Subscribe Us

header ads

Facebook အကောင့် မလိုအပ်တော့တဲ့ Meta Quest VR headset များ


Oculus VR Headset တွေကိုအသုံးပြုသူတွေဟာ သူတို့ရဲ့ VR Headsetကို Facebook account နဲ့ချိတ်ဆက်စေခဲ့တာက မဟာအမှားကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ အခုဆိုရင် Facebook ကိုယ်တိုင်က ဒီအချက်ကိုသတိပြုမိလာပြီး Oculus (ယခု Meta) headset တွေကို သူတို့ရဲ့ Facebook ecosystem ကနေဖယ်ခွာသွားမယ်လို့ မနှစ်ကတည်းကအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။


အခု Meta ဟာ နောက်လမှာ သီးခြား Meta အကောင့်တွေကိုထုတ်‌ပေးမှာဖြစ်ပြီး Oculus profile တွေကို Meta profile အဖြစ်ပြောင်းလဲသွားမှာပါ။ Meta headset အသုံးပြုသူတွေဟာ Meta Facebook Instagram အကောင့်တွေကိုဆက်လက် ချိတ်ဆက်အသုံးပြုနိုင်ပြီး VR မှာ connected experience ဆိုပြီးဆက်ရှိနေမှာပါ။ သို့ပင်သော်ငြား Meta အကောင့်တွေကိုပြောင်းလဲနိုင်ခြင်းကြောင့် Meta headset အသုံးပြုသူတွေဟာ Facebook အကောင့်မရှိပဲအသုံးပြုနိုင်လာပါလိမ့်မယ်။

တိုတိုတုတ်တုတ်ဆိုရရင် Oculus အသုံးပြုသူတွေဟာ သူတို့ရဲ့ VR Headset ကို social media အကောင့်တွေနဲ့ချိတ်ဆက်လိုခြင်းမရှိကြပါဘူး။ Facebook အကောင့်နဲ့ချိတ်ဆက်ဖို့လိုအပ်တာကြောင့် Oculus Quest အသုံးပြုသူတွေဟာ headset ကိုအသုံးမပြုလိုကြသလို အခြားသူတွေဟာလည်း Facebook အကောင့်ကိုဖျက်သိမ်းလိုပေမယ့် Oculus နဲ့ချိတ်ဆက်ထားတာကြောင့်ဖျက်သိမ်းလို့မရတာတွေလည်းရှိကြပါတယ်။

Meta အကောင့်ဟာ Meta Headset အသုံးပြုသူတွေကို ပိုပြီးလွတ်လပ်စေသလို Facebook ကနေဘန်းတာကြုံရတဲ့အခါ library တစ်ခုလုံးပျက်သွားတာလည်းကြုံရတော့မှာမဟုတ်ပါဘူး။

Source: OC3D

#EnThueTech
#News
#GPU&Display

Post a Comment

0 Comments