![]() |
Chip Somodevilla/Getty Images |
အမေရိကန်အထက်လွှတ်တော်ဟာမနေ့က ချစ်ပ်ထုတ်လုပ်သူတွေအတွက် ဒေါ်လာ ၅၂ဘီလီယံအပါအဝင် ဒေါ်လာ၂၈၀ဘီလီယံ ရှိသည့် CHIPS and Science အက်ဥပဒေကို ထောက်ခံမဲ ၆၄-၃၃မဲနဲ့ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါဥပဒေမှာ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတွေအတွက် ရင်းနှီးမတင်မှုအခွန်ငွေ ခန့်မှန်းဒေါ်လာ ၂၄ဘီလီယံလောက်လည်းပါရှိမှာဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာတည်ထောင်တဲ့ ဒါမှမဟုတ် တရုတ်နိုင်ငံမှာလည်ပတ်နေတဲ့ကုမ္ပဏီ ဒါမှမဟုတ် အနာဂတ်မှာ ဖော်ရွေမှုမရှိတဲ့နိုင်ငံတွေကို ကန့်သတ်မှုတွေလည်းပါရှိပါတယ်။
အမေရိကန်အောက်လွှတ်တော်အနေနဲ့ ဒီနေ့မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အတည်ပြုမယ်လို့ခန့်မှန်းရကာ သမ္မတဘိုင်ဒင်အနေနဲ့ နောက်အပတ်မှာ လက်မှတ်ထိုးသွားမှာပါ။
CHIPS အက်ဥပဒေဟာ ကိုဗစ်လော့ဒေါင်းများနဲ့ ဝယ်လိုအားများလာမှုကြောင့် ချစ်ပ်အကျပ်အတည်းဖြစ်ပေါ်မှုကနေ ပေါ်ထွက်လာခဲ့တာပါ။ ပြင်းထန်တဲ့ရာသီဥတု၊ ထောက်ပံ့ပို့ဆောင်ရေးပြဿနာတွေနဲ့ ရုရှား၊ယူကရိန်းစစ်ပွဲစတဲ့အချက်တွေကြောင့် မမျှော်လင့်ထားတဲ့အခြေအနေဖြစ်ပေါ်လာတာ ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။
ကျနော်တို့ဒီဥပဒေကြမ်းကိုအကောင်အထည်ဖော်သွားမှာပါ လို့ ဆီးနတ်ရဲ့ လူများစုအဖွဲ့အကြီးအကဲ Chuck Schumer က ထုတ်ပြန်ချက်ထဲမှာပြောဆိုထားပါတယ်။ ဒါဟာ နိုင်ငံတော်မှာချစ်ပ်မပြတ်လပ်ဖို့၊ အမေရိကန်ကသုံးစွဲသူတွေဈေးသက်သာစွာရနိုင်စေဖို့၊ သိပ္ပံဆန်းသစ်တီထွင်မှုမြင့်မားစေဖို့နဲ့ အလုပ်အကိုင်တိုးပွားစေဖို့ ရည်ရွယ်ပြီးဆောင်ရွက်ရတာဖြစ်ပါတယ်။
နိုင်ငံရေးသမားအားလုံးကတော့ ဒီဥပဒေကြမ်းကိုမထောက်ခံကြပါဘူး။ Vermont ပြည်နယ် ဆီးနိတ်အမတ်ဖြစ်သူ Bernie Sanders က Intel၊ Taxes Instruments၊ Micron Technology၊ Global Foundries နဲ့ Samsung စတဲ့ အကြီးဆုံးချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ ၅ခုဟာ မနှစ်က ဒေါ်လာ ၇၀ဘီလီယံမြတ်စွန်းခဲ့ပါတယ်။ ဒီကုမ္ပဏီတွေအတွက် သက်သာချောင်ချိရေးလုပ်ဖို့တကယ်များလိုအပ်လို့လား မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီအက်ဥပဒေကို Intel ဟာ တက်တက်ကြွကြွထောက်ခံနေသူဖြစ်ပြီး နှောင့်နှေးမှုတွေကြောင့် အိုဟိုင်းယိုးက ချစ်ပ်ထုတ်လုပ်ရေးစက်ရုံအုတ်မြစ်ချပွဲကိုရွေ့ဆိုင်းထားရပါတယ်။
ဒီအက်ဥပဒေနောက်ကွယ်က အခြားအဓိကကျတဲ့အချက်က အမေရိကန်အနေနဲ့ သူတို့ရဲ့ချစ်ပ်တွေအတွက် ထိုင်ဝမ်ကိုမှီခိုနေရတာကြောင့်ဖြစ်ပါတယ်။ ကုန်သွယ်ရေးဝန်ကြီး Gina Raimondo က အကယ်၍ ချစ်ပ်ထုတ်လုပ်ရေးကနေဖြတ်တော့ခံရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေဟာ စီးပွားပျက်ကပ်ကိုအလျင်အမြန်ရင်ဆိုင်ရနိုင်တယ် လို့ယခင်ကဆိုထားဖူးပါတယ်။
ဒီလိုအိပ်မက်ဆိုးတွေဟာ ဖြစ်နိုင်ချေရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကိုစစ်ရေးအရအသုံးပြုလာနိုင်ကြောင်း ကာလရှည်ကြာပြောဆိုမှုတွေရှိခဲ့တာဖြစ်ပြီး ဒီကွဲကွာနေတဲ့ဒေသကို ပြည်မကြီးနဲ့ မဖြစ်မနေပြန်လည်ပေါင်းစည်းရမယ်လို့ဆိုထားတာပါ။ သတင်းတွေအရ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ရဲ့ ထိုင်ဝမ်အလည်အပတ်ခရီးစဉ်ကို အမှန်တကယ်ဆောင်ရွက်လာမယ်ဆိုရင် ခိုင်မာပြတ်သားတဲ့အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံကခြိမ်းခြောက်ထားပါတယ်။
ရိုက်တာသတင်းအရ အမေရိကန်နိုင်ငံက တရုတ်သံရုံးအနေနဲ့ ယခုမူကြမ်းကို ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ဒီကိစ္စဟာ စစ်အေးခေတ်ကအယူအဆတွေနဲ့ သူ့ဘက်ကိုယ့်ဘက်ခွဲခြားနေတာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အမေရိကန်ရဲ့ ကဏ္ဍအားလုံးကပြည်သူတွေရဲ့ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ဆန့်ကျင်လျက်ရှိနေတယ်လို့ဆိုပါတယ်။
Source: TechSpot
#EnThueTech
#News
#Semiconductors
0 Comments