Ubisoft ဟာ သူတို့ရဲ့ဖောက်သည်တွေကိုအလေးထားဟန်မတူပါဘူး။ ဘာလို့လဲဆို ကျနော်တို့ဟာ စက်တင်ဘာလကနေစပြီး PCမှာ Assassin's Creed Liberation HD ကိုကစားနိုင်တော့မှာမဟုတ်တော့လို့ပါပဲ။ Ubisoft ဟာ စက်တင်ဘာလထဲမှာ သူတို့ရဲ့ legacy ဂိမ်းဆာဗာတွေကိုပိတ်သိမ်းမယ်လို့ဆိုထားပါတယ်။ ဆိုလိုတာက ဆာဗာမရှိတော့တဲ့အတွက် အွန်လိုင်းသီးသန့်ဂိမ်းတွေကစားနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် Ubisoft ဟာ single player ဂိမ်းဖြစ်တဲ့ Assassin's Creed Liberation HD ကို Assassin's Creed Liberty ကနေသီးခြားခွဲထုတ်တဲ့ patch ကိုထုတ်မပေးပဲလုံးဝကစားလို့မရတော့အောင်လုပ်တော့မှာမို့ပါပဲ။
အခုဆိုရင် Assassin's Creed Liberation HD ဟာ Steam မှာရောင်းချခြင်းမရှိတော့ပါဘူး။ ပိုဆိုးတဲ့အချက်က Steam ဟာ Summer Sale ဈေးချပြီးရောင်းထားခဲ့တာဖြစ်ပြီး အသစ်ဝယ်ယူထားသူတွေဟာ လက်ကျန် ၂လအတွင်းပြီးအောင်ကစားရမှာဖြစ်သလို ယခင်ဝယ်ယူထားဖူးတဲ့သူတွေဟာလည်း စက်တင်ဘာကနေစပြီးကစားလို့မရနိုင်တော့ပါဘူး။ ဒီလိုကိစ္စဟာ single player ဂိမ်းတစ်ခုအနေနဲ့လက်ခံနိုင်စရာမရှိပါဘူး။Ubisoft ဟာ ဒီပြသာကိုမဖြေရှင်းခဲ့ဘူးဆိုရင် သူတို့ရဲ့ ဂုဏ်သတင်းကိုထိခိုက်စေမှာဖြစ်ပြီး သူတို့ရဲ့ဖောက်သည်နဲ့ သူတို့ရဲ့ဂိမ်းအမွေအနှစ်တွေကိုဂရုမစိုက်ကြောင်း သက်သေပြရာရောက်ပါတယ်။
Assassin's Creed Liberation HD ဆိုတာ မူလက PS Vita အတွက်ထွက်ရှိခဲ့ version ကို remastered လုပ်ထားတာပါ။ Assassin's Creed Liberation HD ကို Assassin's Creed 3 Remastered ဝယ်ယူပါက အခမဲ့ရရှိနိုင်တယ်ဆိုပေမယ့် $39.99 ကျသင့်မှာဖြစ်ပါတယ်။
ဝယ်ယူထားတဲ့ဂိမ်းကို ဝင်ကစားမရတဲ့အခါ အနည်းဆုံးငွေပြန်မအမ်းတာ Steam မှာမဖြစ်ဖူးပေမယ့် Liberation HD မှာတော့ စတင်သတ်မှတ်လိုက်ပုံရပါတယ်။
Source: IGN and OC3D
#EnThueTech
#News
#Gaming
0 Comments