Subscribe Us

header ads

Sennheiser ရဲ့ Ambeo spatial audio နည်းပညာသစ်ကိုစတင်အသုံးပြုလာတဲ့ Netflix

Image: Netflix

ဂျာမဏီအ‌ခြေစိုက် နာမည်ကျော် အသံပိုင်းဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sennheiser ဟာ surround sound systemမလိုတဲ့ ပတ်လည်အသံပြေးစနစ် spatial audio နည်းပညာတစ်ခုကိုဖန်တီးလျက်ရှိပါတယ်။ ဒီနည်းပညာကို Ambeo 2-Channel Spatial Audio လို့ခေါ်ဆိုကာ ပုံမှန် stereo speakers တွေနဲ့အလုပ်လုပ်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ Sennheiser ရဲ့ အဆိုအရ ပုံမှန် TV တွေ၊ stereo system တွေ၊ headphones တွေ tablet သို့ laptop တွေမှာ တိုးတက်ကောင်းမွန်တဲ့ အသံကိုခံစားရစေမယ်လို့ဆိုထားပါတယ်။


Sennheiser ရဲ့ မိတ်ဖက်များစွာဟာ Ambeo အတွက်အတူပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီမိတ်ဖက်တွေထဲ Netflix ဟာတစ်ခုအပါအဝင်ပါဖြစ်ပြီး Streaming service တွေထဲ Embeo နည်းပညာကိုပထမဦးဆုံးအထောက်အပံ့ပေးမှာဖြစ်ပါတယ်။ Ambeo နည်းပညာကို Stranger Things ဇာတ်လမ်းတွဲရဲ့ Season 4 အပြင် Red Notice ရုပ်ရှင်ဇာတ်ကား၊ The Witcher ဇာတ်လမ်းတွဲနဲ့ နောင်ထွက်ရှိမယ့် Resident Evil ဇာတ်လမ်းတွဲတွေမှာ ထည့်သွင်းလာမှာဖြစ်ပါတယ်။

Embeo ကိုအသုံးပြုဖို့ audio output ဟာ stereo ဖြစ်ဖို့သာလိုပြီးအခြားဘာမှချိန်ညှိပေးစရာမလိုပါဘူး။ Ambeo ဟာ chennel ၂ခုထဲကို နှစ်မြောသွားစေတဲ့ အသံတွေကို Render လုပ်ထားပါတယ်။ ဒီအတွက် ပုံမှန်လုပ်ငန်းသုံးဖိုင်အမျိုးအစားကိုဟာသုံးဖို့လိုအပ်ပြီး သီးခြား mix တစ်ခုလုပ်ပေးဖို့လည်းမလိုဘူးလို့ဆိုပါတယ်။ Renderer က spatialization အတွက် အသေးစိတ်ထိန်းချုပ်ပေးထားတယ်လို့ Sennheiser ကဆိုပါတယ်။

အကယ်၍ Ambeo ဟာ ကတိပြုထားသလိုကောင်းကောင်းအလုပ်လုပ်ခဲ့မယ်ဆိုရင် ဒါဟာ Dolby Atmos နဲ့ အခြား spatial audio နည်းပညာတွေအသုံးပြုဖို့သီးခြားစက်ပစ္စည်း‌တွေ မရှိတဲ့သူတွေအဖို့ ကောင်းမွန်တဲ့ဖြေရှင်းချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

Source: Engadget

#EnThueTech
#News
#Audio

Post a Comment

0 Comments