![]() |
Image: EA Sports via The Guardian |
ကြာသပတေးနေ့မှာ Electronic Arts က FIFA 23 အတွက် အမှာစာတွေလက်ခံပြီဖြစ်ကြောင်းကြေညာခဲ့ပြီး PC မှာ PS5 နဲ့ Xbox Series တွေလို ပိုမိုသဘာဝကျတဲ့ရုပ်ထွက်နဲ့ gameplay ကိုကစားနိုင်တော့မယ်လို့ဆိုပြီး ဒီဂိမ်းစက်တွေနဲ့ cross-play လည်းရလာပါတယ်။ ယခင်က PC မှာကစားရတဲ့ FIFA 22 နဲ့ FIFA 21 တို့ဟာ PS4 နဲ့ Xbox One တို့ရဲ့ Legacy Edition သာဖြစ်ပြီး မျိုးဆက်သစ်ဂိမ်းစက်တွေထက်တဆင့်နိမ့်နေခဲ့တာပါ။
ဒီလိုအဆင့်မြှင့်တင်လိုက်တာကြောင့် PC မှာ EA ရဲ့ HyperMotion နည်းပညာကိုထည့်သွင်းလာပါလိမ့်မယ်။ ကစားသူတွေဟာ console တွေလို ပိုမိုသဘာဝကျတဲ့ရုပ်ထွက်နဲ့ကစားဟန်တွေကိုရရှိနိုင်ပြီဖြစ်ပါတယ်။
EA ဟာ FIFA ဂိမ်းရဲ့ ကစားသူများပြားမှုကြောင့် minimum system requirements ကိုလည်း ထင်ထားတာထက်လျော့ချပေးထားတာတွေ့ရပါတယ်။ ဒါပေမယ့်ယခင်ဂိမ်းတွေထက်တော့ အနည်းငယ်ပိုလာတယ်ဆိုပေမယ့် GTX 1050Ti သို့ RX 570 လောက်သာလိုအပ်တာမို့ အများစုနဲ့အဆင်ပြေလောမယ်လို့ယူဆရပါတယ်။ DirectX 12 နဲ့ 100GB storage ကိုလိုအပ်တာမို့ အချို့တွေအတွက်တော့အဆင်မပြေလောက်ပါဘူး။
PC System Requirements
MINIMUM:
OS: Windows 10 64-bit
Processor: Intel Core i5 6600k or AMD Ryzen 5 1600
Memory: 8 GB RAM
Graphics: NVIDIA GeForce GTX 1050 Ti or AMD Radeon RX 570
DirectX: Version 12
Network: Broadband Internet connection
Storage: 100 GB available space
RECOMMENDED:
OS: Windows 10 64-bit
Processor: Intel Core i7 6700 or AMD Ryzen 7 2700X
Memory: 12 GB RAM
Graphics: NVIDIA GeForce GTX 1660 or AMD Radeon RX 5600 XT
DirectX: Version 12
Network: Broadband Internet connection
Storage: 100 GB available space
FIFA 23 မှာ အမျိုးသမီးကလပ်အသင်းနဲ့ အမျိုးသမီးကမ္ဘာ့ဖလားကိုလည်းမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် FIFA နဲ့ EA တို့ရဲ့ သဘောထားမတိုက်မတိုက်ဆိုင်မှုများကြောင့် ဒီဂိမ်းဟာ EA ရဲ့ FIFA အမည်နာမနဲ့ World Cup ပါဝင်တဲ့နောက်ဆုံးဂိမ်းတစ်ခုဖြစ်လာမှာပါ။ နောက်နှစ်မှာတော့ ဒီဂိမ်းစီးရီးကို EA Sports FC လို့အမည်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ PC မှာ FIFA 23 ကို Origin၊ Steam နဲ့ Epic Games တို့မှာ pre-order တင်ကာဝယ်ယူနိုင်ပါတယ်။ သို့ပင်သော်ငြား ယခင်ထက် $10 ပိုပေးရမှာဖြစ်ကာ $69.99 ကျသင့်မှာပါ။
Source: TechSpot and OC3D
#EnThueTech
#News
#Gaming
0 Comments