Subscribe Us

header ads

De-lidded လုပ်ထားသည့် Intel Raptor Lake Core i9-13900 ပုံထွက်ပေါ်လာ Die အရွယ်အစား ၂၃%ပိုမိုကြီးမား

Image: Expreview

တရုတ်အခြေစိုက်နည်းပညာ website တစ်ခုဖြစ်တဲ့ Expreview ဟာ Intel Raptor Lake Core i9-13900 CPU ရဲ့ engineering sample တစ်ခုကို de-lidded လုပ်ခဲ့ကာ ဓာတ်ပုံကိုမျှဝေခဲ့ပါတယ်။ Raptor Lake ဟာ နောက်ဆုံးအနေနဲ့ထွက်ရှိလာမယ့် monolithic silicon ဖြစ်ကာ မျိုးဆက်သစ် Meteor Lake မှာ chiplet design ကိုသုံးလာမှာပါ။ de-lidded လုပ်ထားတဲ့ Intel Core i9-13900 ဟာ Raptor Lake-S ရဲ့အမြင့်ဆုံး die ဖြစ်ပြီး Raptor Cove P-Cores ၈ခုနဲ့ Gracemount E-Cores ၁၆ခုပါဝင်ကာ 36MB L2 Cache နဲ့အတူ Xe-LP graphics လည်းပါဝင်ပါတယ်။


Raptor Lake-S ကို Alder Lake-S လိုမျိုး Intel 7(10nm Enhanced SuperFin) node နဲ့ဖန်တီးထာပြီး die အရွယ်အစားဟာ 23.8mm x10.8mm သို့ 257mm² ရှိပြီး Alder Lake-S ထက် 49mm² ပိုမိုများပြားပါတယ်။ die area ပိုများလာတာဟာ ပိုများပြားလာတဲ့ E-Cores အရေအတွက် ကြောင့်ဖြစ်သလို E-Cores နဲ့ P-Cores တို့အတွက် L2 Cache တွေပိုမိုထည့်သွင်းပေးထားတာကြောင့်လည်းဖြစ်ပါတယ်။ Raptor Cove ရဲ့ P-Cores တွေဟာ ယခင် Golden Cove ထက်အနည်းငယ်ပိုမိုကြီးမားနိုင်ပါတယ်။

Source: Techpowerup and Expreview

#EnThueTech
#News
#CPU

Post a Comment

0 Comments