![]() |
CP1500PFCLCD (Image: CyberPower) |
Reddit ပေါ်က အသုံးပြုသူတွေရဲ့တုန့်ပြန်ချက်အရ Cyberpower ရဲ့ CF1500PFCLCD နဲ့ CP1350PFCLCD UPS အမျိုးအစားတွေဟာ မီးဘေးအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်တယ်လို့ဆိုပါတယ်။ အတည်မပြုရသေးတဲ့ စိစစ်ချက်တွေအရ အသုံးပြုထားတဲ့ ကော်ဟာ နောက်ဆုံးမှာ လျှပ်စစ်စီးကူးစေနိုင်ပြီး အချို့အစိတ်အပိုင်းတွေကိုရှော့ဖြစ်စေကာ မီးလောင်ကျွမ်းစေနိုင်တယ်လို့ဆိုပါတယ်။
အီလက်ထရွန်းနစ်ပစ္စည်း တွေမှာ ဒီအဝါရောင်ကော်ကိုအသုံးပြုလာခဲ့တာ ၁၉၇၀လောက်ကတည်းကပါ။ ပြဿနာက အချိန်ကြာမြင့်လာတဲ့အခါ ပျက်စီးလာကာ လျှပ်ကူးမှုဖြစ်လာစေတာပါ။ ကော်ရဲ့သက်တမ်းဟာလည်း ပတ်ဝန်းကျင်ရဲ့ အပူချိန်နဲ့သက်ဆိုင်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အကယ်၍ကော်ရဲ့အရောင်ဟာ အဝါရောင်ကနေ အညိုရောင် သို့ အနက်ရောင်ကိုပြောင်းလဲသွားပြီးဆိုရင် ကော်ရဲ့ဂုဏ်သတ္တိတွေပြောင်းလဲသွားတဲ့ လက္ခဏာလို့ဆိုနိုင်ပါတယ်။
Cyberpower ရဲ့ တုန့်ပြန်ချက်
Tom's Hardware က ဒီကိစ္စတွေနဲ့ပတ်သက်ပြီး Cyberpower ကိုမေးမြန်းရာမှာတော့ ဒီဗီဒီယိုဟာ အချက်အလက်တိတိကျကျမပါရှိလို့ ပြဿနာကိုခွဲခြမ်းစိတ်ဖြာလို့မရကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ သို့ပင်သော်ငြား ဒီကိစ္စကြုံတွေ့ရတဲ့သူတွေအနေနဲ့ ပြဿနာအရင်းအမြစ်ကိုဖော်ထုတ်နိုင်စေဖို့ UPS ကို သူတို့ထံပေးပို့ဖို့ အကြံပြုတယ်လို့ဆိုပါတယ်။ အဝါရောင်ကော်ကိစ္စနဲ့ပတ်သက်လို့ ကော်ဟာ သေချာစေ့စပ်စွာစစ်ဆေးထားပြီး ရလဒ်ဟာစံနှုန်းသတ်မှတ်ချက်တွေနဲ့ကိုက်ညီကာ အသုံးပြုဖို့သင့်တော်ကြောင်း Cyberpower ကဆိုပါတယ်။CF1500PFCLCD နဲ့ CP1350PFCLCD UPS တွေထွက်ရှိခဲ့တာ နှစ်အတန်ကြာပြီဖြစ်သလို အခုဆိုရင် revision ၃ခုမြောက်ကိုလည်းရောက်ရှိနေပြီဖြစ်ပါတယ်။ အသုံးပြုသူတွေအဆိုအရ ဒီပြဿနာဟာ ပထမနဲ့ ဒုတိယ revision တွေမှာဖြစ်ပေါ်ခဲ့တာပါ၊ တတိယ revision မှာတော့ ဒီအဝါရောင်ကော်ကိုပဲသုံးထားလားဆိုတာမသေချာသေးပါဘူး။ ဒါပေမယ့် ဒီပြဿနာဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတာမျိုးတော့မဟုတ်ပဲ Cyberpower ဟာ အခြားအသုံးပြုတွေနဲ့ ကာလရှည်ကြာသုံးစွဲလာသူတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေရရှိနေတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Cyberpower အနေနဲ့ မီးလောင်စေနိုင်တယ်လို့ဆိုကြတဲ့အချက်ဟာ အလွန်းအရေးကြီးတာမို့ စုံစမ်းစစ်ဆေးသင့်ပါတယ်။
Tom's Hardware ရဲ့မေးမြန်းမှုအပေါ် Cyberpower မှတရားဝင်ဖြေကြားချက်ကအောက်ပါအတိုင်းဖြစ်ပါတယ်။
We are aware of the video.
We take all product inquiries regarding appropriate operation and safety seriously. All CyberPower products and components are UL listed and tested for safety. More broadly, it is our intent to bring safe, high-quality power protection products to our customers around the world.
In the case of the video provided, it is not possible to exactly confirm the user’s claim as it does not offer full explanation of usage, analysis of failure, any testing results, or condition of the unit. Currently, we are unaware if this user has contacted us directly or opened a case with one of our technical agents and welcome them to do so as a complete analysis is the only means to validate root cause.
Regarding comments about the adhesive, we have thoroughly tested the adhesives we use, and our results are aligned with industry and UL standards. We conducted a full laboratory study of the adhesive being used in our products and deem it safe for this application.
We encourage all CyberPower customers with product troubleshooting, questions, or concerns to contact our Technical Support team at 1-877-297-6937. Our team is available 24 hours a day, seven days a week for product support and assistance.
Sincerely,
Cyber Power Systems (USA), Inc.
Source: Tom's Hardware
0 Comments