Subscribe Us

header ads

ကြောင်လေးအဖြစ်ကစားရမည့် Stray


ကြောင်ကလေးနေရာက ကစားရမယ့် Stray ဟာမနေ့ကစတင်ထွက်ရှိလာခဲ့ပြီး အတော်လေးလူကြိုက်များလျက်ရှိနေပါတယ်။ ဘက်ဂျက်အနည်းငယ်သာသုံးထားတဲ့ဒီဂိမ်းဟာ မနေ့က ကစားသူ ၆သောင်းကျော်အမြင့်ဆုံးရရှိခဲ့ပြီး Football Manager 2022 နဲ့ Death by Daylight တို့နဲ့ဆင်တူတဲ့ကစားသူဦးရေရှိခဲ့တာပါ။ လက်ရှိမှာလည်း ကစားသူပေါင်း ၅သောင်းဝန်းကျင်ရှိနေသေးတာကိုတွေ့ရပါတယ်။ ဒါဟာ ဒီဂိမ်းကိုဖြန့်ချီတဲ့ Annapurna Interactive အတွက်အမြင့်ဆုံးဖြစ်ခဲ့ပြီး အချို့ AAA ဂိမ်းတွေလောက်ရောင်းချခဲ့ရကာ indie ဂိမ်းတစ်ခုအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။




Stray ဂိမ်းဟာ Cyberpunk ဆန်ဆန်ကမ္ဘာထဲမှာ မိသားစုနဲ့ကွဲကွာနေတဲ့ လေလွင့်ကြောင်လေးနေရာကနေကစားရမှာဖြစ်ပါတယ်။ Review ကောင်းတွေလည်းရရှိထားပြီး user review အနေနဲ့ဆိုရင်လည်း လက်ရှိSteam မှာ user ပေါင်း ၂သောင်းကျော်ရဲ့ ၉၇ရာခိုင်နှုန်းက positive လို့ဆိုထားတာမို့ Overwhelming Positive ဆိုပြီးပြနေပါတယ်။ BlueTwelve Studio က‌ဖန်တီးထားတဲ့ Stray ဂိမ်းလေးကို လက်ရှိမှာ $29.99 နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။


#EnThueTech
#News
#Gaming

Post a Comment

0 Comments