Subscribe Us

header ads

သီးခြား GPU ပါဝင်တဲ့ AYANEO NEXT II

Image: AYANEO


AYANEO ဟာ Handheld Gaming PC လောကမှာ လမ်းသစ်ဖောက်ဖို့ကြံရွယ်နေပြီး ဒီနေ့မှာ သီးခြားGPU တပ်ဆင်ထားတဲ့ AYANEO NEXT II ကိုကြေညာလိုက်ပါတယ်။ AYANEO NEXT II ကို Intel Alder Lake သို့ AMD Ryzen/Radeon 6000နဲ့ရရှိမှာဖြစ်ပြီး သုံးမယ့် CPU model အတိအကျကိုတော့မပြောသွားပါဘူး။ ဒါ့အပြင် NEXT II ဟာ Intel ARC Alchemist GPU သုံးထားတဲ့ပထမဆုံး game console ဆိုနိုင်ပါတယ်။ NEXT II ရဲ့အရွယ်အစားအရ Xe-Core ၈ခုပါတဲ့ ACM-G11 အခြေခံ GPUဖြစ်နိုင်ပါတယ်။
AYANEO NEXT II, Image: AYANEO

AYANEO NEXT II, Image: AYANEO

AYANEO NEXT II, Image: AYANEO

AYANEO NEXT II ဟာ ယခင် AYANEO 2 သို့ AYANEO 2 Geek Edition နဲ့ပုံစံကွဲပြားနေပြီး အရွယ်အစားပိုကြီးမလားလာကာ Steam Deck အရွယ်လောက်ဖြစ်နိုင်ပါတယ်။ Steam Deck လိုပဲ AYANEO NEXT II မှာ ဆင်တူတဲ့ Trackpad တွေ တစ်ဖက်စီမှာပါလာတဲ့အတွက် Steam Deck certified ဂိမ်းတွေပါဆော့နိုင်လောက်ပါတယ်။

Image: AYANEO

၂၀၂၂ခုနှစ်မှာ AYANEO က ဂိမ်းစက်အသစ်၇မျိုးကိုမိတ်ဆက်ထားပါတယ်။ ကုမ္ပဏီဟာ Intel နဲ့ AMD APU အနိမ့်ပိုင်းတွေထည့်သွင်းထားပြီး ဒေါ်လာ ၃၀၀ဝန်းကျင်ဈေးနှုန်းချိုသာတဲ့ မော်ဒယ်တွေမိတ်ဆက်လာဖို့ရှိသလို AMD Zen 3+ Ryzen 6000U series နဲ့ RDNA 2 graphics ပါဝင်တဲ့ $650-1000 ဝန်းကျင် အလယ်အလတ်တန်းစားတွေကိုလည်းထုတ်သွားမှာပါ။

Image: Videocardz

AYANEO NEXT II ကတော့ premium ဖြစ်ပြီး ဈေးနှုန်းက $1000ထက်ပိုနိုင်တယ်ဆိုပေမယ့် အသေးစိတ်မသိရသေးပါဘူး။



Source: Videocardz

#EnThueTech
#News
#Gaming

Post a Comment

0 Comments