ပိတ်ဆို့ခံရတဲ့ gaming site များနှင့် web service တွေထဲမှာ Steam၊ Epic Games၊ Battle Net၊ Ubisoft၊ Origin၊ Nintendo၊ Yahoo နဲ့ PayPal တို့ပါဝင်ပါတယ်။ PayPalကိုတော့ အင်ဒိုနီးရှားနိုင်ငံသားတွေအနေနဲ့ သူတို့ပိုက်ဆံတွေပြန်ထုတ်လို့ရအောင် ၅ရက်တာယာယီပြန်ဖွင့်ပေးထားခဲ့ပါတယ်။
စည်းမျဉ်းအသစ်တွေကို ၂၀၂၀ခုနှစ် နိုဝင်ဘာလမှာစတင်ကြေညာခဲ့ပြီး အင်ဒိုနီးရှားအာဏာပိုင်တွေဟာ အသုံးပြုသူအချို့ရဲ့ အချက်အလက်ကိုတောင်းခံပိုင်ခွင့်နဲ့ ဥပဒေကိုဆန့်ကျင်တဲ့ သို့ လူထုကိုမတည်မငြိမ်ဖြစ်စေတဲ့အကြောင်းအရာတွေကို အနည်းဆုံး၄နာရီအတွင်း ဖြုတ်ချပေးရမယ့် အခွင့်အာဏာကိုပေးအပ်ထားတာပါ။
ဇူလိုင်လအစောပိုင်းတုန်းက အင်ဒိုနီးရှားဟာ စည်းမျဉ်းအသစ်တွေနဲ့ပတ်သက်ပြီး နည်းပညာကုမ္ပဏီတွေကို ဇူလိုင်လ ၂၀ရက်နောက်ဆုံးထားကာလက်မှတ်ရေးထိုးလိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။ အချို့ကုမ္ပဏီတွေဖြစ်တဲ့ Amazon Facebook Google တို့ဟာ နောက်ဆုံးသတ်မှတ်ရက်ကိုပြည့်မှီအောင်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အချို့ကုမ္ပဏီတွေကတော့ သေချာမလိုက်နာနိုင်ခဲ့ကြပါဘူး။ ဆန္ဒအရငြင်းပယ်တာလား သို့ ဂရုမစိုက်လို့ ဒီလိုအခြေအနေဖြစ်သွားတာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
အင်ဒိုနီးရှားဂိမ်းမာတွေကတော့ သေချာပေါက်ဒေါသထွက်နေကြပြီဖြစ်သလို freelance creator တွေဟာလည်း နိုင်ငံတကာကအလုပ်တွေအတွက် PayPal ကိုအားထားနေရတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာတော့စည်းမျဉ်းအသစ်တွေကြောင့်လို့စွတ်စွဲမှုရှိနေပြီး နိုင်ငံခြားကုမ္ပဏီတွေလိုက်နာနိုင်ခြင်းမရှိလိုတဲ့အခါ အင်ဒိုနီးရှား ဂိမ်းနဲ့ creative လုပ်ငန်းနယ်ပယ်ကိုထိခိုက်စေလိမ့်မယ်လို့ဆိုကြပါတယ်။
အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးနိုင်ငံဖြစ်သလို ဒေသတစ်ခုလုံးရဲ့ ၄၀%နီးပါး ၂၇၄သန်းလောက်နေထိုင်ကြပြီး ဒေသတွင်းဂိမ်းဈေးကွက်ရဲ့ သင့်တင့်တဲ့ဝေစုကိုပိုင်ဆိုင်ထားတာပါ။ ရိုက်တာသင်းဌာနကတော့ အင်တာနက်သုံးစွဲသူ ၁၉၁ သန်းလောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။
Source: PC Gamer
#EnThueTech
#News
0 Comments