Subscribe Us

header ads

A10 Networks ၏ Enterprise Perspective 2022 စာတမ်းတွင် zero trust၊ cloud နှင့် remote working တို့က ဒစ်ဂျစ်တယ်ခံနိုင်ရည်ရှိမှုကို တွန်းအားပေးနေသည့်အချက်များဖြစ်ကြောင်းတွေ့ရှိရသည်

Image: A10 Networks


A10 Networks ၏ Enterprise Perspective 2022 စာတမ်းတွင် zero trust၊ cloud နှင့် 
remote working တို့က ဒစ်ဂျစ်တယ်ခံနိုင်ရည်ရှိမှုကို 
တွန်းအားပေးနေသည့်အချက်များဖြစ်ကြောင်းတွေ့ရှိရသည်။

အာရှပစိဖိတ်‌‌ဒေသတွင် လုပ်ငန်းအဖွဲ့အစည်းများသည် ဒစ်ဂျစ်တယ်ခံနိုင်ရည်ရှိမှုအပေါ် 
 စိုးရိမ်စိတ်မြင့်တက် နေကြသည်။

ဇွန်လ ၈ရက် ၂၀၂၂ ခုနှစ်၊ စင်ကာပူ

A10 Networks (NYSE: ATEN) သည် ကိုဗစ်-၁၉ကပ်ရောဂါနှင့်အတူ ယနေ့ကပ်ရောဂါအလွန်ကာလတွင် ကပ်ရောဂါနှင့်ယှဉ်တွဲနေထိုင်ရင်းနှင့် အနာဂတ်၏ နည်းပညာလိုအပ်ချက်များကို‌ မည်သို့ပုံဖော်လာကြမည့် အကြောင်းများအပြင် စီးပွား‌‌ရေးလုပ်ငန်းများ၏ စိန်ခေါ်မှုများနှင့် ကပ်ရောဂါ အလွန်တွင် ဦးစားပေးရမည့် အချက်များအကြောင်း ကမ္ဘာတစ်ဝှမ်းတွင်သုတေသနပြုထားသည့် စာတမ်းကို ထုတ်‌ဖော်ပြသခဲ့ပါသည်။

အာရှပစိဖိတ်ဒေသ၏ ကော်ပိုရိတ်အဖွဲ့အစည်းပေါင်း (၂၂၅)ခုကို စာရင်းကောက်ယူမှုများအရ လုပ်ငန်း ၉၅ % ခန့်သည် ဒစ်ဂျစ်တယ်အကာအကွယ်များ ကြီးကြီးမားမားလိုအပ်လျက်ရှိကြောင်း ညွှန်းဆိုနေပါသည်။ စိုးရိမ်မှု အဆင့်အားလုံးတွင် security tools များကို ပိုမိုကောင်းမွန်စွာဖန်တီးရင်းဖြင့် အသုံးပြုသူများအား ၎င်းတို့၏ ဂေဟစနစ်ကို လွယ်ကူလုံခြုံစွာရယူရင်း ပိုမိုထူးကဲသည့် အတွေ့အကြုံကို ပေးစွမ်းနိုင်စေရန် ဖြစ်ပါသည်။ ထပ်ဆောင်းဆိုရလျှင် အဖွဲ့အစည်းများသည် IPv4 မှ IPv6 ကို ပြောင်းလဲဝန်ဆောင်မှုပေးရာတွင် ၎င်းတို့၏ လုပ်ငန်းတွင်းစွမ်းဆောင်ရည်များအပေါ် အလွန်စိုးရိမ်မကင်းဖြစ်လျက်ရှိသလို လုံခြုမှုနှင့်ထိရောက်မှုတို့ ဟန်ချက်ညီရန် အရေးကြီးကြောင်းလည်း သတိပြုမိကြလေသည်။

နှစ်သက်စရာရပ်ဝန်းဖြစ်သည့် Private Cloud

ဖြေကြားသူများအနေဖြင့် ရင်ဆိုင်ရသောစိန်ခေါ်မှုမှာ တိုးပွားလာသော ကွန်ယက်များဖြစ်ကာ ၈၁ % သော အာရှပစိဖိတ်ဒေသရှိစီးပွားရေးလုပ်ငန်းများသည် လွန်ခဲ့သည့်(၁၂)လအတွင်း network traffic များ များပြားလာ ခဲ့သည်ဟုဆိုပါသည်။ ထိုသို့တိုးတက်မှုနှုန်းသည် တစ်ကမ္ဘာလုံး၏ ၄၇ % နှင့်နှိုင်းယှဉ်ပါက ၃၉ % ခန့် ပျမ်းမျှ တိုးတက်လာသည်ဟုဆိုရမည်ဖြစ်ပါသည်။

အနာဂတ် network ရပ်ဝန်း‌အကြောင်းမေးမြန်းသည့်အခါ ၇၅ % သော အာရှပစိဖိတ်စီးပွားရေးလုပ်ငန်းများသည် Cloud အခြေပြုလာမည်ဟုဖြေကြားခဲ့ကာ ၃၃ % ခန့်သည် private cloud ကိုနှစ်သက်ကြောင်း ဖြေကြားခဲ့ ပါသည်။ သို့သော် လုပ်ငန်းပေါင်း ၄၈ % ခန့်ကမူ ၎င်းတို့၏ cloud service provider များကို ဖော်ပြခဲ့ခြင်းမပြု သော်လည်း ၎င်းတို့လိုလားသည့် SLA များကိုဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းမရှိဟု ဖော်ပြကြလေသည်။

Enterprise Perspective 2022 ကို လွတ်လပ်သော သုတေသနအဖွဲ့အစည်းဖြစ်သည့် Opinion Matters မှ ကောက်ယူခဲ့ခြင်းဖြစ်ကာ ယူကေ၊ ဂျာမဏီ၊ ဥရောပတောင်ပိုင်း(အီတလီနှင့်ပြင်သစ်)၊ အရှေ့ဥရောပ နိုင်ငံများ၊ Benelux နိုင်ငံများ(နယ်သာလန်နှင့် ဘယ်ဂျီယံ)၊ နော့ဒစ်နိုင်ငံများ(ဖင်လန်၊ နော်ဝေနှင့် ဆွီဒင်)၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာရှပစိဖိတ် စသည့်ဒေသ(၁၀)ခုရှိ ဖြေကြားသူပေါင်း (၂၄၂၅)ဦးနှင့် network professional များထံမှ ကောက်ယူပေးထားခြင်းဖြစ်ပါသည်။

ယခုသုတေသနသည် စီးပွားရေးလုပ်ငန်းကြီးများ၏ စိန်ခေါ်မှုများ၊ စိုးရိမ်မှုများနှင့် အမြင်များကို သိရှိနားလည် စေရန်ဖြစ်ပြီး ၎င်းတို့၏ အိုင်တီမဟာဗျူဟာနှင့် အခြေခံအဆောက်အဦများကို ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းနှင့် ပေါင်းစပ်လုပ်ငန်းခွင်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်နိုင်စေရေးအတွက် ကောက်ယူခဲ့ခြင်း ဖြစ်လေသည်။

တိုးပွားလာသော ဆိုက်ဘာတိုက်ခိုက်မှုများ

ပြင်းထန်လာသည့် ခြိမ်းခြောက်မှုပုံစံကြောင့် စိုးရိမ်ပူပန်မှုများစွာဖြစ်ပေါ်လာစေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါ။ အခြားနေရာဒေသများနှင့် နှိုင်းယှဉ်ပါလျှင် အာရှပစိဖိတ်ဒေသရှိ ဖြေဆိုသူများအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှု ကြောင့် ဒေတာဆုံးရှုံးမှုနှင့် အရေးကြီးဒေတာများပေါက်ကြားမည်ကို ပိုမိုစိုးရိမ်ပူပန်ကြကြောင်း ပြောဆိုခဲ့ကြ ပါသည်။ အခြားစိုးရိမ်မှုများမှာမူ ransomware များ၊ DDos တိုက်ခိုက်ခံရချိန် downtime (သို့) lockdown ဖြစ်ခြင်းများက မိမိတို့၏ အမှတ်တံဆိပ်နှင့် ဂုဏ်သတင်းအပေါ် ထိခိုက်သက်‌ရောက်နိုင်ခြင်းတို့လည်း ပါဝင်ပါသည်။

ထိုသို့စိုးရိမ်ထိတ်လန့်မှုများကို တုံ့ပြန်ရန်အတွက် Zero Trust ကိုသိသာစွာ‌ ပြောင်းလဲချဉ်းကပ်လာကြပြီး အာရှပစိဖိတ်ဒေသရှိ ၃၉ % သော စီးပွားရေးလုပ်ငန်းများက လွန်ခဲ့သည့်(၁၂)လအတွင်း Zero Trust ပုံစံကို ပြောင်းလဲခဲ့ပြီးဖြစ်သည်ဟု သုတေသနစာတမ်းက ဆိုထားပါသည်။

လူနေမှုဘဝပုံစံသစ်သည် ပုံစံဟောင်းနှင့် ဆင်တူလိမ့်မည်

ယခုအခါ အိမ်တွင်လုပ်ကိုင်ခြင်းနှင့် အဝေးတစ်နေရာမှ အလုပ်လုပ်နိုင်ရန် အခြေခံအဆောက်အအုံများကို ပြုပြင် ပြောင်းလဲမှုများရှိလာသည်ဟုဆိုနိုင်သော်လည်း စစ်တမ်းကောက်ယူထားသည့်အချက်အလက်များအရ ၆၃ % သော အာရှပစိဖိတ်ဒေသရှိလုပ်ငန်းများ၏ ဝန်ထမ်းအားလုံး (သို့) အားလုံးနီးပါးသည် ရေရှည်တွင် ရုံး၌သာအလုပ်လုပ်ကြ လိမ့်မည်ဟု ဆိုကြပြီး အချက်အလက်ကောက်ယူရရှိထားခဲ့သည့်အခြားဒေသများအားလုံးနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ ၆၂ % ရှိကြောင်းသိရှိရပါသည်။ လူနည်းစု (သို့ ) မည်သည့်ဝန်ထမ်းများမှ ရုံးတွင်အလုပ်လုပ်မည်မဟုတ်ဘဲ အများစုမှာ အဝေးမှသာ လုပ်ကိုင်မည်ဖြစ်ကြောင်းကိုမူ ၁၄ % ခန့်ကသာ ဆိုထားပါသည်။ ဤသည်မှာ လူနေမှုဘဝ ပုံစံဟောင်းသို့ ပြန်လည်အခြေချရာတွင် ဖြေဆိုသူနှင့် network professional များက မျှော်မှန်းထားသကဲ့သို့ အမြဲတမ်း hybrid စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ရုတ်ချည်းပြောင်းလဲသွားမည်ဟု ခန့်မှန်းချက်များနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်လေသည်။

A10 Networks မှ A10 International ၏ ဒုတိယဥက္ကဌဖြစ်သူ Anthony Webb က "ကမ္ဘာကြီးဟာ လုံးလုံးလျားလျားပြောင်းလဲခဲ့ပြီ" ဟု ဆို‌လေသည်။ "ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဟာ မျှော်မှန်းထားတာ ထက်ပိုမြန်ဆန်နေပါတယ်။ ဒါပေမယ့် ဒီအကျပ်အတည်းကာလက ရုန်းထွက်လာနိုင်တာနဲ့အမျှ အဖွဲ့အစည်းတွေဟာ ဒစ်ဂျစ်တယ်ခံနိုင်ရည်တိုးပွားဖို့၊ Cloud ကိုအခြေခံကာ ကာကွယ်မှုတွေ အားကောင်းဖို့ အာရုံစိုက်လာကြပါလိမ့် မယ်။ ဝန်ထမ်းတွေအလုပ်ကို သက်တောင့်သက်သာနဲ့ လုပ်ကိုင်နိုင်ဖို့ ရှင်းလင်းစွာလိုအပ်နေပါပြီ။ ဒါ့အပြင် Zero Trust ပုံစံကိုသွားနေပြီဆိုတာကိုလည်း သိသိသာသာမြင်လာနေရပါတယ်။ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက် လာနိုင်တာဟာ စိုးရိမ်မှုပြင်းထန်တဲ့ အိုင်တီပရော်ဖက်ရှင်နယ်တွေမှာ လုံခြုံရေး၊ cloud နဲ့ ဒစ်ဂျစ်တယ်ခံနိုင်ရည်ရှိမှု တွေကြောင့်အပြင် သူတို့ရဲ့ အိုင်တီစနစ်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်မှုတွေကြောင့်ပါ" ဟုဆိုပါသည်။

နည်းပညာဆိုင်ရာ ဦးစားပေးရင်းနှီးမြုပ်နှံမှုများ

ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဦးစားပေးသတ်မှတ်ချက်များတွင် Artificial Intelligence နှင့် Machine Learning ဆိုင်ရာ နည်းပညာတို့ဟာ အတော်ပင်ရင့်သန်လာခဲ့ပြီဖြစ်ပါသည်။ ၅၂ % သော အာရှပစိဖိတ်စီးပွားရေးအဖွဲ့အစည်းများတွင် လွန်ခဲ့သည့် (၁၂)လအတွင်း အဆိုပါနည်းပညာများကို အသုံးချလာခဲ့ကြကြောင်းဆိုပါသည်။ ထို့အပြင် ၄၅ % ခန့်က blockchain နည်းပညာများကို အကောင်အထည်ဖော်လာခဲ့ကြသလို ၄၂ % ခန့်က ၎င်းတို့၏ စီးပွားရေးလုပ်ငန်း ဆောင်တာများကို ကူညီရန် Internet of Things (IoT) ကိရိယာများကိုအသုံးချခဲ့ကြသည်ဟု ဆိုကြ ပါသည်။

လာမည့်နှစ်များအတွင်း မည်သည့်နည်းပညာသည် လုပ်ငန်းခံနိုင်ရည်တိုးတက်ရန် ဆောင်ရွက်နိုင်မည်လဲ ဟု မေးသောအခါ metaverse နည်းပညာများက ထိပ်ဆုံးမှ ဦးဆောင်နေကာ Artificial Intelligence၊ Machine Learning နဲ့ blockchain နည်းပညာတို့က နောက်မှလိုက်လျက်ရှိသည်ဟု သိရှိရပါသည်။

အနာဂတ်ကိုကြည့်မည်ဆိုပါက ဆိုက်ဘာလုံခြုံရေးအစပျိုးမှုကို လက်ခံကျင့်သုံးမှုမြင့်မားလာပြီး ၎င်းတွင် Zero Trust ပုံစံများလည်း ပါဝင်ပါသည်။ အကောင်အထည်ဖော်မှုပိုမိုကျယ်ပြန့်လာမည်ဟုယူဆရပြီး အာရှပစိဖိတ်ရှိ စီးပွားရေးလုပ်ငန်းများသည် အကျိုး‌ကျေးဇူးများကို ပိုမိုသိရှိလာခဲ့ပါသည်။ လေ့လာမှုအရ လာမည့်နှစ်များအတွင်း အာရှပစိဖိတ်ရှိလုပ်ငန်းများပေါ်တွင် ကျရောက်နေသောဖိအားများမှ သက်သာနိုင်ရန်မရှိသေးကြောင်း ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါသည်။

"တိုးပွားလာတဲ့ ခြိမ်းခြောက်မှု‌တွေ၊ ကပ်ရောဂါအလွန်ဘေးထွက်ဆိုးကျိုး၊ လက်ရှိ ရုရှား-ယူကရိန်းပဋိပက္ခ၊ စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွတာတွေ ထည့်မတွက်ထားရင်တောင် စီးပွားရေးလုပ်ငန်းတွေ ဟာ စဉ်းစားစရာကိစ္စတွေ တပုံတပင်ရှိနေပါတယ်။ ဒီကိစ္စတွေကို‌ ဖြေရှင်းဖို့ရာ ကုမ္ပဏီတွေအနေနဲ့ automation နဲ့ အလိုအလျောက်ကာကွယ်မှုလုပ်နိုင်သလို ကာကွယ်ရေးနဲ့ ဘက်စုံအခြေခံအဆောက်အဦတွေ ဟန်ချက်ညီညီ သွက်လက်နေစေတဲ့ Zero Trust လို ခေတ်မီနည်းပညာတွေမှာ ရင်းနှီးမြုပ်နှံရမှာဖြစ်ပါတယ်" ဟု Webb က နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

Enterprise Perspective 2022: Zero Trust, Cloud and Remote Work Drive Digital Resiliency စာတမ်းအပြည့်အစုံကို ရယူရန် (နှိပ်ပါ)

Image: A10 Networks

A10 Networks အကြောင်း

A10 Networks (NYSE: ATEN) သည် လုံခြုံစိတ်ချရသော application ဝန်ဆောင်မှုများ၊ multi-cloud၊ edge-cloud များကို hyperscale အဆင့် ဆောင်‌ရွက်ပေးနေပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဝန်ဆောင်မှုပေးသူ များ နှင့် စီးပွားရေးလုပ်ငန်းများအား လုံခြုံစိတ်ချရသော၊ အလွယ်တကူရရှိနိုင်သော၊ multi-cloud အသွင်ပြောင်း ခြင်းနှင့် 5G အတွက် အဆင်သင့်ဖြစ်ခြင်းတို့အတွက် အရေးကြီးသောစီးပွားရေးဆိုင်ရာ အက်ပလီကေးရှင်းများကို ထောက်ပံ့ပေးရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ဖောက်သည်များအတွက် ရင်းနှီးမြုပ်နှံမှုကာကွယ်ရေး၊ လုပ်ငန်းပုံစံသစ်များနှင့် အနာဂတ်အတွက် အဆင်သင့်ဖြစ်သော အခြေခံအဆောက်အအုံများကို ထောက်ပံ့ပေးခြင်း အားဖြင့် ကျွန်ုပ်တို့၏ ဖောက်သည်များကို အလုံခြုံဆုံးရရှိနိုင်သည့် ဒစ်ဂျစ်တယ် အတွေ့အကြုံကို ခံစားနိုင်‌စေကာ ယုံကြည်စိတ်ချမှုပေးနိုင်ရန်ဖြစ်ပါသည်။

A10 Networks ကို ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Jose တွင်အခြေစိုက်ကာ ကမ္ဘာတစ်ဝှမ်းဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ‌အသေးစိတ်သိလိုပါက www.a10networks.com နှင့် Twitter တွင် @A10Networks ကို follow လုပ်ထားနိုင်ပါသည်။

Post a Comment

0 Comments