Subscribe Us

header ads

တရုတ်ရဲ့ ချစ်ပ်ထုတ်လုပ်ရေးကို တားဆီးဖို့ကြိုးပမ်းနေတဲ့ အမေရိကန်




ASML ဟာ ချစ်ပ်ထုတ်လုပ်ရာမှာ အင်မတန်အရေးပါလှတဲ့ lithography စက်တွေကို ထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး တစ်ခုကို ဒေါ်လာ၁၆၅သန်းတန်တဲ့ သူတို့ရဲ့နည်းပညာအမြင့်မားဆုံး extreme ultraviolet (EUV) စက်တွေကို တရုတ်နိုင်ငံကဖောက်သည်တွေထံရောင်းချခြင်းမပြုနိုင်အောင် နယ်သာလန်အစိုးရကပို့ကုန်လိုင်စင်မချပေးဖို့ အမေရိကန်အစိုးရကဖိအားပေးနေပါတယ်။ Bloomberg ရဲ့ရေးသားချက်ထဲမှာ အခုဆိုရင်အမေရိကန်အစိုးရက သိပ်ခေတ်မမှီတဲ့ deep ultraviolet (DUV) lithography စက်တွေကိုပါ တရုတ်ဖောက်သည်တွေစီမရောင်းဖို့ ASML ကိုတွန်းအားပေး‌လာတယ်လို့ဆိုထားပါတယ်။ အဆိုပါစက်တွေက မျိုးဆက်တစ်ခုစာနိမ့်နေပြီဆိုပေမယ့် ဖုန်းတွေ၊ အလိုအလျောက်မောင်းနှင်တဲ့ကားတွေ၊ ကွန်ပျူတာတွေနဲ့ စက်ရုပ်တွေအတွက် ချစ်ပ်တွေဖန်တီးရာမှာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ အမေရိကန်ဟာ အဆင့်အမြင့်မားဆုံး DUV lithography စက်တွေကိုတရုတ်ကိုမရောင်းချအောင် ပိတ်ပင်လိုနေတာဖြစ်ပါတယ်။ ASML ဟာ ဒီနယ်‌ပယ်မှာ အဓိကထုတ်လုပ်သူဖြစ်ကာ မနှစ်က အဆင့်အမြင့်ဆုံး DUV နည်းပညာဖြစ်တဲ့ immersion lithography စက်တွေရောင်းချမှုရဲ့ ဝေစု ၉၅ရာခိုင်နှုန်းအထိရရှိထားခဲ့ပါတယ်။


Image: ASML


The Register ရဲ့အဆိုအရ DUV စက်တွေကို 30nm လို သက်တမ်းရင့်နေတဲ့ manufacturing process တွေမှာ အများအားဖြင့်အသုံးပြုကြတယ်ဆိုပေမယ့် multi-patterning နည်းလမ်းနဲ့ဆိုရင် ပိုမိုသိပ်သည်းတဲ့ node တွေကိုဖန်တီးနိုင်ပါတယ်။ သာဓကအနေနဲ့ TSMC ဟာ သူတို့ရဲ့ ပထမဆုံး 7nm node မျိုးဆက် ၂ခုကို DUV တွေနဲ့ဖန်တီးခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ တရုတ်ကို အမေရိကန်ကုမ္ပဏီတွေထံက အဆင့်မြင့် ချစ်ပ်ထုတ်လုပ်ရေးစက်တွေဝယ်ယူခွင့်ကို‌ပိတ်ပင်ထားပြီး ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nikon ကိုလည်း တူညီတဲ့ DUV ကရိယာတွေရောင်းချခြင်းမပြုဖို့ ကြိုးပမ်းကာဖိအားပေးနေပါတယ်။

အကယ်၍ဒီလိုသာလုပ်ခဲ့မယ်ဆိုရင် ASML ကိုထိခိုက်စေမှာဖြစ်ကာ တရုတ်ကုမ္ပဏီတွေဟာ မနှစ်က ASML ရောင်းချမှုအားလုံးရဲ့ ၁၄.၇ရာခိုင်နှုန်းဝယ်ယူထားခဲ့တာပါ။ မြင်သာအောင် ပြောရရင် တရုတ်နိုင်ငံကအကြီးမားဆုံးချစ်ပ်ထုတ်လုပ်တဲ့ SMIC ဟာ ၂၀၂၃ခုနှစ်မှာ DUV ပမာဏတိုးတက်လာအောင် ဒေါ်လာ ၁၁ဘီလီယံရင်းနှီးမြုပ်နှံသွားဖို့ရည်ရွယ်ထားတာပါ။

ASML ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ "ဒီဆွေးနွေးမှုဟာ အသစ်အဆန်းမဟုတ်ပါဘူး၊ ဆုံးဖြတ်ချက်မချရသေးသလို ကောလာဟလအပေါ် ခန့်မှန်းပြော‌ဆိုတာ ဒါမှမဟုတ် မှတ်ချက်ပေးတာတွေလုပ်မှာမဟုတ်ဘူး" လို့ဆိုပါတယ်။

လွန်ခဲ့တဲ့လက တရုတ်နိုင်ငံရဲ့ အစိုးရပိုင်နိုင်ငံတကာစီးပွားဖလှယ်‌ရေးဗဟိုဌာနရဲ့ စီးပွားရေးဆိုင်ရာအကြီးအကဲဖြစ်သူ Chen Wenling က "အကယ်၍ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ တရုတ်ကို ရုရှားလိုပြင်းထန်တဲ့ပိတ်ဆို့မှုတွေချမှတ်ခဲ့ရင် တရုတ်အနေနဲ့ ထိုင်ဝမ်ရဲ့ TSMC ကိုသိမ်းပိုက်ဖို့" ပြောကြားခဲ့ပါတယ်။

Related Posts




Post a Comment

0 Comments