တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဆီမီးကွန်ဒတ်တာကုမ္ပဏီဖြစ်တဲ့ Semiconductor Manufacturing International Corporation (SMIC) ဟာ အမေရိကန်တို့ရဲ့ ပိတ်ဆို့မှုခံထားရပေမယ့် သူတို့ရဲ့ ထုတ်လုပ်ရေးနည်းပညာကို ၂ဆင့်မြှင့်တင်နိုင်ခဲ့ပြီလို့ Bloomberg သတင်းအရသိရပါတယ်။
ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီဟာ 7nm ကိုအသုံးပြုထားတဲ့ ASIC Bitcoin mining SoC တွေကိုတင်ပို့ရောင်းချနေပြီလို့သိရပါတယ်။ ဒါဟာ SMIC ရဲ့ 14nm နည်းပညာထက် ပိုမိုသေးငယ်တဲ့ transistor၊ ပိုမိုမြန်ဆန်ပြီးပိုမိုထိရောက်မှုရှိတဲ့ချစ်ပ်တွေထုတ်လုပ်လာနိုင်တာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်နှောင်းပိုင်းကစလို့ အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံကလုပ်ငန်းတွေမှာ 10nm နဲ့ သူ့ထက်ပိုသေးငယ်တဲ့ချစ်ပ်တွေကိုထုတ်လုပ်ခြင်းမပြုနိုင်အောင်တားဆီးထားတာဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ကျွမ်းကျင်သူတစ်ဦးအဆိုအရ ဟောင်ကောင်မှာ SMIC ရဲ့ ရှယ်ယာ ၁.၉ရာခိုင်နှုန်းတိုးတက်ခဲ့သလို တရုတ်အခြေစိုက်ချပ်စ်ထုတ်လုပ်ရေးနဲ့ ဆက်စပ်ကုမ္ပဏီတွေဖြစ်တဲ့ Shanghai Fudan Microelectronics Group Co.,၊ Naura Technology Group Co.နဲ့ Micro-Fabrication Equipment Inc. တို့ဟာ ၅ရာခိုင်နှုန်းအထက်တိုးတက်လာခဲ့ပါတယ်။
SMIC ရဲ့ အံ့မခန်းတိုးတက်လာမှုတွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရပ်ခြားက ချစ်ပ်တွေအပေါ်မီခိုနေရမှုကိုလျော့ချပြီး ပြည်တွင်းထုတ်ကိုဦးစားပေးမယ့် ရည်မှန်းချက်ကိုတားဆီးဖို့ကြိုးပမ်းနေတဲ့ ဝါရှင်တန်အစိုးရရဲ့ မူဝါဒတွေကိုမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အမေရိကန်ဥပဒေပြုအမတ်များအနေနဲ့လည်း တရုတ်ကိုဦးတည်ထားတဲ့ကန့်သတ်မှုတွေကြားက ယိုပေါက်တွေကိုပိတ်ဆို့ဖို့နဲ့ ဘေဂျင်းအစိုးရအနေနဲ့ အရေးကြီးတဲ့နည်းပညာတွေကို ရုရှားထံလွဲပြောင်းမပေးဘူးဆိုတာကို သေချာစေဖို့ ဝါရှင်တန်အစိုးရကိုတိုက်တွန်းလိုက်ပါတယ်။
ပိတ်ဆို့အရေးယူမှုတွေဟာ ဟွားဝေးနည်းပညာကုမ္ပဏီကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ပြိုင်ဆိုင်နိုင်စွမ်းမှကင်းဝေးစေခဲ့ဖူးပါတယ် ဒါပေမယ့် ကုမ္ပဏီဟာ ပြည်တွင်းထုတ်ချစ်ပ်တွေကိုမြှင့်တင်ဖို့ တိတ်တဆိတ်ကြိုးစားနေပါတယ်။
ယခင်က SMIC ဟာ သူ့ရဲ့ ပင်မထုတ်လုပ်စွမ်းဆောင်နိုင်မှုအနေနဲ့ 7nm ထက် မျိုးဆက် ၂ခုပိုနိမ့်တဲ့ 14nm သာရှိတယ်လို့ဆိုခဲ့ပြီး တနည်းဆိုရရင် TSMC နဲ့ Samsung တို့ထက် ၄နှစ်စာလောက်နောက်ကောက်ကျနေတာဖြစ်ပါတယ်။ ကုမ္ပဏီဟာ 14nm ထက်မြင့်မားတဲ့နည်းပညာကို ၂၀၂၀ခုနှစ်အစောပိုင်းကတည်းက စတင်ဆောင်ရွက်လာနေခဲ့ပါတယ်။ အဆိုပါနှစ်နှောင်းပိုင်းမှာ SMIC ရဲ့မိတ်ဖက်ဖြစ်သူ Innosilicon ဟာ 7nm ရဲ့ N+1 version နဲ့ထုတ်လုပ်ထားတဲ့ချစ်ပ်ကိုပြသခဲ့ပါတယ်။

TechInsight အစီရင်ခံစာထဲမှာ SMIC ရဲ့ ဖောက်သည်ဖြစ်တဲ့ တရုတ်နိုင်ငံအခြေစိုက် MinerVa Semiconductor Corp., ဟာ သူတို့ရဲ့ ဝဘ်ဆိုက်ထဲမှာ 7nm ချစ်ပ်ကိုပြသခဲ့ပြီး ချစ်ပ်ထုတ်လုပ်သူကိုအတိအကျဖော်ပြထားခြင်းမရှိပဲ ၂၀၂၁ ဇူလိုင်လကတည်းက အမြောက်အမြားထုတ်လုပ်နေခဲ့ပြီလို့ဆိုထားပါတယ်။ ဒါကို SemiAnalysis က Dylan Patel က စတင်သတိပြုမိခဲ့တာဖြစ်ပါတယ်။ TechInsight အဆိုအရ SMIC ရဲ့ 7nm ချစ်ပ်ဟာ TSMC 7nm နည်းပညာကိုအတော်လေးဆင်တူအောင်ကူးယူထားတယ်လို့ဆိုထားပါတယ်။
SMIC နဲ့ MinerVa ရဲ့ ကိုယ်စားလှယ်တွေကတော့ ဒီကိစ္စကိုအကြောင်းပြန်ခြင်းမရှိသေးပါဘူး။
SMIC မှာ ပိုမိုအဆင့်မြင့်တဲ့ 7nm N+2 version လည်းရှိသေးတယ်လို့ဆိုပြီး MinerVa မှာထည့်သုံးထားတာ N+1 လား N+2 လားဆိုတာမသိရပါဘူး။
ထိုင်ဝမ်အခြေစိုက် TSMC ဟာ ၂၀၀၂ခုနှစ်နဲ့ ၂၀၀၆ခုနှစ်တွေမှာ သူတို့ရဲ့ နည်းပညာတွေကို SMIC ကတုပမှုရှိတယ်ဆိုပြီးတရားစွဲခဲ့ဖူးပြီး TechInsight အနေနဲ့ SMIC ဟာ TSMC ရဲ့ 7nm ကိုကူးယူထားကြောင်းအခိုင်အမာပြောဆိုခြင်းဟာ ကုမ္ပဏီ၂ခုကြား ဥပဒေရေးရာတိုက်ပွဲကိုဦးတည်သွားစေမှာပါ။
MinerVa ရဲ့ Bitcoin mining ချစ်ပ်ဟာ 4.6x4.2 mm သာရှိပြီး SMIC ဟာ 7nm ရဲ့ ကနဦးအဆင့်မှာသာရှိသေးကြောင်းပြဆိုနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုသေးငယ်တဲ့ချစ်ပ်တွေဟာ node တွေကို ပိုမိုတိုးတက်လာစေဖို့ လေ့လာသင်ယူရာမှာအထောက်အပံ့ဖြစ်စေပါတယ်။ နောက်ပိုင်း SMIC အနေနဲ့ ပိုမိုကြီးမားရှုပ်ထွေးတဲ့ 7nm node အခြေခံချစ်ပ်တွေကိုဖန်တီးလာနိုင်လိမ့်မယ်လို့ယူဆရပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်လောက်က ထရမ့်အစိုးရဟာ အမျိုးသားလုံခြုံရေးကိုအကြောင်းပြပြီး SMIC ကို တရုတ်စစ်တပ်နဲ့ဆက်နွယ်နေကြောင်းစွပ်စွဲခဲ့ပါတယ် ဒီကိစ္စကိုကုမ္ပဏီမှငြင်းဆိုခဲ့ပေမယ့်လည်း အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။ ဝါရှင်တန်ရဲ့ဆောင်ရွက်မှုအပြီးမှာ အမေရိကန်ကုမ္ပဏီတွေဟာ 10nm သို့ ဒီထက်ပိုအဆင့်မြင့်တဲ့ချစ်ပ်တွေထုတ်လုပ်ရာမှာ လိုအပ်တဲ့ကိရိယာတွေကိုရောင်းချမှုပိတ်ပင်လိုက်ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာနဟာ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ SMIC ကိုယခင်ကတုန်းက ရောင်းချခွင့်ပေးထားရတာလဲဆိုတာ မရှင်းလင်းပါဘူး။
အမေရိကန်ဆီးနိတ်တာ Marco Rubio နဲ့ ကွန်ဂရက်အမတ် Michael McCaul တို့ဟာ SMIC ရဲ့ပို့ကုန်ထိန်းချုပ်မှုတွေကိုကန့်သတ်ကာ အမေရိကန်လုံခြုံရေးကိုပိုမိုအားကောင်းစေဖို့နဲ့ တရုတ်နိုင်ငံဟာ နည်းပညာတွေကို ရုရှားထံလွဲပြောင်းပေးခြင်းအားဖြင့် မော်စကိုအနေနဲ့ဆန်ရှင်တွေကိုကျော်လွှားခြင်းမပြုလာနိုင်စေဖို့ ကုန်သွယ်ရေးဌာနကိုအကြိမ်ကြိမ်တိုက်တွန်းလျက်ရှိနေကြပါတယ်။
"ဘိုင်ဒင်အစိုးရအနေနဲ့လည်း မဟာမိတ်နဲ့မိတ်ဖက်တွေနဲ့ အတူတူပူးပေါင်းပြီး ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးနည်းပညာဘက်မှာ မျိုးဆက်များစွာအသာရအောင်စွမ်းဆောင်ထားနိုင်ဖို့ ထိန်းချုပ်နေကြပါတယ်" လို့ ကုန်သွယ်ရေးဌာနကပြောရေးဆိုခွင့်ရှိသူကဆိုထားပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီကတော့ ဒီအကြောင်းအရာကိုမှတ်ချက်ပေးဖို့တောင်းဆိုရာမှာ တုန့်ပြန်ခဲ့ခြင်းမရှိပါဘူး။
SMIC အနေနဲ့ ဒီလိုအမည်ပျက်စာရင်းသွင်းခံရတာဟာ နည်းပညာပိုင်းမှာတိုးတက်မှုကိုဆုတ်ယုတ်စေခဲ့တယ်လို့ဆိုပါတယ်။ ကုမ္ပဏီရဲ့ ထုတ်လုပ်နိုင်စွမ်းဟာ အဆင့်အမြင့်ဆုံး 5nm နဲ့ 3nm ချစ်ပ်တွေကိုဖန်တီးရာမှာလိုအပ်တဲ့ ASML ရဲ့ EUV lithography စက်တွေဝယ်ယူနိုင်မှုပိတ်ပင်ခံထားရတာကြောင့် ကြီးကြီးမားမားထိခိုက်ခဲ့ရပါတယ်။ နယ်သာလန်အစိုးရဟာ အမေရိကန်ရဲ့ဖိအားပေးမှုကြောင့် EUV စက်တစ်ခုကိုမှ တရုတ်ပြည်မကြီးကိုတင်ပို့နိုင်ခြင်းမရှိခဲ့ပါဘူး။
Source: Bloomberg and Tom's Hardware
#EnThueTech
#News
#Semiconductors

0 Comments