![]() |
စက်တင်ဘာလလယ်မှာ EVGA ဟာ Nvidia နဲ့ ဆက်ဆံရေးအဆုံးသတ်သွားပြီလို့ကြေညာခဲ့ပါတယ်။ ဒီအချက်ကြောင့် EVGA ဟာ Nvidia RTX 40 Series graphics card တွေကိုမထုတ်ဖြစ်တော့ပါဘူး။
နာမည်ကျော် YouTuber တစ်ဦးဖြစ်တဲ့ JayTwoCents ဟာ EVGA RTX 4090 FTW ရဲ့ ရှေ့ပြေးပုံစံကတ်တစ်ခုကိုရယူနိုင်ခဲ့ပြီး ဘယ်လိုပုံစံရှိလဲဆိုတာ လူထုကိုချပြုနိုင်ခဲ့ပါတယ်။ စိတ်မကောင်းစရာက ဒီကတ်ကိုဈေးကွက်ထဲမြင်ရဖို့မရှိသလို EVGA အနေနဲ့လည်း အခြား graphics card တွေထုတ်ဦးမှာမဟုတ်ပါဘူး။
ကတ်ဟာ fan ၃ခုနဲ့ဖြစ်ပြီး အလွန်ထူထဲတဲ့ heatsink တွေပါဝင်သလို 16-pin 12VHPWR လည်းပါဝင်ကာ 4090 ဆိုတဲ့နာမည်အစား Next Gen Graphics ဆိုတဲ့စာသားကိုရေးထိုးထားတာတွေ့ရပါတယ်။ အခြားကတ်က 12VHPWR connector တွေနဲ့မတူတာက EVGA ဟာ connector ကိုညာဘက်ကိုပို့ထားတာပါပဲ။
ဒီကတ်ဟာ EVGA ရှေ့ပြေးပုံစံကတ်ဆိုပေမယ့် JayTwoCents အနေနဲ့ EVGA ရဲ့ Precision X softwareနဲ့ 3GHz အကျော်ထိ ကောင်းစွာ overclocking လုပ်နိုင်ခဲ့ပါတယ်။ EVGA Precision X ဟာ မထုတ်ဖြစ်တဲ့ကတ်ကိုအထောက်အပံ့ပေးတယ်လို့ဆိုနိုင်ပါတယ်။
0 Comments