Video Electronics Standards Association(VESA) ဆိုတာ ဗီဒီယိုအီလက်ထရောနစ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားပြီး ဗီဒီယိုအီလက်ထရောနစ်နယ်ပယ်မှာ စံနှုန်းသတ်မှတ်ချက်တွေဖန်တီးပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
အခုဆိုရင် VESA ဟာ Gaming နဲ့ Media Playback အတွက် Variable Refresh Rate (VRR) စံနှုန်းအသစ်တွေဖန်တီးထားကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

VESA Media Sync Standard အကောင်းဆုံး media playback အတွက်ဖြစ်ပါတယ်။ ဒီနည်းပညာဟာ display နဲ့ ဗီဒီယိုတွေအကြားမှာ refresh rate မတူညီတဲ့အချိန် ရုပ်တွေထစ်တာ တုန်ခါတာတွေကို လျော့နည်းစေဖို့ပဲဖြစ်ပါတယ်။ ဒီ Media Sync certified ဖြစ်ဖို့ မြင့်မားတဲ့ refresh rate ရှိတဲ့ gaming screen တွေရဲ့ Adaptive Sync လောက်မတင်းကျပ်ပါဘူး။
VESA Adaptive Sync Standard မှာတော့ VESA ဟာ G2G စွမ်းဆောင်ရည်၊ VRR range နဲ့ အခြားအရာတွေအတွက် စံနှုန်းသတ်မှတ်ချက်တွေပေးသွားမှာပါ။ ဒီသတ်မှတ်ချက်တွေထဲမှာ display တွေရဲ့ overshot/undershot limit တွေနဲ့ framedrop ဖြစ်တာတွေပါဝင်ပါတယ်။ အနည်းဆုံး VRR Range 60-144Hz အထိရှိရတဲ့ Low Framerate Compensation (LFC) ဟာလည်းဒီသတ်မှတ်ချက်ထဲအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်လာပါတယ်။
အဆိုပါစံနှုန်းသတ်မှတ်ချက်တွေဟာ ထုတ်လုပ်သူတွေအနေရဲ့ အကောင်းဆုံးအချက်တွေကိုမှရွေးပြီးဖော်ပြခြင်းကနေကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အချို့နေရာတွေမှာ display ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ G2G စွမ်းဆောင်ရည်ပိုကောင်းစေဖို့ ကြိုတင်အပူပေးတာမျိုးတွေရှိတာကြောင့်ဖြစ်ပါတယ်။ VESA အနေနဲ့ ဒီစနစ်သစ်ကြောင့် Gaming Monitor အသစ်တွေကို စတင်အသုံးပြုချိန်မှာပဲ ပိုမိုကောင်းမွန်တဲ့ခံစားမှုအ တွေ့အကြုံကို ပေးစွမ်းစေလိုတာဖြစ်ပါတယ်။
Source: OC3D
0 Comments