![]() |
Image: Samsung |
Samsung ဟာ ဧပြီလက 3nm ချစ်ပ်တွေကို ဒီနှစ်၆လပိုင်းအတွင်းစတင်ထုတ်လုပ်သွားမယ်လို့ကြေညာခဲ့တာသိကြမှာပါ။ အခုဆိုရင် Samsung အနေနဲ့ 3nmကို ကနဦးစတင်ထုတ်လုပ်နေပြီဖြစ်ကြောင်းကြေညာလိုက်ပြီမို့ 5nm ဆိုတာ နံပတ်တစ်ခုအဖြစ်သာမြင်လာခဲ့ရပါပြီ။
ဒီလိုပိုသစ်လွင်သေးငယ်ပြီး ပိုထိရောက်တဲ့ချစ်ပ်တွေဟာ Samsung ရဲ့ gate-all-around-field-effect transistors (GAAFET) architecture နဲ့ multi-bridge-channel field-effect transistors (MBCFET) နည်းပညာတွေအပေါ်မှာတည်ဆောက်ထားတာပါ။ ယခင်မျိုးဆက်ချစ်ပ်တွေက FinFET နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး MBCFET မှာတော့ nanosheet transistor တွေကို ဒေါင်လိုက်ထပ်ပိုးလို့ရလာပါတယ်။ဒီလိုလုပ်နိုင်ခဲ့တဲ့အတွက် ယခင် FinFET တုန်းက ကရိယာတွေနဲ့ ထုတ်လုပ်တဲ့ပုံစံကိုဆက်သုံးလို့ရခြင်း၊ဒေါင်လိုက်ထပ်ပိုးလို့ရလာတဲ့အတွက်နေရာလည်းထပ်မပေးရခြင်းနဲ့ အဖွင့်အပိတ်ပါလုပ်လို့ရတာမို့ operation voltage ကိုပါလျော့ချထားနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။
5nm နဲ့နှိုင်းယှဉ်မယ်ဆိုရင် 3nm ချစ်ပ်တွေဟာ စွမ်းအင်သုံးစွဲမှု ၄၅% လျော့နည်းပြီး စွမ်းဆောင်ရည် 23%တိုးတက်လာကာ ဧရိယာ ၁၆%ပိုလျော့နည်းပါတယ်။ Samsung ဟာ ဒုတိယမျိုးဆက် 3nm မှာဆိုရင် ၅၀%၊ ၃၀% နဲ့ ၃၅% အထိအသီးသီးတိုးတက်လာအောင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
Samsung အနေနဲ့ 3nm ချစ်ပ်ရဲ့ ပထမဦးဆုံးဖောက်သည်တွေကိုမကြေညာခဲ့ပေမယ့် သူတို့ရဲ့ကိုယ်ပိုင်ထုတ်လုပ်တဲ့ဖုန်းတွေမှာထည့်သွင်းလာဖို့ရှိပါတယ်။ လက်ရှိမှာ Samsung ဟာ TSMC ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်ပြီး TSMC အနေနဲ့ 5nm ကိုသာ အဓိကအာရုံစိုက်ထားဆဲဖြစ်သလို 3nm ဟာ ဒီနှစ်နှောင်းပိုင်းအထိရောက်မလာနိုင်သေးသလို 2nm ကိုလည်း ၂၀၂၅ခုနှစ်လောက်မှထုတ်ဖို့စီစဉ်ထားပါတယ်။ ဒီအတွက် Samsung ဟာ လအနည်းငယ်လောက် ဦးဆောင်ခွင့်ရနေမှာဖြစ်ပါတယ်။
Source: PCMag
#EnThueTech
#News
#Semiconductors
0 Comments