သင်ရော တစ်ပတ်ရစ် graphics card ဝယ်မှာလား?
Crypto ဈေးကွက်အခြေအနေဟာတိုးတက်လာဖို့ရာ အခြေအနေမရှိသေးဘဲ၊ ဈေးကွက်ဟာ $1 trillion ကိုကျော်လွန်ခဲ့ပြီးနောက် ဒီအပတ်ကုန်မှာခေတ္တရပ်တန့်နေပါတယ်။ ဒါဟာ crypto မှာရင်းနှီးမြုပ်နှံသူတွေ၊ crypto ကုမ္ပဏီတွေနဲ့ မြောက်ကိုးရီးယားလိုနိုင်ငံအတွက်သတင်းဆိုးဖြစ်ပါတယ် ဒါပေမယ့် တပတ်ရစ် graphics card ကိုဝယ်ယူမယ့်သူတွေသတင်းကောင်းဖြစ်ကာ ဈေးတွေလည်းကျလာဖို့ရှိနေပါတယ်။
Bloomberg ရဲ့ ခန့်မှန်းချက် crypto mining လုပ်ရတာ တွက်ချေမကိုက်ဘူးလို့ miner တွေ ဆုံးဖြတ်လာတာနဲ့အမျှ graphics card ဈေးကွက် ၃ပုံ၁ပုံလောက်ပျောက်ကွယ်သွားနိုင်တယ်လို့ဆိုပါတယ်။ ၃၅ရာခိုင်နှုန်းရှိတဲ့ graphics card တွေဟာ လွန်ခဲ့တဲ့နှစ်ကုန်ဝန်းကျင်မှာ Bitcoin တန်ဖိုး $68000 လောက်ရောက်လာတဲ့အချိန်နဲ့ ဈေးထိုးမကျခင်ကြားလောက်မှာ ဝယ်ယူထားခဲ့ကြတာဖြစ်ကာ အခုအဆိုပါကတ်တွေအများပြားဟာ eBay လိုဆိုက်တွေမှာတစ်ပတ်ရစ်တွေနဲ့အဆုံးသတ်နေကြပါတယ်။ အချို့ကတ်တွေဆိုရင် လွန်ခဲ့တဲ့လအနည်းကဈေးရဲ့ထက်ဝက်လောက်သာရှိပါတော့တယ်။
![]() |
eBay မှ graphics card စျေးနှုန်းများ(Image: TechSpot) |
ဧပြီလက eBay မှာ RTX 3090 Ti ဟာ $2000 ဝန်းကျင်ရှိနေခဲ့ပြီး အခုဆိုရင် $1650 နဲ့ရနိုင်သလို RTX 3080 ဟာလည်း $1000 လောက်ကနေ လွန်ခဲ့တဲ့လတွေအတွင်း $770လောက်အထိကျဆင်းလာဝာယ်လို့ဆိုထားပါတယ်။
တစ်ပတ်ရစ်ကတ်တွေပဲ ဈေးကျလာတာမဟုတ်ပါဘူး graphics card အသစ်တွေဟာလည်းဈေးတွေကျလာခဲ့ပြီး တစ်ခါတစ်ရံ MSRP ထက်နည်းနေတတ်ပါတယ်။ ဒီအတွက် graphics card နဲ့အတူ bundle လုပ်ကာပူးတွဲဝယ်ယူရတဲ့ motherboard တွေလည်းရောင်းအားကျဆင်းလာခဲ့ပါတယ်။ EVGA ဆိုရင် ကတ်အတွက် တန်းစီထားစေတဲ့စနစ်ကို ရုတ်သိမ်းဖို့ပြင်ဆင်နေပြီး Nvidia ကတော့ RTX 3080 12 GB ကိုထုတ်မှာမဟုတ်တော့ဘူးလို့သိရပါတယ်။
၂၄နာရီ၇ရက်ပတ်လုံး mining လုပ်ထားခဲ့တဲ့ တစ်ပတ်ရစ် graphics card တွေကိုဝယ်ယူတဲ့အခါ ဆိုးရိမ်မှုမကြာခဏဖြစ်လာလေ့ရှိပါတယ်။ ဒီလိုဆိုးရိမ်တာကိုမှန်တယ်ဆိုနိုင်ပေမယ့် သင်ထင်ထားသလောက် စွမ်းဆောင်ရည်ထိခိုက်တာမျိုးရှိမှာမဟုတ်ပါဘူး။ အကယ်၍ graphics card ရဲ့ silicon ပျက်စီးလာတဲ့အခါဆိုရင်တော့ black screen ဖြစ်တာအစင်းကြောင်းတွေပေါ်လာတာမျိုးတော့ဖြစ်နိုင်တယ်လို့ Linus Tech Tipsရဲ့ video မှာဆိုထားပါတယ်။
Source: TechSpot
#EnThueTech
#News
#GraphicsCard
0 Comments