Subscribe Us

header ads

AMD မှ core ၉၆ခုအထိ ပါဝင်သည့် Zen 4 EYPC CPU များကိုကြေညာ


AMD ဟာ မနေ့က စတုတ္ထမျိုးဆက် EYPC Genoa processor တွေကို မိတ်ဆက်လိုက်ပြီး ပါဝါထိ‌ ရောက်မှုမြင့်မားခြင်း၊ single thread စွမ်းဆောင်ရည်မြင့်မားခြင်းနဲ့ နောက်ဆုံးပေါ် လုံခြုံရေးနဲ့ connectivity စံနှုန်းတွေကို ထောက်ပံ့ပေးထားပါတယ်။ 96 cores အထိပါဝင်ခြင်း၊ DDR5 memory အထောက်အပံ့နဲ့ မြင့်မားတဲ့ base/boost clock speed တို့က EYPC Zen 4 processor တွေတကယ်ကိုစွမ်းအားကောင်းမွန်လှပါတယ်။

EYPC Genoa processor တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာရော ထိရောက်မှုအပိုင်းမှာပါ ဦးဆောင်ထားနိုင်တယ်လို့ AMD ကဆိုပြီး ‌ယခုနောက်ဆုံးပေါ် EYPC processor သုံးစွဲသူတွေဟာ ဆာဗာတွေအတွက်အလွန်အရေးကြီးတဲ့ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ ဓာတ်အားသုံးစွဲခသက်သာစေမယ်လို့ ကတိပြုထားပါတယ်။

AMD ရဲ့ Zen 4 EYPC processor တွေဟာ ဆာဗာဈေးကွက်မှာ ကာလရှည်ကြာ Intel သီးသန့်ဖြစ်နေခဲ့တဲ့ AVX-512 ကိုလည်းအထောက်အပံ့ပေးလာပါတယ်။ AVX-512 ကြောင့် ယခင် Intel ဘက်ကအသာရနေခဲ့တဲ့ workload တွေကို AMD ဟာ ဖြတ်ကျော်နိုင်ခဲ့ပြီး Intel ရဲ့ အားသာချက်ကို အားနည်းချက်အဖြစ်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်။


EYPC processor တွေမှာ AMDဟာ 16-cores၊ 24-cores၊ 32-cores၊ 48-cores၊ 64-cores၊ 84-cores နဲ့ 96-cores ရှိတဲ့ CPU model တွေကိုဖြန့်ချီသွားမှာဖြစ်ပါတယ်။ CPU model အားလုံးဟာ တူညီတဲ့ I/O နဲ့ 12 channel ရှိတဲ့ DDR5 memory အထောက်အပံ့ရှိမှာဖြစ်သလို PCIe 5.0 lanes အရေအတွက်လည်း တူညီစွာရရှိမှာဖြစ်ပါတယ်။ ပြိုင်ဘက်တွေလို ဒီ feature တွေအပြည့်အဝသုံးနိုင်ဖို့ AMD ကိုငွေထပ်ဆောင်းပေးစရာမလိုပါဘူး။


ဆာဗာပိုင်းမှာဆိုရင် Zen 4 EYPC CPU တွေဟာ IPC ၁၄% တိုးတက်မှုရှိလာတယ်လို့ဆိုပါတယ်။ ဒီစွမ်းဆောင်ရည်တွေဟာ Zen 4 ရဲ့ ကြီးမားတဲ့ L2 Cache၊ branch prediction တိုးတက်လာမှု၊ front end တိုးတက်လာမှုနဲ့ အခြားများပြားလှတဲ့ ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေကြောင့်ဖြစ်ပါတယ်။

ဒီလိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေဟာ Zen 4 ရဲ့ architecture အပြောင်းအလဲကြောင့်ဆိုပေမယ့် Zen 4 EYPC processor တွေဟာ ယခင်မျိုးဆက်ထက်လည်း clock speed မြင့်မားလာတာမို့ single-threaded နဲ့ multi-threaded စွမ်းဆောင်ရည်တွေပါတိုးတက်လာပါတယ်။


Intel ရဲ့ တတိယမျိုးဆက် Xeon processor နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Zen 4 EYPC processor တွေဟာ ကြီးမားတဲ့စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ပါတယ်။ 3D rendering အမြန်နှုန်းကို Arnold Renderer နဲ့ တိုင်းတာရာမှာဆိုရင် EPYC Genoa ၂.၄ဆပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ Intel ရဲ့ နောက်ဆုံးပေါ် Xeon processor တွေအနေနဲ့ AMD ကို core အရေအတွက်မှာမမှီနိုင်တာကြောင့် များပြားလှတဲ့ workload တွေအတွက် AMD ကိုချဉ်းကပ်လာကြမယ်လို့ထင်ပါတယ်။


AMD ဟာ ဆာဗာဈေးကွက်ကို Zen 3 မှာကတည်းကရရှိပြီးသားမို့ Zen 4 EYPC မှာလည်း ပိုရလာဖွယ်ရှိနေပါတယ်။ architecture ပိုင်းအရ Zen 4 ရဲ့ core ဒီဇိုင်းဟာ mainstream CPU ဈေးကွက်ထက် ဆာဗာဈေးကွက်အတွက်ပိုသင့်တော်ပါတယ်။ AMD ရဲ့ architecture ပိုင်းပြောင်းလဲမှုတွေဟာ AMD အနေနဲ့ Intel ကိုကောင်းစွာယှဉ်ပြိုင်လာနိုင်ပါတယ်။


Zen 4 ရဲ့ architecture ပိုင်းပြောင်းလဲမှုဟာ သူတို့ရဲ့ Ryzen 7000 series CPU model တွေမှာ စွမ်းဆောင်ရည်ကြီးကြီးမားမားတိုးတက်လာပြီး မြင့်မားတဲ့ clock speed၊ AVX-512 နဲ့ front-end တိုးတက်လာမှုတွေဟာ Ryzen ထက်စာရင် EYPC အတွက် ပိုအဓိပ္ပာယ်ရှိနေစေပါတယ်။


DDR5 memory ကို 12 channel အထိအထောက်အပံ့ပေးလာတာကလည်း Zen 4 EYPC Genoa processor တွေကို bandwidth တိုးပွားစေခြင်း၊ စွမ်းအင်သုံးစွဲမှုပိုပိုထိရောက်လာစေခြင်းနဲ့ memory density တိုးပွားလာခြင်းတွေဖြစ်လာစေပါတယ်။ အပိုထပ်ဆောင်းပါဝင်လာတဲ့ memory channel ၄ခုနဲ့ DDR5 ရဲ့ ပိုပိုသိပ်သည်းတဲ့ memory ပမာဏကြောင့် EYPC Genoa processor တွေဟာ 256GB memory module တွေအသုံးပြုလိုက်မယ်‌ဆိုရင် memory ကို 3TB အထိအသာလေးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါဟာ processor တစ်ခုခြင်းအတွက် မ‌ဆိုးလှဘူးဆိုနိုင်ပါတယ်။


အရှင်းဆုံးပြောရမယ်ဆိုရင် EYPC Genoa processor တွေဟာ Intel ကြီးစိုးထားတဲ့ဈေးကွက်မှာ AMD ရဲ့ စွမ်းပကားကိုပြသလိုက်တာလို့ဆိုနိုင်ပါတယ်။ AMD အနေနဲ့ processor တွေကိုသာလို‌သလောက်ထောက်ပံ့နိုင်ခဲ့ရင် လမယ့်လတွေအတွင်း AMD ဟာ ဝင်ငွေများစွာရရှိလာနိုင်ပါတယ်။

Source: OC3D

#EnThueTech
#News
#CPU #HPC

Post a Comment

0 Comments