Subscribe Us

header ads

Viewsonic XG2431: မြန်ဆန်ညက်ညောတဲ့ 240Hz FullHD IPS Gaming Monitor



ကျနော်တို့ ကွန်ပြူတာဈေးကွက်ထဲ Gaming Monitor တွေအများကြီးရှိပါတယ် ဒါပေမယ့် အများစုဟာ high refresh rate အတွက် TN နဲ့ VA panel တွေနဲ့သာအများစုဖြစ်ပါတယ်။ IPS panel gaming monitor တွေရှိပေမယ့်လည်း response time သိပ်မကောင်းကြပဲ Blur ဖြစ်တဲ့ရုပ်ထွက်ကိုသာပေးကြပါတယ်။ အခုနောက်ပိုင်းမှာ IPS monitor တွေရဲ့နည်းပညာဟာ တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး response time တွေလည်းကောင်းလာကြပါပြီ။ အခုကျနော် ဈေးကွက်မှာ နာမည်ကြီးနေသလို ဈေးနှုန်းသင့်တင့်ကာ 240Hz IPS panel သုံးထားတဲ့ ViewSonic ရဲ့ XG2431 monitor လေးကို Review လုပ်ပေးသွားပါမယ်။

Introduction

ViewSonic လို့ပြောလိုက်ရင် ကျနော်တို့ကွန်ပျူတာလောကမှာ မသိတဲ့သူမရှိလောက်အောင်နာမည်ရတဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။ ViewSonic ဟာ နောက်ပိုင်းနှစ်တွေမှာ gaming ဘက်ကိုလည်းအာရုံစိုက်လာခဲ့ပြီး သူ့ရဲ့ gaming monitor တွေကို Omni ဆိုပြီး rebranding လုပ်ခဲ့တဲ့အကြောင်းကို ကျနော်နှစ်ဆန်းပိုင်းလောက်ကတင်ခဲ့ဖူးပါတယ်။ အခုကျနော် review လုပ်မယ့် ViewSonic XG2431 ဟာလည်း ကမ္ဘာ့အချို့နေရာတွေမှာ OMNI XG2431 ဆိုပြီးတွေ့ရနိုင်ပါတယ် ဒီလိုနာမည်သာကွဲတယ်ဆိုပေမယ့် ပစ္စည်းက အတူတူပဲလို့ပြောနိုင်ပါတယ်။

Specifications

Panel Size: Wide Screen 24.5"(62.23cm) 16:9
Color Saturation : 72%(NTSC), sRGB: 104%
Panel Type : IPS with VESA DisplayHDR 400
True Resolution : 1920x1080
Pixel Size: 0.275 mm (H) x 0.275 mm (V)
Display Surface: Anti-Glare, Hard Coating (3H)
Pixel Pitch : 0.2832 x 0.2802mm
Brightness(Max) : 350 cd/㎡
Static Contrast Ratio: 1,000:1 (typ)
Dynamic Contrast Ratio: 80M:1
Viewing Angle (CR≧10) : 170°(H)/160°(V)
Response Time : 1ms (Gray to Gray), 0.5ms (MPRT)
Display Colors : 16.7M
Color Space Support: 8 bit true, 10 bit FRC
Refresh Rate (max) : 240Hz
Adaptive Sync: AMD FreeSync Premium
USB 3.2 Type A Down Stream: 2
USB 3.2 Type B Up Stream: 1
3.5mm Audio Out: 1
HDMI 2.0: 2
DisplayPort: 1
Price: $349

Design and Build Quality

Viewsonic XG2431 ဟာ နောက်ပိုင်းထွက်တဲ့ gaming မော်နီတာတွေပုံစံအတိုင်း ဘေးဘောင်လေးတွေ သေးသေးလေးဖြစ်ပါတယ် ဒီတော့ XG2431 ဟာ အရင် ၂၄လက်မမော်နီတာတွေထက်နည်းနည်းပိုသေးသွားသလိုခံစားရပါလိမ့်တယ်။ သူ့မှာထောင့်ဖြတ် 24in LCD display ပါဝင်ပြီး ပြန်ပအလင်းတွေ မျက်နှာပြင်ပေါ်အလင်းမပြန်စေတဲ့အလွှာအုပ်ထားပြီး IPS panel ကိုအသုံးပြုထားပါတယ်။


အရင်က gaming monitor တွေမှာ မြင့်မားတဲ့ refresh rate အတွက် TN နဲ့ VA Panel ကိုသုံးကြပေမယ့် နောက်ပိုင်း IPS တွေနည်းပညာတိုးတက်လာတာကြောင့် IPS panel ကိုသုံးလာကြပါပြီ။ IPS panel ဖြစ်တဲ့အတွက် Viewing Angle ကလည်းပြောစရာမလိုအောင်ကောင်းပြီးသားဖြစ်ပါတယ်။


Viewsonic XG2431 ရဲ့ ကျောဘက်ကဒီဇိုင်းဟာ အခြား Gaming မော်နီတာတွေလိုမျိုး ပလပ်စတစ်ကိုယ်ထည်နဲ့ ထူထဲတဲ့ဒီဇိုင်းဖြစ်ပြီး gaming အသားပေးပုံစံ texture တွေ RGB မီးတွေမပါပဲ ရိုးရိုးရှင်းရှင်းပုံစံဖြစ်ပါတယ်။ စစခြင်းမော်နီတာကို ဘူးခွံကဖွင့်သုံးတဲ့အခါမှာလည်း screw driver မသုံးပဲ လွယ်လွယ်ကူကူတပ်ဆင်လို့ရပါတယ်။ ကိုယ်ထည်က ပလပ်စတစ်ဆိုပေမယ့် cheap ဖြစ်တယ်လို့ခံစားရတဲ့အထဲမပါပါဘူး။ အနောက်ကာဗာကနည်းနည်းထူတဲ့အတွက် မော်နီတာပေါ်မှာ lightbar တင်သုံးကြည့်တာ သိပ်အဆင်မပြေတာကိုတွေ့ရပါတယ် ဒါကလည်း သိပ်ပြဿနာမဟုတ်ပဲ မိမိအသုံးပြုတဲ့ lightbar model အလိုက် အဆင်ပြေမပြေကွာခြားသွားနိုင်ပါတယ်။


သူ့မှာသုံးပေးထားတဲ့ monitor stand ကလည်း ပလပ်စတစ်ပဲဖြစ်ပြီး အချို့မော်နီတာတွေလို V Shape bracket မဟုတ်တာမို့ နေရာသိပ်မယူသလိုပါဘူး။ ဒါပေမယ့် monitor stand ဟာ အရွယ်နည်းနည်းကြီးသလိုတော့ခံစားရစေပါတယ် ဒီအတွက် အောက်ခြေဟာကုပ်အားအတော်ကောင်းပြီး မော်နီတာကို စားပွဲပေါ်မှာလုံးဝမလှုပ်ပဲတင်ထားနိုင်တာတွေ့ရပါတယ်။

cable management အတွက် Power Cable၊ HDMI၊ Display Port စတဲ့ကြိုးတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် စီစဉ်ဖို့ရာ stand နောက်ဘက်မှာ cable management clip လေးထည့်ပေးထားပါတယ်။ အကယ်၍ ပုံမှန်အခြား monitor တွေလိုမျိုး cable management hole လေးနဲ့သာဆို ပိုကောင်းသွားမယ်လို့ထင်ပါတယ်။ XG2431 မှာ သူ့ရဲ့ Power Supplyကို မော်နီတာထဲမှာတစ်ခါတည်းမြုပ်နှံထည့်သွင်းပြီးသားဖြစ်တဲ့အတွက် Adapterမလိုပဲ AC နဲ့တိုက်ရိုက်ချိတ်သုံးရမှာဖြစ်ပါတယ်။

Ergonomics အပိုင်းအတွက်ကတော့ အနိမ့်အမြင့်ချိန်လို့ရမယ်၊ ဘယ်ညာလှည့်လို့ရမယ်၊ မော်နီတာကိုဒေါင်လိုက်လဲထားလို့ရပါတယ်။


Height adjustment (0~120mm)
Swivel (+90°~-90°)
Pivot+90°~-90° (clockwise & counterclockwise)
Tilt (+15° ~ -5°) အထိ Adjust လုပ်လို့ရမှာဖြစ်ပါတယ်။ ကိုယ်က Stand နဲ့မသုံးပဲ မော်နီတာ ၂လုံး၃လုံးသုံးမယ်ဆိုရင် 100x100mm VESA Mount ကိုသုံးနိုင်ပါတယ်။

Features and Connectivity

XG2431 ရဲ့ OSD ကိုထိမ်းချုပ်ဖို့ရာ မော်နီတာညာဘက်အောက်နားမှာ ခလုပ်လေးတွေထည့်သွင်းပေးထားပါတယ်။ Menuတွေကိုဝင်ထွက်ဖို့ Joy Stick ဘုသေးသေးထည့်ထားတာမဟုတ်ပဲ ခလုပ်လေးတွေနဲ့ သုံးရတာမို့ စစခြင်းသုံးရတာနည်းနည်းအဆင်မပြေသလိုဖြစ်ပေမယ့် ရက်အနည်းငယ်မှာအသားကျသွားပါတယ်။



ခလုပ်တွေက

1. Left Button
2. Right Button
3. OK Button
4. Back Button
5. Exit Button
6. Power Button တို့ဖြစ်ပါတယ်။


Power မီးကအပြာရောင်လေးလင်းနေမှာဖြစ်ပြီး တစ်ချို့monitor‌ တွေမှာလိုစားပွဲအောက်ခြေကို‌ထိုးထားတာမဟုတ်ပဲ အရှေ့ကိုထိုးထားတာမို့ စိတ်အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒီအတွက် Menu ထဲမှာ Power Button LED မီးကိုပိတ်ထားနိုင်ပါတယ်။


Connectivity အပိုင်းအနေနဲ့ XG2431 မှာ သင့်GPU နဲ့ချိတ်ဆက်ဖို့ရာ HDMI 2.0 ၂ခု၊ Display Port တစ်ခုပါပါတယ်။ ကိုယ့်ရဲ့ အခြား keyboard၊ mouse၊ soundcard စတဲ့ peripheral တွေသုံးဖို့ USB 3.2 Type B တစ်ခုကိုချိတ်ဆက်ကာ USB 3.2 Type A ၂ခုကို ပြန်ခွဲသုံးနိုင်ပါတယ်။ HDMI 2.0 ပါလာတဲ့အတွက် နောက်ဆုံးပေါ်ဂိမ်းစက်တွေနဲ့လည်းသုံးနိုင်ပါတယ်။ မော်နီတာအနောက်ဘက်မှာ USB ကြိုးတွေတပ်သုံးတဲ့အခါ အမြင်ရှင်းအောင် cable bungees တွေလေးတစ်ဖက်တစ်ခုစီထည့်ထားတာတွေ့ရပါတယ်။


အသံပိုင်းအတွက် 3.5mm audio output အတွက် audio jack တစ်ခုထည့်ပေးထားပြီး audio ouput က 24bit, 48000Hz အထိရတယ်ဆိုတော့ အရင်တုန်းက monitor တွေထက်ပိုကောင်းလာတယ်လို့ပြောနိုင်ပါတယ်။ 3W Stereo Speaker လည်း ၂ခုပါ၀င်ပြီး အသံကထိုက်သင့်သလောက်ကျယ်တယ်ဆိုပေမယ့် monitor တွေမှာပါတဲ့ speaker တွေရဲ့ထုံးစံအတိုင်း မရှိသုံးအနေအထားလောက်သာကောင်းပါတယ်။

Color and Brightness

XG2431ရဲ့မျက်နှာပြင်ဟာ Color ပိုင်းအတွက်
NTSC 72%
sRGB 98.64%
AdobeRGB 87.12%
DCI-P3 82.71% ရှိတဲ့အတွက် Color Gamut က content creation အတွက်လည်းသုံးလို့ရတယ်လို့ဆိုနိုင်ပါတယ်။ out of the box အနေအထားမှာ သူရဲ့ရုပ်ထွက်က ကျေနပ်စရာရုပ်ထွက်ကိုပေးပါတယ်။


အကယ်၍ ကာလာပိုမှန်တာလိုချင်တယ်ဆိုရင်တော့ calibration လုပ်တာပိုအဆင်ပြေပါလိမ့်မယ်။ Brightness က SDR 300nits လောက်ဆိုတော့ ပုံမှန် gaming monitor တွေလောက်ဖြစ်ပြီး HDR ဆိုရင်တော့ 450nits လောက်တက်လာတာတွေ့ရပါတယ်။ IPS panel မို့ viewing angle ဟာ VA နဲ့ TN တို့ထက်သိသိသာသာပိုကောင်းနေပါတယ်။

OSD

Joystick မဟုတ်တဲ့ ခလုပ်တွေကြောင့် OSD ကို သုံးရတာနည်းနည်းအားမရပေမယ့် XG2431 ရဲ့ OSD ဟာ သုံးရတာအဆင်ပြေပါတယ်။ 


Viewing Mode ၉ခု၊ black level နဲ့ response time တွေစသည်ဖြင့် ချိန်ညှိလို့ရမယ်။ HDR သုံးချင်ရင် OSD မှာဖွင့်ထားပေးဖို့လိုပါတယ်။ 

Video/Gaming Experience and HDR

XG2431 နဲ့ ပထမဆုံးဂိမ်းဆော့တဲ့အခါမှာ ကျနော်ကစားနေကြ Battlefield V ဂိမ်းက 140FPS သာ ထုတ်ပေးနေပေမယ့် ဂိမ်းထဲမှာ scope ကို zoom in လုပ်ပြီးချိန်လိုက်တဲ့အခါ သိသိသာသာမြန်ဆန်နေတာကိုခံစားရပါတယ်။ နဂိုကတည်းက 144Hz 1ms ရှိတဲ့ monitorကိုသုံးနေတဲ့သူမို့140FPS လောက်ဆိုရင်မသိသာဘူးထင်ခဲ့ပေမယ့် လက်တွေ့မှာသိသာတဲ့ခံစားမှုမျိုးပါ။ ဂိမ်းထဲမှာ ဘယ်ညာလှည့်ကြည့်တဲ့အခါမှာလည်းအတော်လေးကိုကြည်လင်ရှင်းလင်းနေပြီး blurry ဖြစ်တာ ghosting ဖြစ်တာတွေကအတော်လေးကိုနည်းနေပါတယ် IPS panel သုံးထားတဲ့ မော်နီတာအနေနဲ့ ဒီလိုခံစားမှုမျိုးကိုပေးနေတာကသိပ်ကိုကျေနပ်စရာ ကောင်းပါတယ်။ သူ့ရဲ့ 240Hz ကိုအပြည့်အဝစမ်းကြည့်ဖို့က 200~300 frame rate ကို AAA ဂိမ်းတွေမှာမရနိုင်လို့ eSports ဂိမ်းတွေဖြစ်တဲ့ CSGO နဲ့ Valorent လိုဂိမ်းတွေကစားကြည့်ရပါတယ်။ ဒီလိုကစားတဲ့အခါ Valorent မှာဆိုရင် 250~300 FPS လောက်ကစားနေရတဲ့အချိန်မှာ blur ဖြစ်တာတွေလုံးဝမရှိပဲ ကြည်ကြည်လင်လင်ချောချောမွေ့မွေ့ကစားနိုင်တာကိုတွေ့ရတဲ့အတွက် အရမ်းကိုသဘောကျစရာကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ဒီလိုပြတ်သားရှင်းလင်းနေတာကို အရင်စမ်းဖူးသမျှ display တွေမှာ တစ်ခါမှကိုမတွေ့ဖူးတာကြောင့် နောက်စမ်းမယ့် monitor တွေမှာဆို gaming experience မှာ XG2431 ကိုစံထားပြီးနှိုင်းဖို့စဥ်းစားထားပါတယ်။ ဒါကြောင့် XG2431 ဟာ Blur Busters 2.0 certified ဖြစ်တဲ့ ပထမဆုံးမော်နီတာဖြစ်နေတာဆန်းတော့မဆန်းလောက်ပါဘူး။


XG2431 ဟာ extreme gaming monitor မို့ latency ကိုအင်မတန်ဂရုစိုက်ထားပါတယ် ပုံမှန်အတိုင်းဆိုရင် 1ms ရှိတယ်ဆိုပေမယ့် 0.5ms အထိရအောင်လုပ်နိုင်ပါတယ်။ ဒီလို latency ပိုကောင်းလာအောင် monitor menu ထဲမှာ response time ကို ပုံမှန် standard ကနေ Advance နဲ့ Ultra Fast အထိတင်ကစားလို့ရပါတယ်။ Ultra Fast နဲ့ကစားတဲ့အခါ ghosting ပါးပါးလေးဝင်လာတယ်လို့ခံစားရပြီး အဲဒီ ghosting ကလည်း ကျနော့်ရဲ့ gaming monitor ထက်တောင်နည်းနည်းပိုကောင်းနေသေးတာမို့ ပါတယ်။ အကယ်၍သင်က အကောင်းဆုံးရုပ်ထွက်နဲ့ latency ကိုမှလိုချင်တယ်ဆိုရင်တော့ ViewSonic Strobe Utility ကိုသုံးပြီး latency 0.1ms အထိတက်နိုင်သမျှနည်းအောင်လုပ်ထားနိုင်ပါတယ်။ ဒီsoftware ကိုသုံးတဲ့အခါမှာ monitor menu ထဲက DDC/CI ဆိုတဲ့ feature ကိုဖွင့်ထားပေးဖို့လိုပါတယ်။ ဒီလိုလုပ်တဲ့အခါ screen ကအတော်လေးမှောင်သွားတာကြောင့် ကျနော့်အတွက်သိပ်အဆင်မပြေလှပါဘူး။


ဒါ့အပြင် XG2431 ဟာ VRR နည်းပညာဖြစ်တဲ့ AMD FreeSync Premium ကိုအထောက်အပံ့ပေးထားလို့ frame rate ကျသွားတဲ့အခါ tearing တွေ stuttering တွေမဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ Nvidia GPU အသုံးပြုသူတွေအတွက် G-Sync Compatible Certified မဟုတ်ပေမယ့်လည်း G-Sync Compatible ကိုဖွင့်ပြီး အဆင်ပြေပြေသုံးနိုင်ပါတယ်။

XG2431 ဟာ color depth အနေနဲ့ ပုံမှန် 8-Bitရပြီး 8bit မှာ အရောင်ပေါင်း 16.7 သန်းလောက်ရပါတယ်။ 10bit ကို‌ တော့ native support မလုပ်ပဲ Frame Rate Control (FRC)နည်းပညာနဲ့ 10bit ဖြစ်အောင်လုပ်ပေးနိုင်ပါတယ် ဒီ‌တော့ကာ အရောင်ပေါင်း ၁ဘီလီယံလောက်ကိုပြလာနိုင်ပြီး ပိုမိုတောက်ပြစိုပြေတဲ့အရောင်ကိုမြင်ရမှာပါ။ FRC ဆိုတာက pixel ၂ခုကို အလျင်အမြန်ပြောင်းပြလိုက်တာဖြစ်ပြီး pixel ၂ခုကြားထဲကအရောင်တွေအဖြစ်မြင်ရအောင်အမြင်အာရုံကိုလှည့်စားလိုက်တာဖြစ်ပါတယ်။ ဒီနည်းလမ်းကအတော်လေးအလုပ်ဖြစ်ပြီး 10bit color ကိုပြလာနိင်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ XG2431 ဟာ 10bit HDR ကိုအထောက်အပံ့ပေးပါတယ်။


XG2431 ဟာ DisplayHDR 400 certified ဖြစ်ပြီး HDR သုံးလို့ရတာမို့ ဂိမ်းထဲမှာ HDR ဖွင့်ကစားတဲ့အခါ ဂိမ်းတွေမှာ dynamic range ပိုကောင်းလာပြီး ကြည့်ရတာပိုမိုလှပလာပါတယ်။ ဒါပေမယ့် Brightness နည်းနည်းလေးများနေတဲ့ပုံစံကိုတွေ့ရပါတယ်။ color space မှာ limited လုပ်ထားရင် Brightness ကအနေတော်ဖြစ်သွားပါတယ်။ ဒါပေမယ့် ဂိမ်းထဲမှာတိမ်နဲ့မီးရောင်လိုတောင်ပ‌တဲ့နေရာတွေရောက်ရင် လင်းတဲ့နေရာကအရမ်းလင်းနေပြီး စျေးကြီးတဲ့ monitor တွေလို local dimming zone တွေမပါလို့ highlights တွေနည်းနည်းပျောက်သွားနိုင်တဲ့အတွက် Full မှာသာထားဖို့အကြံပြုပါတယ်။ Dolby Vision HDR ရတဲ့ Battlefield I နဲ့ Mass Effect Andromeda ဂိမ်းတွေဆိုရင်မလင်းလွန်းမမှောင်လွန်းပဲ ကာလာတွေအတော်စိုပြေပြီးကြည့်ကောင်းတာကိုတွေ့ရပါတယ်။

ဒီလိုအားနည်းချက်ရှိနေတယ်ဆိုပေမယ့် XG2431 ဟာ သူ့ specification အရဆိုရင် ဈေးကြီးတဲ့မော်နီတာ မဟုတ်သလို သူ့ရဲ့ HDR ကလည်း DisplayHDR 400 ဖြစ်ပြီး DisplayHDR certified ဖြစ်မှုမှာ အနိမ့်ဆုံးဖြစ်တဲ့အတွက် HDR ဘက်မှာ အရမ်းကောင်းမနေတာ အပြစ်ဆိုစရာမရှိပါဘူး။ အခြား HDR certified မဖြစ်တဲ့ monitor တွေမှာ HDR ပါခဲ့ရင်တောင် ဒီလောက်ကြည့်ကောင်းဖို့မသေချာပါဘူး။


HDR ကို အထောက်အပံ့ပေးလာတဲ့အတွက် gaming ဘက်မှာဆိုရင် Windows 11 ထဲပါရှိတဲ့ Auto HDR နည်းပညာကိုသုံးလို့ရလာပါတယ်။ Auto HDR ကအချို့ အထောက်အပံ့ပေးတဲ့ဂိမ်းတွေမှာအလိုအလျောက်အလုပ်လုပ်ပါတယ်။ Auto HDR က ဂိမ်းထဲမှာ HDR ကိုဖွင့်ပေးစရာမလိုပဲ HDR ဆန်တဲ့ရုပ်ထွက်ကိုပေးနိုင်ပါတယ်။ Auto HDR ကြောင့် ပုံမှန်ထက်ပိုတောက်ပတာကိုတွေ့ရပါတယ်။ ကျနော့်ဂိမ်း library ထဲက ဂိမ်းအချို့နဲ့စမ်းကြည့်ရသလောက်က Forza Horizon 5၊ Gears 5၊ Battlefield 5 နဲ့ Call of Duty Modern Warfare 2 Remastered တွေကို Auto HDR ရပါတယ်။ အဆိုပါဂိမ်းတွေထဲက အချို့က HDR ကိုအထောက်အပံ့မပေးပါဘူး။ HDR အထောက်အပံ့ပေးတဲ့ဂိမ်းတွေမှာ‌တော့ Auto HDR ဟာ HDR ဖွင့်သုံးသလို တူညီတဲ့ရုပ်ထွက်ကိုပေးပါတယ်။

Video ကြည့်တဲ့အခါ ပုံမှန် SDR အနေနဲ့ဆို ရုပ်ရှင်တွေဗီဒီယိုတွေအတော်ကြည့်ကောင်းပါတယ်။ HDR ဆိုရင် Dolby Vision ဆိုရင် အတော်ကြည့်ကောင်းပြီး HDR10ဆိုရင် Brightness နည်းနည်းများနေတဲ့ပုံပေါ်ပါတယ်။ YouTube နဲ့ Amazon Prime မှာဆိုရင် HDR video တွေကြည့်ရတာ OLED ဖုန်းတွေကိုမမှီပေမယ့် အတော်လေးကြည့်ကောင်းပါတယ်။ ဒါပေမယ့် အရမ်းလင်းလွန်းတဲ့နေရာတွေမှာ highlights တွေနည်းနည်းပျောက်ချင်သလိုလိုဖြစ်တာသတိထားမိပါတယ်။

The Good

  • Very Fast 240Hz IPS panel
  • Very Smooth Gameplay as Ever Seen
  • Quick Response Time
  • Good for HDR Gaming
  • DisplayHDR 400 Certified
  • Very Good Blur Reduction
  • Good Colors
  • Good Value

The Bad

  • Low Native Contrast
  • Lose Some Highlights in HDR Videos
  • No Cable Management Hole in monitor stand


Conclusion

Viewsonic XG2431 ဟာ အရည်အသွေးကောင်းတဲ့ panel၊ ထိုက်သင့်တဲ့ကာလာမှန်ကန်မှု၊ 240Hz refresh rateအပြင် blur နဲ့ tearing တွေလုံးဝမရှိသလောက်မို့ သင့်ကိုအတော်လေးစိတ်တိုင်းကျမှာဖြစ်ပြီး သူ့မှာပါတဲ့ DisplayHDR 400 ကတော့ အပိုဆုလဘ်အနေနဲ့အားဖြည့်ထားပါတယ်။ အားနည်းချက်လေးတွေရှိပေမယ့် သိပ်အရေးမပါလှတဲ့အချက်တွေဖြစ်နေတာအပြင် သူ့ရဲ့ဈေးနှုန်းကလည်း $349 ဝန်းကျင် မြန်မာငွေ ၇သိန်းစွန်းစွန်းလောက်ဆိုတော့ သာမန် 144Hz monitor တွေထက် ပိုများတယ်ဆိုပေမယ့် ပေးရတဲ့ဈေးနှုန်းနဲ့တန်တဲ့စွမ်းဆောင်ရည်ကိုပေးထားတယ်ဆိုနိုင်ပါတယ်။ XG2431 ကို graphics card ကောင်းကောင်းရှိပြီး ပိုလျှံနေတဲ့ FPS ကို resolution 1080P ကနေမတက်ပဲ ရုပ်ထွက်ကောင်းကောင်းကြည်ကြည်လင်လင်သုံးလိုသူတွေနဲ့ latency ကိုအင်မတန်ဦးစားပေးတဲ့ eSports ဂိမ်းတွေကစားတဲ့သူတွေရွေးချယ်သင့်တဲ့ မော်နီတာလို့မြင်ပါတယ်။ Viewsonic ရဲ့ XG2431 ဟာ အကောင်းဆုံး 1080P gaming monitor ထဲကတစ်ခုလို့ဆိုနိုင်ပါတယ်။ ကျနော်သာအခုချိန်မှာ 1080P gaming monitor တစ်ခုဝယ်ဖို့သာစဉ်းစားနေခဲ့တယ်ဆိုရင် Viewsonic XG2431 ကိုဝယ်ဖို့ လက်တွန့်နေမယ်မထင်ပါဘူး။ ဒီ review လေးအတွက် ကူညီပေးခဲ့တဲ့ Viewsonic ကိုလည်းကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Display #Monitor
#Viewsonic #XG2431

Post a Comment

0 Comments