ်မှတ်ထားနေသည့် Bluetooth SIG


Bluetooth Special Interest Group (SIG) ဟာမနေ့က 6 GHz frequency band ပါဝင်တဲ့ စံနှုန်းအချက်အလက်တစ်ခုသတ်မှတ်ဖို့ ကြေညာလိုက်ပါတယ်။ နှစ်စဉ်ကုန်ပစ္စည်းပေါင်း ၅ဘီလီယံလောက်တင်ပို့ရောင်းချနေရတဲ့အတွက် Bluetooth နည်းပညာဟာ ကမ္ဘာပေါ်မှာ အများဆုံးအသုံးပြုတဲ့ ကြိုးမဲ့ကွန်ယက်နည်းပညာစံနှုန်းဖြစ်ပါတယ်။ Bluetooth ရဲ့ နှိုင်းယှဉ်မရနိုင်တဲ့ အဓိကအောင်မြင်မှုအကြောင်းအရင်းက အချက်အလက်စီးဆင်းမှုမြင့်မားခြင်း၊ latency နည်းပါးခြင်းနဲ့ နေရာတိကျမှုမြင့်မားခြင်းပဲဖြစ်ပါတယ်။ ထပ်တိုးမယ့်စီမံကိန်းဟာ Bluetooth ရဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုတွေကို အနာဂတ်မှာကောင်းစွာဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ ဆယ်နှစ်တာအတွင်းမှာ Bluetooth နည်းပညာဟာ ကျွန်ုပ်တို့ရဲ့ဘဝတွေကို ပိုမိုအကျိုးဖြစ်ထွန်း၊ ပိုမိုလုံခြုံခြင်းနဲ့ ပိုမိုကျန်းမာရွင်လန်းစေခဲ့ပါတယ်" လို့ Bluetooth SIG ရဲ့ CEO ဖြစ်သူ Mark Powell ကဆိုပါတယ်။ "Bluetooth SIG အသိုင်းအဝိုင်းဟာ ကြိုးမဲ့ဆက်သွယ်ရေးအတွက် ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆီးနိုင်ဖို့ နည်းပညာကို အဆက်မပြတ်တိုးတက်ပြောင်းလဲပေးနေပါတယ်။ 6 GHz spectrum band ကိုသုံးနိုင်ခဲ့မယ်‌ဆိုရင် နောင်အနှစ်၂၀မှာ Bluetooth ရဲ့ ဆန်းသစ်တီထွင်မှုအတွက် လိုအပ်တဲ့လမ်းခင်းမှုတွေကိုဆက်လက်ပြုလုပ်သွားနိုင်မှာပါ။"

"မြင့်မားလာတဲ့ချိတ်ဆက်မှုလိုအပ်ချက်တွေကိုဆက်လက်ဖြည့်ဆည်း‌ပေးနိုင်ဖို့ အသစ်‌တိုးချဲ့ထားတဲ့ spectrum ကိုတစ်ကမ္ဘာလုံးအသုံးပြုနိုင်ဖို့ရာအင်မတန်အရေးကြီးပါတယ်" လို့ Wifi Alliance ရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Kevin Robinson ကဆိုပါတယ်။ "ကမ္ဘာတစ်ဝှမ်းမှာကောင်းစွာအသိအမှတ်ပြုထားတဲ့ spectrum တစ်ခုဖြစ်တဲ့ 6GHz ကို လိုင်စင်မလိုပဲဖန်တီးတယ်ဆိုတာ ကြီးမားတဲ့လူမှုစီးပွားဆိုင်ရာအကျိုးကျေးဇူးတွေရရှိလာနိုင်စွမ်းရှိပါတယ်။ band ထဲမှာ အောင်မြင်စွာအတူယှဉ်တွဲတည်ရှိနေဖို့ WiFi Alliance အနေနဲ့ Bluetooth SIG နဲ့အတူပူးပေါင်းသွားဖို့မျှော်မှန်းထားတယ်" လို့ဆိုပါတယ်။

Source: Techpowerup

#EnThueTech
#News
#Technology

Post a Comment

0 Comments