![]() |
Image: MSI |
MSI ဟာ ကမ္ဘာ့ပထမဆုံး ATX 3.0 စံနှုန်းနဲ့ကိုက်ညီတဲ့ power supply ဖြစ်တဲ့ MEG Ai1300 PCIE5 ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဒီ PSU ဟာ ပါဝါအစားကြမ်းတဲ့ မျိုးဆက်သစ်GPU တွေအတွက်ဖြစ်ကာ power spike ဖြစ်မှုကို 2600W အထိခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။
Intel ရဲ့ နောက်ဆုံးပေါ်သတ်မှတ်ချက်တစ်ခုဖြစ်တဲ့ ATX 3.0 ကို ဖေဖော်ဝါရီလလောက်ကစတင်သတ်မှတ်ခဲ့တာပါ။ ဒီစံနှုန်းအသစ်မှာ နောက်ဆုံးပေါ် 16-pin 12VHPWR power connector ကိုအထောက်အပံ့ပေးလာပြီး ကြိုးတစ်ချောင်းတည်းကနေ ပါဝါစားသုံးမှု 600W အထိခွင့်ပြုပေးနိုင်ပါတယ်။ ATX 3.0 မှာ power specification အသစ်တွေကိုလည်းမိတ်ဆက်လာခဲ့ပြီး ပိုမိုထိရောက်ကာ ယုံကြည်စိတ်ချရမှုတိုးတက်လာသလို power spike ဖြစ်မှုကိုခံနိုင်ရည်ပိုရှိလာပါတယ်။![]() |
Image: MSI |
ယခင်ဒီဇိုင်းထက်ပိုမိုကောင်းမွန်တဲ့ အစိတ်အပိုင်းတွေကိုအသုံးပြုထားတာကြောင့် MEG Ai1300 PCIE5 ဟာ ပါဝါကို၂ဆ သို့ 2600W လောက်ကိုင်တွယ်နိုင်လာပြီး မျိုးဆက်သစ် GPU တွေမှာ ဖြစ်ပွားလာနိုင်တဲ့ power spike ဖြစ်မှုကို တန်ပြန်နိုင်စွမ်းရှိလာပါတယ်။
Power Spike ဖြစ်မှု လက်ရှိNvidia RTX 30 series မှာဆိုရင် RTX 3090 နဲ့ RTX 3090Ti တို့မှာဖြစ်ပွားနေပြီး 660W အထိဖြစ်ပွားနေကာ RTX 3080မှာ 530W အထိဖြစ်ပွားနေတယ်လို့ Gamer Nexus ကဆိုထားပါတယ်။
လက်ရှိ power supply တွေဟာ သတ်မှတ်ထားတဲ့ power specification ကိုကျော်လွန်ပြီး power spike ဖြစ်မှု အနည်းငယ်ကိုသာကိုင်တွယ်နိုင်စွမ်းရှိအောင်သာ ဖန်တီးထားတာဖြစ်ပါတယ်။ RTX 30 series GPU တွေမှာ power spike ဟာ ပြဿနာတစ်ခုဖြစ်လာခဲ့ပြီး အချို့ power supply တွေဟာ ကန်ုသတ်ချက်တွေကြောင့်အလိုလိုစက်ပိတ်သွားတာမျိုးရှိနိုင်ပါတယ်။
2600W power spike ဆိုတာ ဒီ PSU အသစ်အတွက် အမြင့်ဆုံးသက်မှတ်ချက်ဖြစ်ကာ millisecond တစ်ခုထည့်လျော့နည်းတဲ့အခိုက်အတန့်အတွက်သာ ခံနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ပိုမိုနည်းပါးတဲ့ power spike တွေကိုတော့ ဒီထက်အချိန်ကြာကြာခံနိုင်ရည်ရှိပါတယ်။ ဒီ PSUဟာ
2340W power spike ကို 1ms
2080W power spike ကို 10ms
1560W power spike ကို 100ms စသည်ဖြင့်ခံနိုင်ရည်ရှိပါတယ်။
MSI ရဲ့ MEG Ai1300 PCIE5 ဟာလက်ရှိမှာ ATX 3.0 စံနှုန်းနဲ့ကိုက်ညီတဲ့ တစ်ခုတည်းသော Power Supply ဖြစ်ပြီး မျိုးဆက်သစ် GPU တွေထွက်ရှိဖို့နီးစပ်လာတာနဲ့အမျှဈေးကွက်ထဲကို အခြား ATX 3.0 power supply တွေလည်းဝင်ရောက်လာနိုင်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
0 Comments