Activision အဆိုအရ နောက်ဆုံးထွက် Call of Duty Modern Warfare II ဂိမ်းဟာ ပထမဆုံး ၁၀ရက်အတွင်း ဒေါ်လာ ၁ဘီလီယံကျော်စံချိန်တင်ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီဂိမ်းစီးရီးရဲ့ယခင်စံချိန်ဟောင်းက ၂၀၁၂ခုနှစ်မှာထွက်ရှိခဲ့တဲ့ Call of Duty: Black Ops 2 ဖြစ်ပြီး တစ်ဘီလီယံကျော်ဖို့ ၁၅ရက်အချိန်ယူခဲ့ရပါတယ်။
ဒီလိုအောင်မြင်မှုနဲ့အတူ ကစားသူဟာလည်းတိုးပွားနေဆဲဖြစ်ကာ ပထမ၁၀ရက်မှာတင် နာရီးသန်း၂၀၀ နဲ့ ကစားပွဲပေါင်း ၁ဘီလီယံအထိ Xbox၊ PlayStation နဲ့ PC တို့မှာကစားခဲ့ကြတယ်လို့ Activision ကဆိုပါတယ်။
ဒါတင်မက Call of Duty: Warzone 2.0 ကိုလည်း နိုဝင်ဘာလ ၁၆ရက်မှာ Xbox One၊ Xbox Series၊ PlayStation 4၊ PlayStation 5 နဲ့ PC မှာ ဖြန့်ချီဦးမှာပါ။ ဒီအခမဲ့ကစားနိုင်တဲ့ battle royale ဂိမ်းဟာ ၂၀၂၀ခုနှစ်ထွက် Call of Duty: Warzone ရဲ့ တိုက်ရိုက်အဆက်ဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာအရဆက်နွယ်မှုရှိတယ်ဆိုလင့်ကစား base game မလိုပဲကစားနိုင်ပါတယ်။
Source: TechSpot
#EnThueTech
#News
#Gaming
0 Comments