Subscribe Us

header ads

Graphics Card တွေ‌ မအောင်မြင်မှာ စိုးရိမ်နေတဲ့ Intel


Intel ဟာ GPU ဈေးကွက်ထဲကို အရှိန်ဟုန်ပြင်းပြင်းနဲ့ဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပေမယ့် အနှောင့်အယှက်တစ်ချို့ကြုံလာရပါတယ် ဒါကတော့ သူတို့ရဲ့ ARC Alchemist A-series graphics card တွေဟာ Nvidia နဲ့ AMD တို့ရဲ့ လက်ရှိ RTX 30 series သို့ RX 6000 series မဟုတ်တဲ့ မျိုးဆက်သစ် graphics card တွေနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

Intel ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို အခြေခံထားတဲ့အချက်အလက်တွေအရ Intel ရဲ့ ARC A-series graphics card တွေဟာ လက်ရှိ high-end graphics card တွေကိုယှဉ်ပြိုင်နိုင်စွမ်းမရှိသေးသလို Intel ရဲ့ ပထမမျိုးဆက် graphics card တွေဟာ graphics API အဟောင်းတွေမှာ စွမ်းဆောင်ရည်နိမ့်ပါးနေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

Intel ရဲ့ အထက်လူကြီးတွေဟာ GPU လမ်းပြမြေပုံမအောင်မမြင်ဖြစ်လာနိုင်တာကို စိုးရိမ်နေကြပြီး ပြန်လည်စဉ်းစားနေတယ်လို့ဆိုပါတယ်။ Intel ရဲ့ dGPU ကိုကိုးကားထားပါတယ်ဆိုတဲ့ Coreteks ရဲ့အ‌ဆိုအရ Intel ရဲ့ နောင်လာမယ့်မျိုးဆက်သစ် Battlemage GPU ဟာ မေးခွန်းထုတ်စရာအခြေအနေဖြစ်နေပြီး Intel dGPU တွေဟာ အလှမ်းဝေးနေတာကိုပြသနေတယ်လို့ဆိုပါတယ်။

ဒီနေ့မှာ Intel ဟာ Optane Memory လုပ်ငန်းကိုရပ်ဆိုင်းလိုက်ပြီးဖြစ်ပြီး စီးပွားရေးအရတွက်ချေမကိုက်တာ ဒါမှမဟုတ် ကုမ္ပဏီရဲ့ရှေ့ဆက်မယ့်အစီအစဉ်မှာမပါဝင်တဲ့လုပ်ငန်းကိုရပ်ဆိုင်းမယ်ဆိုတဲ့ လက္ခဏာကိုပြဆိုနေတာလည်းဖြစ်ပါတယ်။ Intel အနေနဲ့လက်ရှိမှာ အမြတ်အစွန်းမသေချာတာ သို့မဟုတ် မဟာဗျူဟာရည်မှန်းချက်မဟုတ်တဲ့လုပ်ငန်းတွေကိုခွဲခြားလေ့‌လာနေပါတယ်။ အကယ်၍ Coreteks ရဲ့ သတင်းရင်းမြစ်ကအမှန်ဖြစ်ခဲ့ရင် Intel ရဲ့ သီးခြားGPU လုပ်ငန်းဟာ ရပ်ဆိုင်းဖို့စဉ်းစားထားတဲ့အထဲ တစ်ခုအပါအဝင်ဖြစ်လာပါလိမ့်မယ်။

Intel Xe graphics card concept by Cristiano Siqueira.


တော်သေးတာက Intel ဟာ သူ့ရဲ့ dGPU အစီအမံတွေကိုရပ်ဆိုင်းမယ့်ပုံမပေါ်သေးတာဖြစ်ပါတယ်။ Data Center တွေအတွက် GPU တွေဟာ အမှန်တကယ်ဆောင်ရွက်မယ့်ပုံရပြီး နှစ်ပေါင်းများစွာအတွက်ရေးဆွဲထားတဲ့ gaming GPU လမ်းပြမြေပုံဟာလည်း ရင်းနှီးမြုပ်နှံမှုအသစ်ရရှိစေသလို ကုမ္ပဏီရဲ့ကြီးမားတဲ့ အချိုးအကွေ့အဖြစ်မြင်လာစေပါတယ်။ Intel ဟာ gaming GPU ဈေးကွက်မှာ ကာလရှည်ကြာရှိနေမှာဖြစ်ပြီး အစောတလျင်အပြောင်းအလဲပြုလုပ်ခဲ့မယ်ဆိုရင် ကုမ္ပဏီအပေါ်လူတွေရဲ့ယုံကြည်မှုကိုကင်းမဲ့သွားစေနိုင်တာဖြစ်ပါတယ်။

လက်ရှိမှာ Intel ရဲ့ graphics ပိုင်းမှာ ယုံကြည်မှုမရှိနေပါဘူး။ Intel အနေနဲ့ AMD နဲ့ Nvidia နှစ်ခုလုံးနဲ့ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ရပါလိမ့်မယ် နောက်ထပ်အချက်က ကမ္ဘာ့စီးပွားရေးပျက်ကပ်ကိုရောက်ရှိဖို့တာစူလာနေခြင်းဟာလည်း GPU ဈေးကွက်အတွက် အနာဂတ်သိပ်မကောင်းလှတာဖြစ်ပါတယ်။ Intel အတွက် GPU ဈေးကွက်ထဲလက်ရှိနေရာယူထားပြီးဖြစ်တဲ့ သူတွေနဲ့ယှဉ်ပြိုင်ဖို့ခက်ခဲမှာဖြစ်ပြီး ဖောက်သည်တွေထံကယုံကြည်မှုရဖို့လိုအပ်နေပါတယ်။

ဒီအတိုင်းဆိုရင် Intel အနေနဲ့ သူတို့ရဲ့ GPU လုပ်ငန်းကိုရပ်ဆိုင်းဖို့မဖြစ်နိုင်လောက်ပါဘူး။ တကယ်လို့ Intel ရဲ့ ဘဏ္ဍာရေးအခြေအနေမကောင်းလာခဲ့ရင် ရပ်ဆိုင်းခံရမယ့်အထဲ GPU လုပ်ငန်းပါဝင်လာမှာဖြစ်ပါတယ်။ Intel ရဲ့ dGPU အဖွဲ့သားတွေအနေနဲ့ အောင်မြင်တဲ့ထုတ်ကုန်ကိုဖြန့်ချီပြသနိုင်ဖို့လိုအပ်နေပါတယ် ဘာလို့လဲဆို ဒီလိုဖြစ်မလာခဲ့ရင် Intel ရဲ့ GPU မျှော်မှန်းချက်တွေကို အဆုံးသတ်သွားစေနိုင်လို့ပဲဖြစ်ပါတယ်။

Intel ဟာ ဒီအပတ်ထဲမှာ သူတို့ရဲ့ 6th Gen ကနေ 10th Gen CPU တွေအနေနဲ့ legacy software support သာရရှိနိုင်တော့မယ်လို့ကြေညာလိုက်ပါတယ်။ ဆိုလိုတာက ဒီ CPU တွေရဲ့ iGP graphics driver တွေဟာ အရေးတကြီးပေးရမယ့် update မဟုတ်ဘူးဆိုရင် ယခင်ကထက် driver တွေထွက်ရှိမှု နည်းသွားပါလိမ့်မယ်။ 11th Gen နဲ့ 12th Gen တွေရဲ့ iGP ကတော့ Day 0 driver တွေရရှိနေမှာဖြစ်ပါတယ်။

Source: OC3D and Ars Technica

#EnThueTech
#News #Intel #GPU

Post a Comment

0 Comments