Subscribe Us

header ads

မျိုးဆက်သစ် graphics card များအတွက် 24Gbps GDDR6 memory ကိုကြေညာလိုက်တဲ့ Samsung


Samsung ဟာ ဒီနေ့မှာ ပထမဦးဆုံး 24Gbps GDDR6 RAM ကိုကြေညာခဲ့ပြီး ၎င်းဟာ Nvidia နဲ့ AMD တိုတို့ရဲ့ မျိုးဆက်သစ် graphics card တွေ အပြင် laptopတွေ၊ game consoleတွေနဲ့ data center တွေရဲ့ AI accelerator မှာထည့်သွင်းအသုံးပြုလာမှာဖြစ်ပါတယ်။

အခုဆိုရင် 16GB ရှိတဲ့ ဒီmemory chip အသစ်တွေကို နမူနာထုတ်လုပ်ထားပြီး သူ့ရဲ့ဖောက်သည်တွေကို ဒီလထဲမှာ စမ်းသပ်ခွင့်ပေးသွားမယ်လို့ ကိုးရီးယားနည်းပညာဘီလူးကြီးကဆိုပါတယ်။ ထပ်ပြီးဆိုရရင်ဖြင့် အသစ်ထွက်လာတဲ့ GPU အသစ်တွေနဲ့အတူပါလာမှာမို့ 24Gbps GDDR6 ကိုမကြာခင်ဖြန့်ချီပါလိမ့်မယ်။

ဒီ GDDR6 module အသစ်တွေဟာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခင် 18Gbps module တွေထက် ၃၀ရာခိုင်နှုန်းပိုမိုမြန်ဆန်တဲ့ အကျိုးကျေးဇူးရှိနေတာဖြစ်ပါတယ်။ တစ်ခြားတစ်နည်းဆိုရရင် အသစ်ထွက်လာမယ့် premium graphics card တွေမှာ တစ်စက္ကန့်မှာ 1080P ရုပ်ရှင် ၂၇၅ကားကိုပြောင်းရွေ့နိုင်တဲ့ memory bandwidth 1.1Tbps အထိရှိလာတာဖြစ်ပါတယ်။




Micron နဲ့ Nvidia တို့ပူးပေါင်းဖန်တီးထားတဲ့ GDDR6X နဲ့မတူတာက Samsung ရဲ့ GDDR6 DRAM အသစ်ဟာ JEDEC specification တွေနဲ့ လုံးဝကိုက်ညီပါတယ်။ high-k metal gate နည်းပညာကြောင့် စွမ်းအင်သုံးစွဲမှုပိုလျော့နည်းမယ်လို့လည်းယူဆရပါတယ်။ ဆိုလိုတာက GDDR6X ထက်ပိုမို အေးမြစွာအလုပ်လုပ်နိုင်သလို ပိုကောင်းတဲ့စွမ်းဆောင်ရည်နဲ့ ထုတ်လုပ်မှုစားရိတ်ပိုသက်သာလာပါမယ်။

ထုတ်လုပ်မှုအကြောင်းဆက်ပြောရရင် Samsung ဟာ သူ့ရဲ့ GDDR6 lineup ကို 10nm (1z) process node နဲ့ပြုလုပ်ထားကာ ဒီနည်းပညာအသစ်ကို GPU နဲ့ AI accelerator တွေအတွက်အဓိက ပစ်မှတ်ထားနေပါကာ low-power application တွေအတွက်လည်း 20Gbps နဲ့ 16Gbps မူကွဲတွေကိုထုတ်သွားဖို့ရှိနေပါတယ်။ Samsung အနေနဲ့ power efficiency ပိုကောင်းအောင် voltage ကို 1.1V ကနေ 1.35V အထိလိုသလိုပြောင်းလဲနိုင်တဲ့ dynamic switching နည်းပညာကိုလည်း အသုံးပြုထားတယ်လို့ဆိုပါတယ်။

Samsung အနေနဲ့ စွမ်းဆောင်ရည်မြင့် graphics ဈေးကွက်ဟာ လာမယ့်နှစ်တွေအတွင်း ဂဏန်းနှစ်လုံးစာခန့်တိုးတက်လာလိမ့်မယ်လို့ ကောင်းစွာယုံကြည်နေပါတယ်။ ကုမ္ပဏီဟာဈေးကွက်ဝေစုကြီးကြီးမားမားရယူလိုတာကြောင့် ချစ်ပ်ထုတ်လုပ်ရေးနည်းလမ်းတွေကိုဖန်တီးကြံဆနေပြီး ပြိုင်ပွဲမှာ TSMC ကို ဖြစ်နိုင်သမျှနည်းလမ်းတွေအသုံးပြုပြီး အနိုင်ယူဖို့ကြိုးစားနေပါတယ်။

Samsung အနေနဲ့လွန်ခဲ့တဲ့လတုန်းက ဟွားဆောင်းမှာ 3nm ကိုစတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ GDDR6 ကို Nvidia လိုကုမ္ပဏီတွေဘက်က စိတ်ဝင်စားတယ် စိတ်မဝင်စားဘူးဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Samsung ဟာ DRAM နယ်ပယ်မှာ ဈေးကွက်ဝေစု ၄၄ရာခိုင်နှုန်းနဲ့ ကမ္ဘာမှာဦးဆောင်နေတာဖြစ်ပါတယ်။

Source: TechSpot

#EnThueTech
#News
#Memory

Post a Comment

0 Comments