Subscribe Us

header ads

တရုတ်ကုမ္ပဏီ Biren ၏ Computing GPU များ


Image: Biren Technology

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Biren ဟာ Biren Explore Summit 2022 ဟာ သူတို့ရဲ့ GPGPU architecture ကိုမိတ်ဆက်လာခဲ့ပါတယ်။ Biren ရဲ့ BR100 GPU ဟာ 16bit Floating Point Operations စွမ်းဆောင်ရည် 1000 TFLOPS အထိရနိုင်ပြီး 8bit fixed point compute power အနေနဲ့ 2000 TFLOPS အထိရနိုင်ပါတယ်။ ဒါဟာ ဒီလိုတက်သစ်စကုမ္ပဏီတစ်ခုစီက ပထမဆုံးရရှိတဲ့ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ဖြစ်ပါတယ်။

Image: Biren Technology

Biren ရဲ့ GPU ကို TSMC ရဲ့ 7nm process နဲ့ 2.5D CoWos packaging နည်းပညာတွေနဲ့ထုတ်လုပ်ထားပါတယ်။ BR100 GPU မှာ ထရန်စ္စစတာပေါင်း ၇၇ဘီလီယံနဲ့တည်ဆောက်ထားကာ bandwidth 2.3 TFLOPS ရှိတဲ့ 64GB HBM2e memory တပ်ဆင်ထားပါတယ်။ ဒီGPUဟာ PCIe Gen 5 နဲ့ CXL interface ကိုလည်း အထောက်ပံ့ပေးပါတယ်။

Image: Biren Technology

Biren BR100 ဟာ flagship GPGPU ဖြစ်ပြီး BiLiren architecture ကိုအခြေခံထားပါတယ် ဒါပေမယ့် OAM နဲ့ကိုက်ညီတဲ့ကတ်တွေအပြင် PCIe အခြေခံ BR104GPU ကိုလည်းပြသခဲ့ပါတယ်။ နောက်ထပ် Biren သူတို့ရဲ့ software platform ဖြစ်တဲ့ BIRENSUPA ကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ software ဟာ Baidu ရဲ့ PaddlePaddle လို mainstream deep learning framework တွေကိုလည်းအထောက်အပံ့ပေးပါတယ်။

Biren ရဲ့ software နဲ့ hardware အတွဲအစပ်ဟာ medical imaging၊ molecular dynamics နဲ့ electromagnetic simulation အလုပ်တွေအတွက်ဖန်တီးပေးထားပါတယ်။ Biren ရဲ့ GPU တွေကို China Mobile ကလည်း compute power ပိုမိုတိုးတက်အောင် အသုံးပြုလာပါလိမ့်မယ်။



Image: Biren Technology

Biren ဟာ ပိုမိုအရွယ်အစားသေးငယ်တဲ့ BR104 ကိုလည်းပြသခဲ့ပြီး compute power နဲ့ memory ဟာ BR100 ရဲ့တစ်ဝက်သာရှိမှာဖြစ်ပါတယ်။ ဒီGPU က PCIe form factor အနေနဲ့လာမှာဖြစ်ပြီး TDP က 300W အထိရှိနိုင်ပါတယ်။
Image: Biren Technology

Biren ရဲ့ GPU ကိုအမည်နာမပေးပုံဟာ Nvidia နဲ့ ဆင်တူတယ်ဆိုပေမယ့် Nvidia အနေနဲ့ XX104 GPU ကို compute အသားပေးချည်းသီးသန့်မှာမသုံးပါဘူး။ Biren ရဲ့ GPU တွေဟာ Nvidia ရဲ့ Ampere architecture သုံး A100 ထက်ပိုမိုမြန်ဆန်ပေမယ့် သူ့ထက် 2ဆ မှ ၂ဆခွဲလောက်စွမ်ဆောင်ရည်ပိုကောင်းတဲ့ Hopper လောက်တော့စွမ်းဆောင်ရည်မကောင်းပါဘူး။

Source: Videocardz

#EnThueTech
#News

#GPU  

Post a Comment

0 Comments