Subscribe Us

header ads

Marvel's Spider-Man Miles Morales ၏ Performance Review နှင့် Optimization Guide


Image: Sony

PC ဂိမ်းမာတွေအတွက် Spider-Man Miles Morales ဟာ PC မှာထွက်ရှိလာပါပြီ။ ဒီဂိမ်းဟာ ၂၀၂၀ခုနှစ်က ထွက်ရှိခဲ့တယ်ဆိုပေမယ့် PlayStation 5 အတွက်သီးသန့်သာဖြစ်ခဲ့လို့ PC Gamer တွေအတော်လေးကစားလိုတဲ့ဂိမ်းလည်းဖြစ်ပါတယ်။ ဒီဂိမ်းကို Insomniac Games နဲ့ Nixxes Software ကရေးဆွဲပြီး PlayStation PC LLC ကနေဖြန့်ချီပါတယ်။ ဂိမ်းအမျိုးအစားကတော့ Action၊ Adventure ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Spider-Man Remastered အပြီးကိုအခြေခံထားပြီး Spider-Man အသစ်ဖြစ်လာတဲ့ Miles Morales နေရာကနေကစားရမှာဖြစ်ပါတယ်။ ယခင်ဂိမ်းနဲ့ ဇာတ်လမ်းကွဲပြားသွားတယ်ဆိုပေမယ့် ယခင်ဂိမ်းရဲ့တည်နေရာဖြစ်တဲ့ နယူးယောက်မြို့မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ ယခင်ဂိမ်းနဲ့မြို့ထဲဆိုပေမယ့်လည်း အချိန်ကာလမတူပဲ Miles Morales ဂိမ်းမှာ ဆောင်းတွင်း၊ ခရစ်စမတ်ကာလမြင်ကွင်းကိုတွေ့မြင်ရမှာပါ။

Image: Sony

ဇာတ်ကောင်ဟာ ဒီမြို့မှာ ဆိုးသွမ်းတဲ့စွမ်းအင်ကော်ပိုရေးရှင်းနဲ့ နည်းပညာမြင့်ရာဇဝတ်သားတွေကိုတိုက်ခိုက်ပြီး မြို့ကိုကာကွယ်ရမှာဖြစ်ပါတယ်။ ဒီဂိမ်းထဲက Spider-Man ဇာတ်ကောင် Miles Morales ဟာ Venom Blast ဆိုတဲ့ Bio-electricity အစွမ်းရှိတာမို့ ယခင်ဂိမ်းထက်ကစားရ‌တာပိုမိုက်ပြီးပိုကြမ်းတယ်လို့ခံစားရပါတယ်။

Graphics ပိုင်းမှာ Spider-Man Remastered နဲ့ နီးနီးစပ်စပ်တူညီမှုရှိပြီး Nvidia ရဲ့ latency လျော့ချပေးတဲ့ Reflex ပါဝင်လာသလို Sharpness လည်းပါဝင်လာပါတယ်။ Ray Tracing ပိုင်းမှာလည်း ယခင် Spider-Man Remastered ဂိမ်းက ray tracing reflection နဲ့ geometry သာပါဝင်ပေမယ့် Miles Morales မှာ ray tracing shadows ပါအသစ်ပါဝင်လာပါတယ်။ Upscaling နည်းပညာတွေအနေနဲ့ DLSS 2၊ AMD FSR 2.1၊ Intel XeSS နဲ့ IGTI ကိုလည်းအထောက်အပံ့ပေးထားသလို RTX 40 Series တွေအတွက်လည်း DLSS 3 ကိုလည်းအထောက်အပံ့ပေးပါတယ်။

Image: Sony

ဂိမ်းကိုအကောင်းဆုံးကစားနိုင်ဖို့ နောက်ဆုံးထွက်ရှိထားတဲ့ graphics driverကိုသွင်းထားဖို့အကြံပြုလိုပါတယ်။ နောက်တစ်ခုက PC Requirements မှာ SSD ကို recommend လုပ်ထားတာကြောင့် SSD မှာတင်ကစားကြည့်တဲ့အခါ HDD မှာပိုပြီးချောချောမွေ့မွေ့ရှိတာကိုတွေ့ရပါတယ်။


ဂိမ်းရဲ့ရုပ်ထွက်က အားရစရာအတော်ကောင်းပြီး ရုပ်ထွက်ကောင်းမွန်တာကြောင့် PC အများစုနဲ့အဆင်ပြေအောင် Optimized လုပ်ထားတဲ့ Setting ကိုပါမျှဝေပေးလိုက်ပါတယ်။ Optimized လုပ်ထားတဲ့ setting နဲ့ဆိုရင် ဂိမ်းရဲ့ရုပ်ထွက်ကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ရုံသာမက FPS လည်းပိုတိုးလာစေမှာဖြစ်ပါတယ်။


ဒီ setting တွေကို ကျနော့်ရဲ့ RTX 3060Ti နဲ့ 1080/1440P resolution တွေမှာစမ်းသပ်ပြထားသလို Ray Tracing ဖွင့်ထားချိန်နဲ့ပိတ်ထားချိန်မှာ ကွဲပြားခြားနားတဲ့ရုပ်ထွက်ကိုလည်း ပုံမှာနှိုင်းယှဉ်ပြထားပါတယ်။


ကျနော့်အနေနဲ့စမ်းသပ်ထားတဲ့ graphics setting တွေကအောက်ပါအတိုင်းပဲဖြစ်ပါတယ်။

Optimized Setting

Texture
Texture Quality: Very High
Texture Filtering: 4x Anisotropic

Light and Shadow
Shadow Quality: High
Ambient Occlusion: SSAO
Screen Space Reflection: Off

Geometry
Level of Detail: High
Traffic Density: Medium
Crowd Density: Low
Hair Quality: Medium
Weather Particle Quality: Medium

Camera Effects
Depth of Field: Low
Bloom: On
Lens Flares: On
Chromatic Abbreviation: On
Vignette: On
Sharpness: 6

Bloom၊ Lens Flares၊ Chromatic Abbreviation နဲ့ Vignette တွေကိုမကြိုက်ရင်ပိတ်ထားနိုင်ပါတယ်။
ကျနော့်အနေနဲ့က Motion Blur နဲ့ Film Grain Strength ကိုပိတ်ထားလေ့ရှိပါတယ်။


Ray Tracing
Ray-Traced Reflections: On
Ray-Traced Shadows: High
Reflection Resolution: High
Reflection Geometry Detail: High
Object Range: 7


PC အတွက် Marvel's Spider-Man Miles Morales ကို Steam နဲ့ Epic ကနေဝယ်ယူနိုင်ပြီး ဈေးနှုန်းကတော့ $49.99 ကျသင့်မှာဖြစ်ပါတယ်။ အားလုံးပဲ Happy Gaming ပါဗျာ...

#EnThueTech
#Gaming #TechTips
#MilesMoralesPC #RTXOn

Post a Comment

0 Comments