Subscribe Us

header ads

Steam Deck ကို ၂ဆတိုးထုတ်သွားမည်ဟု Valve အတည်ပြု

Image: Steam Deck

ကမ္ဘာ့အကျော်ကြားဆုံး ဒစ်ဂျစ်တယ်ဂိမ်းစတိုးနှင့် Steam Deck အားထုတ်လုပ်သူ Valve ဟာ အပတ်စဉ်ထုတ်လုပ်မှုကို ၂ဆကျော်တိုးထုတ်သွားမယ်လို့ကြေညာခဲ့ပါတယ်။ ထုတ်လုပ်မှု အလျင်မှီလာခဲ့ရင် ဂိမ်းစက်တွေကို ၂ဆပိုတင်ပို့နိုင်မယ်လို့ဆိုပါတယ်။ ဒါဟာ တတိယ၃လပတ်အတွင်း ရရှိမယ်လို့ မျှော်လင့်နေတဲ့ သုံးစွဲသူတွေအတွက်သတင်းကောင်းဖြစ်ပြီး ဒီလိုမှာယူထားသူတွေအတွက် ဇွန်လ၃၀မှာစတင်ပို့မယ်လို့ဆိုပါတယ်။


Valve အနေနဲ့ ထုတ်လုပ်ရေးမှာ ဘာအတားအဆီးတွေကြုံနေရလို့ ကြန့်ကြာနေသလဲဆိုတာတိတိကျကျမရှင်းပြထားပါဘူး။ ထုတ်လုပ်ရေးနဲ့ထောက်ပံ့ရေးကွင်းဆက်တွေကတော့ ကိုဗစ်ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲကြောင့် အဖုအထစ်တွေရှိခဲ့ပေမယ့် အရင်နှစ်တွေတုန်းကအတိုင်း မူလပုံမှန်အနေအထားကိုရောက်မယ့် လက္ခဏာတွေတော့ပြသနေခဲ့ပြီဖြစ်ပါတယ်။ graphics card တွေဝယ်ယူမှုများပြားခြင်းကြောင့် Valve ဟာ လိုချင်တဲ့ AMDချစ်ပ်ပမာဏထက် ပိုမိုနည်းပါးတဲ့ချစ်ပ်တွေကိုသာ ရယူခဲ့ရတယ်လို့ကာ အမှာစာတွေကြန့်ကြာခဲ့ရတဲ့အကြောင်းရင်းဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပါဝါထိန်းညှိတဲ့ချစ်ပ်နဲ့ ဘက်ထရီဆက်စပ်ပစ္စည်းတွေဟာလည်း ဝယ်လိုအားများပြားမှုနဲ့ ရရှိဖို့ခက်ခဲ့တာတွေဟာလည်း Valve အတွက်အမှာစာတွေကိုကြန့်ကြာစေခဲ့ပါတယ်။ အားလုံးကိုခြုံပြောရရင် Steam Deck တင်ပို့မှုက ယခင်ထက်ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။

Source: Techpowerup

#EnThueTech
#News

Post a Comment

0 Comments