Microsoft Flight Simulator ကိုဖန်တီးသူဖြစ်တဲ့ Asobo Studio ဟာ လွန်ခဲ့တဲ့အပတ်က အမေးအဖြေအစီyစဉ်တစ်ခုမှာ Microsoft Flight Simulator ဂိမ်းရဲ့ Update 10 မှာ DLSS နဲ့ FSR ကို အထောက်ပံ့ပေးလာမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Asobo ဟာ FSR ရဲ့ update version ဖြစ်တဲ့ FSR2.0 အထောက်ပံ့ပေးဖို့ဆောင်ရွက်နေတယ်လို့သိရပြီး ဘယ်အချိန်ရမလဲဆိုတာကိုတော့မပြောခဲ့ပါဘူး။ FSR 2.0 ဟာ 1.0တုန်းကလိုပဲ machine learning ကိုအခြေမခံထားပါဘူး။ အောက်မှာ resolution အလိုက် FSR 2.0 ကိုအသုံးပြုနိုင်မယ့် GPU စာရင်းကိုကြည့်နိုင်ပါတယ်။
0 Comments