Meta ဟာ အချို့အကောင့်တွေကို အကောင့်တစ်ခုမှာ profile ၅ခုထိထားဖို့စမ်းသပ်သွားမယ်လို့ဆိုပါတယ်။
အခုလာမယ့်စမ်းသပ်မှုမှာ အချို့သုံးစွဲသူတွေအနေနဲ့ နောက်ထပ် profile ၄ခုအထိ ဖန်တီးလို့ရလာမှာဖြစ်ပြီး နာမည်အရင်းနဲ့ identity အစစ်ဖြစ်ကြောင်းသက်သေပြပေးစရာမလိုပါဘူး။ဒီစိတ်ကူးက အသုံးပြုသူတွေဟာ မိမိအကောင့်မှာအခြားရည်ရွယ်ချက်နဲ့သုံးလို့ရမယ့် အခြား profile တွေထားခွင့်ရှိလာမှာပါ။ ဥပမာ ပင်ရင်းအကောင့်က သူငယ်ချင်းအရင်းတွေနဲ့မိသားစုအတွက်ဖြစ်ပြီး အခြား profile တွေက လုပ်ငန်းကလူတွေ သို့ အလုပ်နဲ့သက်ဆိုင်တဲ့အရာတွေ ဝါသနာပါရာတွေအတွက်ထားနိုင်ပါတယ်။
Meta ရဲ့ပြောရေးဆိုခွင့်ရှိသူက Engadget ကိုပြောကြားရာမှာ ဒီစမ်းသပ်မှုမှာပါဝင်တဲ့သူတွေဟာ Facebook ရဲ့စည်းမျဉ်းတွေကိုလိုက်နာရမှာဖြစ်ပြီး အခြားသူတစ်ယောက်လိုအယောင်ဆောင်လို့ရမှာမဟုတ်ပါဘူး။
စမ်းသပ်မှုမှာ လူဘယ်လောက်ပါဝင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ပလက်ဖောင်းတစ်ခုလုံးကို သုံးခွင့်ပေးမယ်ဆိုရင်တော့ Facebook ရဲ့ ပုံစံကိုပြောင်းလဲသလိုဖြစ်သွားမှာပါ။ ဒီကိစ္စဟာ Facebook မှာနာမည်အရင်းနဲ့အကောင့်ဘယ်လောက်သာဖွင့်လို့ရမယ်ဆိုတဲ့ ကာလရှည်ကြာစွဲကိုင်လာတဲ့မူဝါဒကိုလည်း ဆန့်ကျင်လျက်ရှိနေပါတယ်။
Source: TechSpot
#EnThueTech
#News
0 Comments