သင့်အနေနဲ့ HDD ပါတဲ့ laptop သို့ desktop ကိုဝယ်ယူဖို့စဥ်းစားနေပါသလား။ Microsoft ကတော့ ဒီလိုမစဉ်းစားစေချင်တော့ပါဘူး။ မကြာခင်ကသိရှိထားတဲ့သတင်းတွေအရ Microsoft ဟာ OEM တွေကို SSD ကိုသာ boot drive အဖြစ်အသုံးပြုသွားဖို့တွန်းအားပေးနေတယ်လို့ဆိုပါတယ်။ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်က ၂၀၂၃ခုနှစ်လို့သိရပြီး နောက်ပိုင်းမှာ HDD သာပါတဲ့ laptop သို့ desktop တွေကို Windows လိုင်စင်ရောင်းချပေးမှာမဟုတ်တော့ဘူးလို့ဆိုပါတယ်။ PC ထုတ်လုပ်သူအတော်များများကတော့ SSD တွေတပ်ဆင်ထားပေးလေ့ရှိပေမယ့် စံနှုန်းတစ်ခုအဖြစ်သတ်မှတ်မထားရသေးတာဖြစ်ပါတယ်။
တရားဝင်ထုတ်ပြန်ထားချက်အရ Windows 11 ဟာ အနည်းဆုံး 64GB လိုအပ်ကြောင်းသာရေးထားပြီး ဘယ်လိုstorage ဖြစ်ရမယ်ဆိုတာကို သတ်မှတ်မထားပါဘူး။ Microsoft ဟာ ယခင် Windows အသုံးပြုသူတွေကိုလည်း Windows 11 ကိုပြောင်းသုံးဖို့တွန်းအားပေးနေတာဖြစ်ပါတယ်။Source: PCWorld
#EnThueTech
#News
#Microsoft
0 Comments