Subscribe Us

header ads

MSIology: Ahead of the Curve June 2022

 



ဇွန်လ ၆ရက်နေ့ကကျင်းပခဲ့တဲ့ MSIology ပွဲမှာ MSI ဟာ laptop အသစ်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ MSIology ပွဲ ဟာ ဒီနှစ်မှာကျင်းပတဲ့ တတိယအကြိမ်မြောက်ပွဲဖြစ်ပါတယ်။ MSI ဟာ လွန်ခဲ့တဲ့ ၁၅နှစ်တာကာလအတွင်း ပထမဆုံး Overclockလုပ်နိုင်တဲ့ Laptop နဲ့ thin-and-light laptop တွေကိုဖန်တီးပေးခဲ့သလို ပထမဆုံး full size mechanical keyboardပါဝင်တဲ့ keyboardကိုလည်းဖန်တီးသူဖြစ်ပါတယ်။ MSI ဟာ ပထမဆုံးဆိုတဲ့ feature တွေကို laptopတွေမှာ ထည့်သွင်းပေးခဲ့ပြီး အခုဆိုရင် စံနှုန်းတစ်ခုအနေနဲ့တောင်မြင်နေကြရပြီဖြစ်ပါတယ်။ MSI ဟာ ဒီစံနှုန်းတွေကိုဆက်လက်ထိန်းသိမ်းလိုနေကြောင်းပြောသွားပြီး ဒီပွဲရဲ့နာမည်ကိုလည်း Ahead of the Curve လို့ပေးထားကြောင်းဆိုပါတယ်။

GT Series

ကြီးမားခန့်ထည်တဲ့ Titan ကိုကိုယ်စားပြုတဲ့ Titan GT ဟာ ဒီနှစ်မှာပြန်လည်တွေ့မြင်ရပြီဖြစ်ပါတယ်။ Titan GT 77 ဟာ reddot design winner 2022 ဆုကိုရရှိခဲ့တာမို့ အတော်လေးမိုက်တဲ့ဒီဇိုင်းကိုပိုင်ဆိုင်ထားတယ်လို့ဆိုနိုင်ပါတယ်။ sport car တွေရဲ့ပုံစံကိုမှီးပြီး ဒီဇိုင်းပြုထားတဲ့ GT 77 ဟာ တောင့်တောင့်တင်းတင်းနဲ့ aerodynamic ဆန်ဆန်အလှတရား ၂ခုကိုပေါင်းဖက်ပေးထားပါတယ်။

အပေါ်ဘက်မှာ lattice air exchanger ပါဝင်လို့ air flow ပိုကောင်းလာစေကာ အပူတွေကိုပိုပြီးထိန်းနိုင်လာပါတယ်။ sport car တစ်စီးလိုလှပပြီးဆွဲဆောင်မှုပိုရှိစေဖို့ Mystic Light bar ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် RGB မီးရောင်တွေဟာ ကီးဘုတ်မှာဟာမက laptop အနောက်ဘက်အထိလင်းနေစေမှာဖြစ်ပါတယ်။


စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး GT77 ဟာ ထိပ်ဆုံးနေရာမှာရှိစေဖို့ နောက်ဆုံးပေါ် 12th Gen Intel Core i9-12900HX ကိုအသုံးပြုပေးထားကာ P-Cores နဲ့ E-Cores ၈ခုစီပါဝင်ပါတယ်။ Desktop လိုစွမ်းဆောင်ရည်ကောင်းတာမို့ ယခင် 11th Gen ထက် စွမ်းဆောင်ရည် 200%ပိုမြင့်မားလာပါတယ်။ Graphics ပိုင်းအတွက်လည်း Nvidia RTX 3080Ti ကိုတပ်ဆင်ပေးထားပါတယ်။ MSI Overboost နည်းပညာကြောင့် Titan GT 77 ဟာ ထပ်ပိုးစွမ်းဆောင်ရည်ကိုရနိုင်ကာ graphics အတွက် 175W အပြင် CPU ဘက်က 75W ဆောင်းပေးနိုင်ပါတယ်။ ဒါကြောင့် 250W အထိသုံးနိုင်ပါတယ်။

စွမ်းဆောင်ရည်ကိုထိန်းထားဖို့က အပူတွေကိုရှင်းနိုင်ဖို့လိုလာပါတယ် Titan GT77 မှာ ပန်ကာ ၄လုံးနဲ့ heat pipe ၇ချောင်းပါဝင်ကာ သာမန်ထက်၂ဆပိုလာပါတယ်။



Titan GT 77 မှာ Steelseries ရဲ့ Cherry MX Switch တွေသုံးထားတဲ့ mechanical keyboard ကိုတပ်ဆင်ထားပါတယ်။ Trackpad ဟာ 60%ပိုမိုကြီးမားလာပြီး သုံးလို့ပိုကောင်းလာစေပါတယ်။ ဒီလိုစွမ်းဆောင်ရည်မြင့် laptop တွေဟာ ကြီးမားလေးလံလေ့ရှိပေမယ့် GT 77 ကို အထူ 23mm သာရှိအောင်လုပ်ထားပြီး ယခင် GT တွေထက် တစ်ဝက်လောက်ပါးတယ်လို့ဆိုနိုင်ပါတယ်။ DDR5 အထောက်အပံ့ပေးတဲ့ Memory Slot ၄ခုအပြင် SSD slot ၄ခုပါဝင်တာမို့ RAM ကို 128GB အထိတိုးနိုင်လာပါတယ်။ အချိန်ကြာကြာသုံးနိုင်ဖို့အတွက် 99.9WHr ဘက်ထရီကိုလည်းတပ်ဆင်ထားပါတယ်။ အစွမ်းထက်လှတဲ့ Hardware တွေနဲ့လိုက်အောင် display ကို 4K 120Hz panel သုံးထားပါတယ်။

Raider GE77HX နဲ့ Raider GE67HX

ဒီGE Laptop အသစ်တွေမှာ luxury ဆန်တဲ့အမြင်ကိုရဖို့ Titanium Dark gray အရောင်ကို သုံးထားပြီး လေဆာနဲ့ထွင်းထားတဲ့ MSI တံဆိပ်ကိုလည်း front cover မှာတပ်ဆင်ထားပါတယ်။ ဒီlaptop တွေမှာ ပုံမှန်အတိုင်း aurora mystic light ကိုရှေ့မှာတပ်ဆင်ထားပြီး sci-fi ပုံစံကိုခံစားရစေမှာပါ။


Raider GE Series တွေဟာ စွမ်းဆောင်ရည်ကောင်းပြီး သယ်ဆောင်ရလွယ်ကူအောင်ဖန်တီးထားပြီး နောက်ဆုံးပေါ် Intel 12th Gen HX series processor တွေနဲ့ Nvidia RTX 3080Ti graphics ကိုတပ်ဆင်ထားပါတယ်။ Overboost နည်းပညာကြောင့် 250W အထိတင်သုံးနိုင်သလို ပိုထွက်လာမယ့်အပူတွေအတွက် airflow ပိုင်းကိုပိုဂရုစိုက်ပေးထားပါတယ်။



Raider GE67HX မှာ ကမ္ဘာ့ပထမဆုံး 240Hz refresh rate ရှိတဲ့ QHD OLED display ကိုတပ်ဆင်ထားပါတယ်။ ကာလာပိုင်းအတွက် 100% DCI-P3 နဲ့ response time ကလည်း 0.2ms သာရှိပါလိမ့်။ DisplayHDR True Black 600ကြောင့် black level အတော်လေးကောင်းနေမှာပါ။

CreatorPro Series

Creator တွေအတွက် ဖန်တီးထားတဲ့ MSI CreatorPro Series အသစ်‌တွေဟာ စွမ်းအားကောင်းလှတဲ့ Mobile Work Station တွေဖြစ်ကာ 12th Gen i9 processor နဲ့ Nvidia RTX A5500ကိုတပ်ဆင်ထားပါတယ်။ မြင့်မားလှတဲ့ hardware တွေကြောင့် CAD CGI concept design architecture engineering နဲ့ construction၊ ရုပ်ရှင် special effects တွေနဲ့အခြားအလုပ်တွေကိုအေးဆေးကိုင်တွယ်နိုင်မယ်လို့ဆိုပါတယ်။ CreatorPro series တွေကို ပရော်ဖက်ရှင်နယ်တွေကလည်း ယုံကြည်မှုရှိကြပြီး AutoDesk Adobe Siemens Dassault စတဲ့ ISV 90%ကျော်က အသိအမှတ်ပြုထားတဲ့အတွက် ရှုပ်ထွေးလှတဲ့ project နဲ့ workflow တွေကို သင်ဟာကောင်းကောင်းကိုင်တွယ်နိုင်စေမှာပါ။ Creator တွေအတွက် display ဟာအသက်ဖြစ်တာကြောင့် MSI True Pixel နည်းပညာနဲ့ panel ရဲ့စွမ်းဆောင်ရည်ကိုအကောင်းဆုံးရမှာဖြစ်သလို ဒီနယ်ပယ်ထဲမှာ ပထမဆုံးအနေနဲ့ သင့်ကို panel calibration လုပ်ထားတဲ့ အဖြေကိုလည်း digital certificate နဲ့ ကြည့်ရှုခွင့်ပေးထားပါတယ်။ ဒါကို ဟောလီးဝုဒ်မှာသုံးနေတဲ့ color calibration tools ဖြစ်တဲ့ Calman က verified လုပ်ပေးထားတာဖြစ်ပါတယ်။


အကောင်းဆုံး hardware ကိုမှလိုချင်တဲ့ Creator တွေအတွက် CreatorPro X17 ဖြစ်ပြီးသူ့မှာ Intel 12th Gen Core i9-12900HX processor နဲ့ Nvidia RTX A5500 graphics ကိုတွဲဖက်ထားပေးပါတယ်။ Cooling အတွက် Titan GT 77 လို ပန်ကာ ၄လုံးနဲ့ heat pipe ၇ချောင်းပါဝင်ပါတယ်။

MSI Voice Command ဟာ VR Headset တွေအသုံးပြုချိန်မှာ အသံအတိုးအကျယ်၊ screenshot လုပ်တာ၊ ဘေးပတ်ဝန်းကျင်ကအသံကိုကြားရအောင် လုပ်တဲ့စတဲ့ အလုပ်တွေကိုကိုင်တွယ်နိုင်တာမို့ VR Headset တပ်ထားလင့်ကစား သင့်PC ကိုအဆင်ပြေပြေသုံးနိုင်စေပါတယ်။

#EnThueTech
#News #MSI

Post a Comment

0 Comments