![]() |
Image: Intel |
ကမ္ဘာ့စီးပွားရေးကိုတိုက်ခတ်နေတဲ့လေပြင်းတွေဟာ အင်အားကောင်းနေဆဲဖြစ်ကာ PC နဲ့ gaming ဈေးကွက်ဟာ ဘာအသားနဲ့မှထုထားတာမဟုတ်လို့ထိခိုက်လျက်ရှိနေပါတယ်။ ငွေကြေးဖောင်းပွမှုဟာနေရာတကာဖြစ်ပေါ်နေပြီး ဓာတ်ဆီဆိုင်၊ စူပါမားကတ်နဲ့ PC ရောင်းချတဲ့နေရာတွေမှာတွေ့နေရပါတယ်။ ဒီလိုရှောင်လွဲမရတဲ့ကိစ္စတွေကြောင့် Intel ဟာ ဈေးတွေတိုးမြှင့်လာဖို့ရှိနေပါတယ်။
Nikkei Asia နဲ့ The Register တို့ထံကသတင်းတွေအရ ဘယ် product တွေကိုဈေးတင်မလဲ သို့ဘယ်လောက်တင်မလဲဆိုတာမသိရသေးပေမယ့် အားလုံးမဟုတ်တောင်အများစုဈေးတက်လာဖို့ရှိနေပါတယ်။ သူတို့ရဲ့ရှုပ်ထွေးလှတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ သယ်ယူစားရိတ်တွေတိုးပွားလာတာက ဈေးမတက်လို့မရတဲ့အခြေအနေဖြစ်လာပြီး အခြားလုပ်ငန်းတွေဟာလည်းအခုမဟုတ်တောင် များမကြာခင် ဒီခြေရာကိုလိုက်နင်းလာနိုင်ပါတယ်။ တိုးတက်လာတဲ့စားရိတ်တွေဟာ နောက်ဆုံးမှာ သုံးစွဲသူထံသာရောက်ရှိကျခံရမယ့်ပုံစံဖြစ်လာပါတယ်။PC ဈေးကွက်ဟာ mining ဈေးကွက်ပျောက်သွားခြင်းနဲ့ အသစ်ထွက်ရှိလာမှာကို စောင့်ဆိုင်းနေတာကြောင့်ဝယ်လိုအားသိသိသာသာလျော့နည်းအပြီး နောက်ဆုံးမှာ PC နယ်ပယ်ဟာ ဈေးနှုန်းကြီးမြင့်မှုကိုကြုံတွေ့ရတော့မှာပါ။
The Register ရဲ့အဆိုအရ ဈေးနှုန်းဟာ အများဆုံး ၂၀ရာခိုင်နှုန်းအထိတိုးလာဖို့ရှိတယ်လို့ဆိုပါတယ်။ သာမန်သုံးစွဲသူတွေအတွက် ဒီလောက်မများလောက်ဘူးလို့ယူဆရပြီး စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ၂၀ရာခိုင်နှုန်းက မှုစရာမလိုသေးပါဘူး။
တစ်နေ့ပြီးတစ်နေ့ကမ္ဘာ့စီးပွားရေးဟာ တစ်လှုပ်လှုပ်ဖြစ်လာတယ်လို့ခံစားနေရပါတယ်။ အလုပ်လက်မဲ့နည်းပါးလာတဲ့ သတင်းကောင်းအချို့ရှိနေတယ်ဆိုပေမယ့်လည်း ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ ရှောင်လွဲလို့မရနိုင်တာကိုမြင်လာရပြီဖြစ်ပါတယ်။ အကယ်၍ တကယ်သာဖြစ်လာပြီဆိုရင် gaming လိုအပိုဆောင်းအသုံးပြုကြရတဲ့ အရာတွေဟာအရင်ဆုံးထိခိုက်လာမှာပါ။ အသစ်ထွက်လာမယ့် hardware တွေဟာမြန်ဆန်ကောင်းမွန်တယ်ဆိုပေမယ့် လူတွေလက်ထဲတကယ်ရောက်လာဖို့အတန်ကြာစောင့်ရနိုင်ပါတယ်။ ပထမဦးစားပေးဟာ နေအိမ်အခန်းခ၊ ကားအတွက်လောင်စာဆီနဲ့ စားပွဲပေါ်ကအစားအသောက်အတွက်ဖြစ်လာပြီး ဒါတွေကလည်းအကုန်ဈေးမြင့်မားလာပါလိမ့်မယ်။
ဒီသတင်းနဲ့ပတ်သက်ပြီးသင်ဘယ်လိုယူဆပါသလဲ။ ဈေးနှုန်းမြင့်မားလာမှုက သင့် PC upgrade လုပ်ခြင်းကိုထိခိုက်စေမှာလား။ လာမယ့်လတွေအတွင်း တိုးမြှင့်လာတဲ့ဈေးတွေကြောင့် Intel နဲ့ အခြားထုတ်လုပ်သူတွေအပေါ် ဝယ်လိုအားတွေဘယ်လိုသက်ရောက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ ကပ်ရောဂါကာလမှာ အချိုသကာလောင်းထားတဲ့ အထောက်အပံ့ကုန်ဆုံးသွားခဲ့ပါပြီ။ လူနေမှုဘဝပုံစံသစ်ကနေကြိုဆိုလိုက်ပါတယ်။
Source: PC Gamer
#EnThueTech
#News
0 Comments