Subscribe Us

header ads

အနှစ်၄၀ပြည့်မြောက်သွားပြီဖြစ်သည့် Microsoft Flight Simulator

Image: Flight Simulator

၁၉၈၂ခုနှစ် နိုဝင်ဘာလမှာ စတင်ထွက်ရှိခဲ့တဲ့ Flight Simulator ဂိမ်းဟာ အခုဆိုရင် အနှစ်၄၀ပြည့်သွားပြီဖြစ်ပါတယ်။ ဒီအတွက် Microsoft Flight Simulator 2020 ကိုရေးဆွဲခဲ့တဲ့ Asobo Studio ဟာ Microsoft Flight Simulator 40th Anniversary Edition ကိုထုတ်ပေးလိုက်ပြီး Microsoft Flight Simulator 2020 ဝယ်သူထားသူများအနေနဲ့ အခမဲ့ရယူနိုင်ပြီး ယခုမှဝယ်ယူမယ့်သူများကတော့ သီးခြားဝယ်ယူရမှာဖြစ်ပါတယ်။ Gamepass သမားတွေကတော့ subscription လုပ်ထားရင်ကစားနိုင်ပါတယ်။

40th Anniversary Edition မှာ လေထုကိုသွင်တုပြုမှုတွေပါဝင်လာပြီး ground effects တွေပါဝင်လာမှာဖြစ်ကာ အပြင်နဲ့ပိုတူလာမှာဖြစ်ပါတယ်။ ဒါတင်မက ရဟတ်ယာဉ်တွေ၊ ဂလိုက်ဒါတွေနဲ့ သမိုင်းမှာထင်ရှားခဲ့တဲ့ ပထမဦးဆုံးလေယာဉ်ပျံဖြစ်တဲ့ Wright Flyer၊ ဒါကိုတာလေယာဉ်ရဲ့ အရပ်ဖက်မျိုးကွဲဖြစ်တဲ့ DC-3 အပြင် Airbus A310 လိုလေယာဉ်တွေပါဝင်လာသလို ယခင် flight simulator ဂိမ်းတွေထဲက နာမည်ကြီး လေယာဉ်တွေ၊ လေဆိပ်တွေ၊ မစ်ရှင်တွေနဲ့ အခြားအရာတွေပါဝင်လာပါတယ်။ 40th Anniversary နဲ့ အတူ Sim Update 11 ကိုလည်းတပြိုင်တည်းဖြန့်ချီမှာဖြစ်ပါတယ်။

Image: Flight Simulator

40th Anniversary မှာ ပါဝင်လာမယ့် လေယာဉ်တွေကအောက်ပါအတိုင်းဖြစ်ပါတယ်။

Historical Aircraft:
• Wright Flyer
• Ryan NYP (“Spirit of St. Louis”)
• Douglas DC-3
• De Havilland Canada DHC-2-Beaver

Helicopters:
• Bell-407
• Guimbal Cabri G2

Gliders:
• DG Flugzeugbau LG8-18
• DG Flugzeugbau DG1001E neo

True-to-Life Airliner:
• Airbus A310


Microsoft Flight Simulator 40th Anniversary Edition ကို ယနေ့ည၁၀နာရီခွဲမှာစတင်ရယူနိုင်ပြီဖြစ်ပါတယ်။

#EnThueTech
#News
#Gaming

Post a Comment

0 Comments