![]() Image: Frie Press, Reuters |
ဂျာမန်မီဒီယာများရဲ့အဆိုအရ Intel ဟာ သူတို့ရဲ့ Magdeburg Fab စက်ရုံအတွက် ယူရို ၆.၈ ဘီလီယံ ထောက်ပံ့ရရှိမယ်လို့ ဖော်ပြကြပါတယ်။ ယူရို ၂.၇ဘီလီယံကို ၂၀၂၂ခုနှစ် ဖက်ဒရယ်ဘက်ဂျက်အတွက်သတ်မှတ်ထားရှိထားပြီးဖြစ်ကာ လက်ကျန်ငွေကြေးတွေကို ၂၀၂၃နဲ့ ၂၀၂၄ခုနှစ်တွေမှာရရှိမှာဖြစ်ပါတယ်။ ဘက်ဂျက်ခွဲဝေချထားမှုကိုကြေညာခဲ့တဲ့ ဂျာမနီဖက်ဒရယ်လွှတ်တော် Bundestag ရဲ့ အမတ် Martin Kröber က Magdeburg မှာ Intel ရဲ့ စက်ရုံတည်ထောင်ခြင်းဟာ ဆက်စ်ဆိုနီ-အန်းဟော့တ်ဒေသတစ်ခုလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်လာမှာဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။
Intel ဟာ Magdeburg မှာ ယူရို ၃၃ဘီလီယံကျော်ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပြီး ဂျာမန်အစိုးအရအနေနဲ့ စုစုပေါင်းရင်းနှီးမြုပ်နှံမှုရဲ့ ၅ပုံ၁ပုံကို မြှင့်တင်ရင်းနှီးမှာဖြစ်ပါတယ်။ ပထမဆုံး Fab စက်ရုံကို ယူရို ၁၇ ဘီလီယံနဲ့လောက်နဲ့စတင်မှာဖြစ်ပြီး Intel ဟာ နောက်ထပ် Fab နှစ်ခုလောက်ထပ်ဆောက်ဖို့ နေရာကိုလည်းရွေးချယ်ထားပြီးဖြစ်ပါတယ်။ Fab စက်ရုံကနေ ချစ်ပ်တွေကို ၂၀၂၇လောက်မှာစတင်ထုတ်လုပ်နိုင်မယ်လို့ခန့်မှန်းရပါတယ်။Source: Techpowerup
#EnThueTech
#News
#Semiconductors
0 Comments