Subscribe Us

header ads

တရုတ်နိုင်ငံအနေဖြင့် TSMC ကို အင်အားသုံး၍ မထိန်းချုပ်နိုင်ကြောင်း TSMC ဥက္ကဌ အတည်ပြု


တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ထိုင်ဝမ်ကိုရောက်ရှိလာခဲ့ခြင်းဟာ ခြိမ်းချောက်မှုတစ်ရပ်အဖြစ်ရှုမြင်ခဲ့ကာ တင်းမာမှုတွေမြင့်တက်လျက်ရှိနေပါတယ်။

တစ်ကမ္ဘာလုံးမှာ ထိုင်ဝမ်ဟာ ဆီမီးကွန်ဒတ်တာတွေနဲ့ပတ်သက်လာရင် အရေးပါဆုံးနေရာထဲကတစ်ခုဖြစ်ပါတယ်။ TSMC ဆိုတဲ့ Taiwan Semiconductor Manufacturing Company ဟာ ဆီးမီးကွန်ဒတ်တာထုတ်လုပ်ရေးမှာ ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူဖြစ်ပြီး Apple၊ AMD၊ Nvidia၊ Intel နဲ့ အခြားကုမ္ပဏီတွေအတွက် နောက်ဆုံးပေါ်ချစ်ပ်တွေကိုဖန်တီးပေးနေပါတယ်။ TSMC ဟာ ထိုင်ဝမ်ရဲ့ရတနာတစ်ပါးလို့ဆိုနိုင်ပြီး TSMC ကိုဆုံးရှုံးခဲ့ရရင် ကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာဈေးကွက်ကိုကြီးကြီးမားမားထိခိုက်စေမှာပါ။ ရှင်းရှင်းဆိုရရင် ထိုင်ဝမ်မှာစစ်မက်ဖြစ်ပွားခြင်းဟာ ကမ္ဘာ့ဆီမီးကွန်ဒတ်တာဈေးကွက်ကို ပျက်စီးစေနိုင်ပါတယ်။



TSMC ရဲ့ ဥက္ကဌဖြစ်သူ Mark Liu ဟာ မကြာသေးခင်က CNN သတင်းထောက် Fareed Zakaria နဲ့ တရုတ်၊ ထိုင်ဝမ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုတွေအကြောင်းကိုဆွေးနွေးခဲ့ပါတယ်။ ထိုင်ဝမ်ကိုတရုတ်နိုင်ငံကကျူးကျော်လာ‌နိုင်ချေရှိတဲ့အကြောင်းဆွေးနွေးခဲ့ကြရာမှာ ဥက္ကဌ Liu က "ဘယ်သူမှ TSMC ကို အင်အားသုံးထိန်းချုပ်လို့မရနိုင်ဘူး" လို့ဆိုခဲ့ပြီး ထိုင်ဝမ်သာ ကျုးကျော်ခံခဲ့ရမယ်ဆိုရင် TSMC အနေနဲ့လည်ပတ်နိုင်မှာမဟုတ်ဘူး လို့ရှင်းရှင်းလင်းလင်းဆိုပါတယ်။

TSMCရဲ့ နည်းပညာဟာ ကမ္ဘာ့ထိပ်တန်းဖြစ်ပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်နဲ့ ဂျပန်၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ချိတ်ဆက်ထားပါတယ်။ တရုတ်နိုင်ငံကကျူးကျော်လာမယ်ဆိုရင် ဒီအချိတ်အဆက်တွေပြတ်တောက်သွားမှာဖြစ်ပြီး TSMC ဟာ လည်ပတ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် စစ်မက်ဖြစ်ပွားခြင်းဟာ TSMC ရဲ့ အဆောက်အဦတွေကိုပြုပြင်လို့မရနိုင်အောင်ပျက်စီးသွားစေနိုင်ကာ ထိုင်ဝမ်ရဲ့ရတနာတစ်ပါးဟာ တရုတ်နိုင်ငံ‌အတွက် အသုံးအဝင်ဖြစ်သွားစေနိုင်ပါတယ်။

CNN ကိုပြောကြားနေစဉ် Mark Liu ဟာ တရုတ်နိုင်ငံအနေနဲ့ TSMC ကိုမှီခိုနေရပြီး TSMC စီးပွားရေးရဲ့ ၁၀ရာခိုင်နှုန်းရှိကြောင်းဆိုပါတယ်။ TSMC ဟာ တရုတ်နိုင်ငံနဲ့ အရပ်ဖက်သီးသန့်သာ စီးပွားရေးအရဆက်နွယ်မှုရှိပြီး ကျူးကျော်မှုဖြစ်ပွားခဲ့ရင် ဆက်နွယ်မှုပျက်စီးကာ တရုတ်နိုင်ငံ‌ရဲ့စီးပွားရေးကိုထိခိုက်စေမှာပါ။ တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ချစ်ပ် ၉၀ရာခိုင်နှုန်းလောက်ကို နိုင်ငံရပ်ခြားကဝယ်ယူနေရပြီး ဒီတစ်ချက်တည်းက တရုတ်နိုင်ငံရဲ့နည်းပညာကဏ္ဍကို ထိုးနှက်ချက်တစ်ခုဖြစ်လာစေနိုင်ပါတယ်။

ဒီအတွက် တရုတ်နိုင်ငံအနေနဲ့ထိုင်ဝမ်ကိုပြင်းပြင်းထန်ထန်ကျူးကျော်လို့မရနိုင်ပါဘူး။ ထိုင်ဝမ်ကို Silicon Shield နဲ့ကာကွယ်မှုပေးထားပြီး TSMC ကိုသိမ်းယူလိုက်ရုံနဲ့ ဒီပြဿနာကိုမကျော်လွှားနိုင်ပါဘူး။ TSMC ရဲ့အဆောက်အဦတွေဟာ တရုတ်ကျူးကျော်မှုမှာထိခိုက်ပျက်စီးစေနိုင်ပြီး TSMC တစ်ခုတည်းရဲ့အရေးပါမှုကြောင့် ကျူးကျော်မှုဟာ လျစ်လျူရှုမရနိုင်တဲ့ကမ္ဘာ့အရေးဖြစ်လာမှာပါ။

Source: OC3D

#EnThueTech
#News
#Semiconductors

Post a Comment

0 Comments