အသစ်ထွက်ရှိလာမယ့် တတိယမျိုးဆက် FSR ဟာ လက်ရှိ Radeon ကတ်တွေသာမက Nvidia RTX တွေမှာပါ အလုပ်လုပ်နိုင်ပါတယ်။ AMD က Frank Azor ဟာ ဒီအကြောင်းကို PCWorld နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာဖြေဆိုသွားတာပါ။ သူ့ရဲ့အဆိုအရ FSR 3.0 ဟာ DLSS 3 ကိုတုန့်ပြန်ဖို့မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီအစား AMD ဟာ open-source ဘက်ကို ချဉ်းကပ်ထားတယ်လို့ရှင်းပြပြီး frame တွေပါ ထပ်ပေါင်းထည့်နိုင်တဲ့ အဆင့်မြင့် upscaler ကို နေ့ခြင်းညခြင်း မဖန်တီးနိုင်ပါဘူးလို့ဆိုပါတယ်။
Radeon RX 7900 XTX ရဲ့ စွမ်းဆောင်ရည်ကိုမေးမြန်းရာမှာတော့ RTX 4090ထက် 4080 နဲ့ယှဉ်ပြိုင်ဖို့သာရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ $999 ဆိုတဲ့ဈေးဟာ ပြိုင်ဘက်ထက် $200 သက်သာတာမို့ ray tracing ပိုင်းမှာမမှီရင်တောင်မှ အတော်လေးသဘောကျစရာထုတ်ကုန်တစ်ခုဖြစ်လာမှာပါ။
0 Comments